ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၉ ။)

၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဥပဒေ ဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် –

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။ (ခ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ

အဖွဲ့ကို ဆိုသည်။ (ဂ) ကျေးလက်ဒေသ ဆိုသည်မှာ သက်ဆိုင်ရာ မြို့နယ်နိမိတ်၊ မြို့စည်ပင်သာယာရေး

နယ်နိမိတ်နှင့် တပ်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အဖြစ် သတ်မှတ်ထားသော နယ်မြေတွင် ပါဝင်ခြင်းမရှိသော ကျေးရွာ သို့မဟုတ် ကျေးရွာအုပ်စုအဖြစ် သတ်မှတ်ဖွဲ့စည်းသည့်

နယ်မြေအားလုံးကို ဆိုသည်။ (ဃ) အခြေခံအဆောက်အအုံ ဆိုသည်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သော

အခြေခံပစ္စည်းကိရိယာများနှင့် အဆောက်အအုံများကို ဆိုသည်။ (င) ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးလုပ်ငန်း ဆိုသည်မှာ အမျိုးသား လျှပ်စစ်ဓာတ်အား

ရရှိရေးစီမံကိန်း၏ မူဝါဒနှင့်အညီ လျှပ်စစ်ဓာတ်အားစနစ် ပြင်ပရှိ ကျေးလက်ဒေသတွင် ဦးစီးဌာနအစီအစဉ် သို့မဟုတ် ခွင့်ပြုချက်ဖြင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်သော လုပ်ငန်းကို

ဆိုသည်။ (စ) ကျေးလက်ဒေသအိမ်ရာ ဆိုသည်မှာ ကျေးလက်ဒေသတွင် ဦးစီးဌာန၏ အစီအစဉ်

သို့မဟုတ် ခွင့်ပြုချက်ဖြင့် ဆောက်လုပ်သောအိမ်ရာကို ဆိုသည်။ (ဆ) ကုန်ထုတ်လမ်းနှင့် တံတား ဆိုသည်မှာ ဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော

ကျေးလက်ဒေသနေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များကို သယ်ပို့ပေးနိုင်မည့် အထောက်အကူပြု လမ်းများနှင့် ယင်းလမ်းပေါ်ရှိတံတားများကို ဆိုသည်။ (ဇ) ကျေးရွာတွင်း လမ်းနှင့်တံတား ဆိုသည်မှာ ကျေးရွာနယ်နိမိတ်အတွင်းရှိ လမ်းနှင့်

ယင်းလမ်းပေါ်ရှိ တံတားများ၊ ကျေးရွာအတွင်းရှိ ဆိပ်ခံတံတားများနှင့် လမ်းအဖြစ်

အသုံးပြုရန် တည်ဆောက်ထားသောတံတားများကို ဆိုသည်။ (ဈ) အရင်းမပျောက် မတည်ရန်ပုံငွေ ဆိုသည်မှာ ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲနွမ်းပါးမှု

လျော့နည်းစေရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အများပိုင်ရန်ပုံငွေတစ်ရပ် မတည်ထူထောင်ပြီး အရင်းမပျောက်

လည်ပတ်ဆောင်ရွက်သော ရန်ပုံငွေကို ဆိုသည်။ (ည) ဗဟိုကြီးကြပ်မှုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကို ဆိုသည်။ (ဋ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း

ဝန်ကြီးဌာနကို ဆိုသည်။ ( ဌ) ဦးစီးဌာန ဆိုသည်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ဆိုသည်။ (၃) ကြီးကြပ်မှု ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော တိုင်းဒေသကြီး သို့မဟုတ်

ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက် ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်(က) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွား

ဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ (ခ) မြို့ပြနှင့် ကျေးလက်ဒေသအကြား လူမှုစီးပွားအဆင့်အတန်းကွာဟချက်များ ကျဉ်းမြောင်း

လာစေရန်၊ (ဂ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရရှိနိုင်သော လူ့စွမ်းအားနှင့်

ငွေကြေးအရင်းအနှီးများကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ထိရောက်အကျိုးရှိစွာ

အသုံးချနိုင်ရန်၊ (ဃ) ကျေးလက်ဒေသနေ ပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်လာစေရေးနှင့် ဘေး

