တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၁ ။)

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၈ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (က)၊ ပုဒ်မ ၃ ပုဒ်မခွဲ (၁)၊ ပုဒ်မ ၈ ပုဒ်မခွဲ(၂) ၏ ခြေဆင်း၊ ပုဒ်မ ၈ ပုဒ်မခွဲ (၂) ပုဒ်မခွဲငယ်(က)နှင့်(ခ)၊ ပုဒ်မ ၈ ပုဒ်မခွဲ (၅)နှင့် (၆)၊ ပုဒ်မ ၉ ပုဒ်မခွဲ (၁)၊ ပုဒ်မ ၉ ပုဒ်မခွဲ(၂) ပုဒ်မခွဲငယ် (ခ)၊ (ဂ)နှင့်(ဃ)၊ ပုဒ်မ ၁၀ ပုဒ်မခွဲ (၁) နှင့် (၂)၊ ပုဒ်မ ၁၂၊ ပုဒ်မ ၁၃ ပုဒ်မခွဲ (၁)၊ ပုဒ်မ ၁၃ ပုဒ်မခွဲ (၃) ပုဒ်မခွဲငယ် (က)၊ ပုဒ်မ ၁၃ ပုဒ်မခွဲ (၅)၊ ပုဒ်မ ၁၄ ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (ခ)၊ ပုဒ်မ ၁၅ ပုဒ်မခွဲ (စ) နှင့် ပုဒ်မ ၁၆ တို့တွင်ပါရှိသော “တရားလွှတ်တော်” ဆိုသည့် စကားရပ်များကို “ပြည်ထောင်စုတရားလွှတ်တော်ချုပ်” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။ ၃။ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေတွင် ပါရှိသော “ရှေ့နေချုပ်” ဆိုသည့် စကားရပ် များကို “ပြည်ထောင်စုရှေ့နေချုပ်” ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။ ၄။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (၂) တွင်ပါရှိသော “ရန်ကုန်မြို့” ဆိုသည့်စကားရပ်ကို “နေပြည်တော်” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။ ၅။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၄ကို အောက်ပါအတိုင်း အစားထိုးရမည် – “၄။ တရားလွှတ်တော်ရှေ့နေများကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် – (က) ပြည်ထောင်စုရှေ့နေချုပ်၊

ဥက္ကဋ္ဌ ( ခ ) ပုဒ်မခွဲ (င) အရ ရွေးကောက်တင်မြှောက်ခံရသည့် တရား ဒုတိယဥက္ကဋ္ဌ

လွှတ်တော်ရှေ့နေများက ယင်းတို့ထဲမှ ရွေးကောက်တင်မြှောက်သည့်

တရားလွှတ်တော်ရှေ့နေတစ်ဦး၊ (ဂ) ပြည်ထောင်စုတရားသူကြီးချုပ်က အမည်စာရင်းတင်သွင်းသော အဖွဲ့ဝင်များ

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး နှစ်ဦး၊ (ဃ) ဒုတိယရှေ့နေချုပ်၊

အဖွဲ့ဝင်(င) တရားလွှတ်တော်ရှေ့နေများက သတ်မှတ်ချက်နှင့်အညီ ရွေးကောက် အဖွဲ့ဝင်များ

တင်မြှောက်သည့် တရားလွှတ်တော်ရှေ့နေလုပ်သက် အနည်းဆုံး

၁၅ နှစ် ရှိတရားလွှတ်တော်ရှေ့နေ ၁၁ ဦး၊ (စ) ပုဒ်မခွဲ(င)အရ ရွေးကောက်တင်မြှောက်ခံရသည့် တရားလွှတ်တော် အတွင်းရေးမှူး

ရှေ့နေများက ယင်းတို့ထဲမှ ရွေးကောက်တင်မြှောက်သည့် ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ပြီးသူမှအပဖြစ်သည့် တရားလွှတ်တော်

ရှေ့နေတစ်ဦး။ ၆။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေတွင် ပယ်ဖျက်ထားသော ပုဒ်မ ၅ ကို အောက်ပါ အတိုင်း အစားထိုးရမည် –

“၅။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ပါကိစ္စရပ်များအတွက် တရားလွှတ်တော် ရှေ့နေများကောင်စီ၏ သဘောထားမှတ်ချက်ကိုရယူ၍ ဤအက်ဥပဒေနှင့်အညီ နည်းဥပဒေများ ထုတ်ပြန်နိုင်သည် – (က) တရားလွှတ်တော်ရှေ့နေများကောင်စီတွင် အဖွဲ့ဝင်များအဖြစ် တရားလွှတ်တော်

ရှေ့နေများထဲမှ ရွေးကောက်တင်မြှောက်နိုင်ရန် ရွေးကောက်ပွဲကျင်းပခြင်း

နှင့် လစ်လပ်နေရာ ဖြည့်စွက်ခြင်းနည်းလမ်းများ၊ (ခ) ရွေးကောက်ပွဲကျင်းပရာတွင် ပေါ်ပေါက်သည့် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍

