မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ

 

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၁ ။)

 

၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်

 

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

၁။ ဤဥပဒေကို မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ဟုခေါ်တွင်စေရမည်။

 

၂။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၂ တွင်(က) ပုဒ်မခွဲ (၂) ၏ နောက်တွင် ပုဒ်မခွဲ (ဏ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်“(ဏ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။”

 

( ခ ) ပုဒ်မခွဲ (ဏ)၊ (တ)၊ (ထ) နှင့် (ဒ) တို့ကို ပုဒ်မခွဲ (တ)၊ (ထ)၊ (ဒ) နှင့် (ခ) တို့အဖြစ် ပြန်လည်အမှတ်စဉ်ရမည်။

 

၃။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၂ တွင် ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ (တ) ၌ ပါရှိသော “သတ္တုတွင်းဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ )

 

၄။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (က) တွင်ပါရှိသော “အစိုးရ၏” ဆိုသည့် စကားရပ်ကို “နိုင်ငံတော်အစိုးရ၏” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

၅။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်“(ဃ) ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ခွင့်ပြုမိန့်ရရှိသူသည် ဝန်ကြီးဌာနက သတ်မှတ်ထားသည့် အခကြေးငွေများကို မြန်မာငွေဖြင့် သတ်မှတ်ချက်များနှင့်အညီ ပေးဆောင်ရမည်။”

 

၆။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဈ) ကို အောက်ပါအတိုင်း အစားထိုးရမည်“( ဈ )သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရမည်။”

 

၇။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်“(က) အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မုတ်ကောင်ငုပ်ကွက်များကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။”

 

၈။ မြန်မာ့ပုလဲလုပ်ငန်း ဥပဒေ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည် – “(ဂ ) နိုင်ငံ့ဝန်ထမ်းမဟုတ်သော တန်ဖိုးဖြတ်အဖွဲ့ဝင်များသည် ဝန်ကြီးဌာနက သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိခြင်း။”

 

၉။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၃၉ ကို အောက်ပါအတိုင်း အစားထိုးရမည် – “၃၉။ ဝန်ကြီးဌာနသည် ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအား ခွင့်ပြုမိန့်ရရှိသူနှင့် ထုတ်လုပ်မှုအပေါ် မျှဝေခံစားသောလုပ်ငန်း သို့မဟုတ် ဝန်ကြီးဌာနမှ သတ်မှတ်သော ပူးပေါင်း ဆောင်ရွက်မှုနည်းလမ်းဖြင့် လုပ်ငန်း လုပ်ကိုင်ခြင်းအတွက် စာချုပ်များကို ချုပ်ဆိုဆောင်ရွက်ခွင့် ပြုနိုင်သည်။”

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ဝင်းမြင့်

 

နိုင်ငံတော်သမ္မတ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။