အန္တရာယ်များ ကျရောက်လာပါက ကျေးလက်ဒေသများ၌ တုံ့ပြန်ကာကွယ် ဆောင်ရွက်နိုင်မှု အားကောင်းသော လူမှုအဖွဲ့ အစည်းများ ဖြစ်ပေါ်လာစေရေးတို့အတွက် ကြိုးပမ်း

ဆောင်ရွက်နိုင်ရန်၊ (င) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အားပေးမြှင့်တင်ရန်၊ (စ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ (ဆ) ကျေးလက်ဒေသနေ ပြည်သူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အိမ်တွင်းလေထု ( ညစ်ညမ်းမှုကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

အခန်း(၃) ဗဟိုကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ အစိုးရအဖွဲ့သည်(က) ဗဟိုကြီးကြပ်မှု ကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်(၁) ပြည်ထောင်စုဝန်ကြီး

ဥက္ကဋ္ဌ ဝန်ကြီးဌာန (၂) ဒုတိယဝန်ကြီး

ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဌာန (၃) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများမှ အဖွဲ့ဝင်များ

ညွှန်ကြားရေးမှူးချုပ် အဆင့်အောက်မနိမ့်သည့်ပုဂ္ဂိုလ်များ၊ (၄) သုံးဦးထက်မပိုသော ပြင်ပ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ဝင်များ (၅) ဒုတိယညွှန်ကြားရေးမှူးချုပ်

တွဲဖက်အတွင်းရေးမှူး ဦးစီးဌာန (၆) ညွှန်ကြားရေးမှူးချုပ်

အတွင်းရေးမှူး

ဦးစီးဌာန

( ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ဗဟိုကြီးကြပ်မှုကော်မတီကို လိုအပ်ပါက ပြင်ဆင်

ဖွဲ့စည်းနိုင်သည်။ ဗဟိုကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့ ၏

သဘောတူညီချက်ဖြင့် မူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ( ခ) ကြီးကြပ်မှုကော်မတီများက အတည်ပြုပေးပို့လာသော ကျေးလက်ဒေသ ဖွံ့ဖြိုး

တိုးတက်ရေးလုပ်ငန်းများကို စိစစ်ပြီး နှစ်စဉ် နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ရေးဆွဲ၍

အစိုးရအဖွဲ့သို့ တင်ပြခြင်း၊ (ဂ) အစိုးရအဖွဲ့က အတည်ပြုချမှတ်ထားသည့် နှစ်စဉ် နှစ်တို၊ နှစ်ရှည်စီမံကိန်းများကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်မှုကော်မတီ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းခြင်းနှင့် ဦးစီးဌာနအား တာဝန်ပေးအပ်ဆောင်ရွက်စေခြင်း၊ (ဃ) ကုလသမဂ္ဂအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ ပြည်ပနိုင်ငံ၊ ပြည်တွင်း ပြည်ပ

အစိုးရမဟုတ်သည့် အဖွဲ့ အစည်း၊ အရပ်ဘက်လူမှုအဖွဲ့ အစည်း၊ လူထုအခြေပြု အဖွဲ့အစည်းနှင့် ပုဂ္ဂလိကများထံမှ ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီများကို အစိုးရ

အဖွဲ့၏ သဘောတူညီချက်ဖြင့် ဥပဒေနှင့်အညီရယူနိုင်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ (င) ကျေးလက်ဒေသနေ ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိနိုင်ရန်

အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ ( စ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်

လိုအပ်သည့် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း

နှင့် ကြီးကြပ်ကွပ်ကဲခြင်း၊ (ဆ) နေပြည်တော်ကောင်စီ သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်

အစိုးရအဖွဲ့နှင့် လိုအပ်သလို ဆက်သွယ်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခြင်း၊ (ဇ) အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စပ်လျဉ်းသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း(၄) ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ၆။ ဗဟိုကြီးကြပ်မှုကော်မတီသည်(က) သက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်(၁) နေပြည်တော်ကောင်စီဝင် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ဥက္ကဋ္ဌ

ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီး ၊ (၂) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ အဖွဲ့ဝင်များ

ညွှန်ကြားရေးမှူး အဆင့်အောက်မနိမ့်သော ပုဂ္ဂိုလ်များ (၃) နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် အဖွဲ့ဝင်