ဆုံးဖြတ်ဆောင်ရွက်မည့် နည်းလမ်းများ၊ ( ဂ) တရားလွှတ်တော်ရှေ့နေများကောင်စီတွင် ရာထူးအလျောက် အဖွဲ့ဝင်ဖြစ်သူ

မဟုတ်သည့် အမည်စာရင်းတင်သွင်းခံရသူနှင့် ရွေးကောက်ခံရသူများ၏ ရာထူး

သက်တမ်းသတ်မှတ်ခြင်း၊ (ဃ) တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးများ ကျင်းပခြင်းနှင့်

အစည်းအဝေးအထမြောက်ခြင်းကိစ္စရပ်များ၊ (c) တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့

ရွေးကောက်တင်မြှောက်ခြင်းနှင့် ရာထူးသက်တမ်း သတ်မှတ်ခြင်း။” ၇။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၇ ၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည် –

“၇။ တရားလွှတ်တော်ရှေ့နေများကောင်စီသည် ဤအက်ဥပဒေနှင့် ဤအက်ဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေများနှင့်အညီ အောက်ပါကိစ္စရပ်များအတွက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်-” ၈။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (၁) ကို အောက်ပါအတိုင်း အစားထိုးရမည် – “၈။(၁) ဤအက်ဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားလွှတ်တော်ရှေ့နေများ

စာရင်းတွင် စာရင်းသွင်းထားခြင်းမရှိလျှင် မည်သူမျှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တို့တွင် လိုက်ပါဆောင်ရွက်ခွင့်

မရှိစေရ။”

၉။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၉ တွင်ပါရှိသော “နည်းဥပဒေများ” ဆိုသည့် စကားရပ်၏နောက်တွင် “ အမိန့်ကြော်ငြာစာ” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။ ၁၀။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (၂) တွင်ပါရှိသော “တရား လွှတ်တော် တရားသူကြီးချုပ်” ဆိုသည့်စကားရပ်ကို “ပြည်ထောင်စုတရားသူကြီးချုပ်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ ၁၁။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၁၄ တွင်(က) ပုဒ်မခွဲ(၁)၊ ပုဒ်မခွဲငယ်(က)ကို အောက်ပါအတိုင်း အစားထိုးရမည် – “(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား

လွှတ်တော်တို့တွင် ” ၊ ( ခ) ပုဒ်မခွဲ (၂) ကို အောက်ပါအတိုင်း အစားထိုးရမည် – “(၂) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပုဒ်မ ၁၅ အရ နည်းဥပဒေများထုတ်ပြန်ရာ

တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တို့တွင် လိုက်ပါဆောင်ရွက်ခွင့်ပြုနိုင်သော တရားလွှတ်တော် ရှေ့နေများလိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ရမည်။ အဆိုပါ တရားလွှတ်တော်ရှေ့နေများသည် ယင်းစည်းကမ်းချက်များနှင့်အညီမှတစ်ပါး

အမှုလိုက်ပါဆောင်ရွက်ခွင့် မရှိစေရ။” ၁၂။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၁၅ တွင် – (က) ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည် –

“၁၅။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ပါကိစ္စရပ်များအတွက် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ သဘောထားမှတ်ချက်ကိုရယူ၍ ဤအက်ဥပဒေ

နှင့်အညီ နည်းဥပဒေများ ထုတ်ပြန်နိုင်သည် ” ( ခ) ပုဒ်မခွဲ (ခ)ကို အောက်ပါအတိုင်း အစားထိုးရမည် – “( ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား

လွှတ်တော်တို့တွင် တရားလွှတ်တော်ရှေ့နေများ အမှုလိုက်ပါဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ” (ဂ) ဘေးမှတ်စုကို အောက်ပါအတိုင်း အစားထိုးရမည် –

“တရားလွှတ်တော်ရှေ့နေများ၏ အခွင့်အရေးနှင့်တာဝန်များ” ၁၃။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေတွင် ပယ်ဖျက်ထားသော ပုဒ်မ ၁၉ ကို အောက်ပါ အတိုင်း အစားထိုးရမည်

“၁၉။ တရားလွှတ်တော်ရှေ့နေများကောင်စီသည် နေပြည်တော်တွင် ရုံးစိုက်သည်။” ၁၄။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၁၉ ၏ နောက်တွင် ပုဒ်မ ၂၀၊ ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် –

“၂၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။ ၂၁။ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်သည် တရားလွှတ်တော်ရှေ့နေများ

ကောင်စီရုံးအဖွဲ့ကို တာဝန်ခံရမည်။ ၂၂။ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် တရားလွှတ်တော်ရှေ့နေ များကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ စရိတ်များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။