ပြည်နယ်အစိုးရအဖွဲ့က အဆိုပြုသော သုံးဦးထက် မပိုသည့်

ပြင်ပ ကျွမ်းကျင်ပညာရှင်များ (၄) ညွှန်ကြားရေးမှူး

အတွင်းရေးမှူး ဦးစီးဌာန ( ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသည့် ကြီးကြပ်မှုကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ ၇။ ကြီးကြပ်မှုကော်မတီများ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် – (က) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဗဟိုကြီးကြပ်မှုကော်မတီ၏

မူဝါဒများနှင့်အညီ လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ (ခ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ ရေးဆွဲအတည်ပြု၍ ဗဟို

ကြီးကြပ်မှုကော်မတီသို့ ပေးပို့ခြင်း၊ (ဂ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများအတွက် နေပြည်တော်ကောင်စီ

သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ လိုအပ်မည့်

ရန်ပုံငွေ တင်ပြခြင်း၊ (ဃ) အစိုးရအဖွဲ့က အတည်ပြုချမှတ်ထားသည့် နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည်စီမံကိန်းများကို

သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဗဟိုကြီးကြပ်မှု

ကော်မတီ၏ မူဝါဒများနှင့်အညီ ကြီးကြပ်ခြင်း၊ နေပြည်တော်ကောင်စီ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ အစိုးရမဟုတ်သော

အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ (c) အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းစဉ်များအား

ကြီးကြပ်ကွပ်ကဲခြင်း၊ (စ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအလိုက် နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည်စီမံကိန်းများနှင့် လုပ်ငန်းစဉ်များအား လေ့လာစောင့်ကြည့်ခြင်း၊ အကောင်အထည်ဖော်မှုအား ကြီးကြပ်ခြင်း၊ ရလဒ်များအား ဆန်းစစ်သုံးသပ်ခြင်း။

အခန်း(၅)

ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ၈။ ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) ဗဟိုကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာကြီးကြပ်မှုကော်မတီတို့က တာဝန်ပေးအပ်သော

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ( ခ) ကျေးလက်ဒေသနေ ပြည်သူများက တင်ပြလာသည့်လိုအပ်ချက်များကို အခြေခံပြီး

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများကို ဒေသအသီးသီးရှိ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးဆွဲ၍ ကြီးကြပ်မှုကော်မတီသို့ တင်ပြခြင်း၊

အတည်ပြုချက်ရရှိပြီးက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ (ဂ) ဗဟိုကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာကြီးကြပ်မှုကော်မတီတို့က အတည်ပြု ချမှတ်

ပေးသည့် လုပ်ငန်းစီမံကိန်းများအတွက် လိုအပ်သည့် ရန်ပုံငွေ တွက်ချက်တင်ပြခြင်း၊ (ဃ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်

ဘဏ္ဍာရန်ပုံငွေဖြင့်ဖြစ်စေ၊ နိုင်ငံတကာအကူအညီ အထောက်အပံ့များဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများ၏ အကူအညီနှင့် ဒေသခံပြည်သူလူထု ထည့်ဝင်ငွေများ ပါဝင်ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊

အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ခြင်း(၁) ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ (၂) ကျေးလက်ဒေသနေ ပြည်သူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အိမ်တွင်း လေထု

ညစ်ညမ်းမှုကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊

အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ (၃) ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး၊ (၄) ကျေးလက်ဒေသ အိမ်ရာတည်ဆောက်ရေး၊ (၅) ကျေးလက်ဒေသနေ ပြည်သူများအလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ

ဖော်ထုတ်ဆောင်ရွက်ရန်အတွက် သတ်မှတ်ချက်နှင့်အညီ အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးရေး၊ (၆) တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်းများအတွက် နည်းပညာ၊ ငွေကြေး

အရင်းအနှီးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဈေးကွက်ရရှိနိုင်ရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊

အစိုးရမဟုတ်သောအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ (၇) ကျေးလက်ဒေသနေ ပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး

အတွက် အခြေခံစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းခွင်သင်တန်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော

အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ (၈) ကျေးလက်ဒေသနေပြည်သူများ ကိုယ်တိုင်ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်

နိုင်မည့် အသေးစားအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်း၊ ဝင်ငွေတိုးလုပ်ငန်းနှင့်

အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖော်ဆောင်ပေးရေး။ (c) ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်သော ကျေးလက်ဒေသ ကုန်ထုတ်

လမ်းနှင့်တံတား၊ လူထုအခြေပြု စီမံကိန်းများအရ ပြည်သူလူထု ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ဆောင်ရွက်ခွင့်ရှိသည့် ကျေးရွာတွင်းလမ်းနှင့် တံတားတည်ဆောက်ပြုပြင် ထိန်းသိမ်းခြင်းနှင့် နိုင်ငံတကာအကူအညီဖြင့် ဆောင်ရွက်သော ဘက်စုံစီမံကိန်းများတွင် ပါဝင်သည့် ကျေးရွာချင်းဆက်လမ်းနှင့်တံတား တည်ဆောက်ပြုပြင် ထိန်းသိမ်းခြင်းအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ (စ) ကျေးလက်ဒေသနေ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး

တိုးတက်စေရေးအတွက် သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရ

မဟုတ်သောအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ (ဆ) ကျေးလက်ဒေသများတွင် ဘေးအန္တရာယ် ကျရောက်လာပါက(၁) ကာကွယ်တုံ့ပြန်ဆောင်ရွက်နိုင်မှု အားကောင်းသော လူမှုအဖွဲ့ အစည်းများ

ဖြစ်ပေါ်လာစေရေး ကူညီဆောင်ရွက်ခြင်း၊ (၂) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း

များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ ( ဇ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို စောင့်ကြည့်

စစ်ဆေးခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့် အစီရင်ခံစာပြုစု၍ ဗဟိုကြီးကြပ်မှုကော်မတီနှင့်

သက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီသို့ တင်ပြခြင်း၊ (ဈ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊

ရပ်ကွက်၊ ကျေးရွာအဆင့်ကော်မတီများမှ ကျေးရွာကိုယ်စားလှယ်များနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များ ညှိနှိုင်း

ကောက်ယူခြင်း၊ (ည) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆိုင်သော သုတေသနလုပ်ငန်းအရပ်ရပ်ကို

ဆောင်ရွက်ခြင်း၊ (ဋ) ဗဟိုကြီးကြပ်မှုကော်မတီမှတစ်ဆင့် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်တွင်း

ပြည်ပအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကများထံမှ ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီ

များကို ဥပဒေနှင့်အညီ ရယူပူးပေါင်း ဆောင်ရွက်ခြင်း၊ ( ဌ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ

မြို့နယ်နှင့်ကျေးရွာအလိုက် လိုအပ်သည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ သို့မဟုတ်

လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊ (၃) သက်ဆိုင်ရာလုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့များက

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့်ဖြစ်စေ လုပ်ငန်းဆောင်ရွက်ရာတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိလျှင် သို့မဟုတ် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိလျှင် ယင်း ရန်ပုံငွေ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက်ဖြင့်

ပြန်လည်သိမ်းယူခြင်း၊ (၁) ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အစိုးရ၊ ပြည်သူနှင့်

ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ (ဏ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ထမ်းများ၊ လုပ်ငန်း

ကော်မတီများ၊ ဆပ်ကော်မတီများ သို့မဟုတ် လုပ်ငန်းအဖွဲ့များ အရည်အသွေး မြင့်မား တိုးတက်လာစေရေးအတွက် ပြည်တွင်း ပြည်ပ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊

နှီးနှောဖလှယ်ပွဲများ၊ နည်းပညာပြပွဲများနှင့် လေ့လာရေးခရီးများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ (တ) နိုင်ငံတကာအဖွဲ့ အစည်းများက ပြည်တွင်း၌ ဆောင်ရွက်နေသည့် ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ကူညီဆောင်ရွက်ပေးခြင်း၊ (ထ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ

လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော

အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ (ဒ) ကျေးရွာရေပေးရေး ပုဂ္ဂလိက လုပ်ငန်းများကို စိစစ်ခွင့်ပြုခြင်း၊ (ဓ) ဗဟိုကြီးကြပ်မှုကော်မတီ၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီတို့က

ပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။ ၉။ ဦးစီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်

ဆောင်ရွက်ရန် ဗဟိုကြီးကြပ်မှုကော်မတီ သို့မဟုတ် သက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ သဘော တူညီချက်အရ အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ရမည်(က) ပုဂ္ဂလိက ကုမ္ပဏီများအား သတ်မှတ်ချက်များနှင့်အညီ တင်ဒါခေါ်ယူပြီး လုပ်ငန်းအပ်နှံ

ဆောင်ရွက်ခြင်း၊ (ခ) ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ

သို့မဟုတ် လူထုအခြေပြု အဖွဲ့အစည်းများနှင့် သဘောတူညီချက်ပြုလုပ်၍ ဆောင်ရွက်

စေခြင်း၊ (ဂ) နည်းပညာ လိုအပ်ချက်အရ တိုက်ရိုက် ဆောင်ရွက်ခြင်း၊ (ဃ) သက်ဆိုင်ရာကျေးရွာတွင် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့များ

ဖွဲ့စည်းပေးပြီး ဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်း၊ (င) နည်းပညာအကူအညီ လိုအပ်သည့် လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ

အဖွဲ့ အစည်းများသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်း၊ (စ) အခြားသင့်လျော်သော နည်းလမ်းတစ်ခုခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

အခန်း(၆) ကျေးလက်ဒေသနေ ပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ ၁၀။ ကျေးလက်ဒေသနေ ပြည်သူများ၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်(က) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားသော အခြေခံ အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အမှိုက်စနစ်တကျ စွန့်ပစ်ရေးဆောင်ရွက်ရန်၊ (ခ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် ချေးငွေတစ်ရပ်ရပ်ကို ရယူပါက

ယင်းချေးငွေဖြင့် သတ်မှတ်သည့်လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဂ) ကျေးရွာအစီအစဉ်ဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ

ဆောင်ရွက်ရာတွင် သတ်မှတ်ချက်နှင့်အညီ ရန်ပုံငွေကောက်ခံသုံးစွဲခွင့်နှင့် ပြင်ဆင်

ထိန်းသိမ်းရန်၊ (ဃ) ပုဒ်မခွဲ ( ခ ) အရ ချေးယူငွေနှင့် ကျသင့်သည့်အတိုးငွေတို့ကို အောက်ပါသတ်မှတ်ချက်များ

နှင့်အညီ ဆောင်ရွက်ရန်(၁) သတ်မှတ်ကာလအတွင်း ကျေအောင် ပြန်လည်ပေးဆပ်ခြင်း၊ (၂) သတ်မှတ်ကာလကျော်လွန်မှ ပေးဆပ်ပါက သတ်မှတ်သည့် ဒဏ်ကြေးငွေ

ပေးဆောင်ခြင်း။ ။ (c) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ( စ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စည်းရုံးပညာပေးခြင်း လုပ်ငန်းများတွင်

ပါဝင်ဆောင်ရွက်ရန်၊ (ဆ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကျေးရွာလူထုအကြား

စည်းလုံးမှုကို ပျက်ပြားစေမည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါက သက်ဆိုင်ရာကော်မတီများ၏

လမ်းညွှန်ချက်ဖြင့် ဖြေရှင်းဆောင်ရွက်ရန်။ ၁၁။ ကျေးလက်ဒေသနေ ပြည်သူတို့၏ ရပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်

(က) မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲရာတွင် အကြံပြုဆွေးနွေးခွင့်၊ (ခ) မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ

အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများသို့ တင်ပြပိုင်ခွင့်၊ (ဂ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်၊ ကြည့်ရှု

လေ့လာခွင့်၊ သတင်းအချက်အလက်များ တောင်းခံရယူခွင့်နှင့် လွတ်လပ်စွာ ဝေဖန်အကြံပြု

ဆွေးနွေးတင်ပြခွင့်၊ (ဃ) ဦးစီးဌာနနှင့် သက်ဆိုင်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို

ဦးစီးဌာနသို့ တင်ပြ၍ မိမိကျေးရွာ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ခွင့်၊ (င) ဤဥပဒေပါ အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်းဆိုင်ရာ

ပြဋ္ဌာန်းချက်များနှင့်အညီ အရင်းမပျောက် မတည်ရန်ပုံငွေမှ ချေးငွေရယူသုံးစွဲခွင့်၊ ( စ) ပုဒ်မခွဲ (င) ပါ လုပ်ငန်းမှရရှိသည့် အတိုးငွေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး

လုပ်ငန်းများတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သုံးစွဲခွင့်၊ (ဆ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေသုံးစွဲမှုကို မေးမြန်းခွင့်၊ (ဇ) ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်တွင်း ပြည်ပ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သွားရောက်လေ့လာခွင့်၊ (ဈ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် အခွင့်အရေးများကို ခွဲခြားမှုမရှိဘဲ ရပိုင်ခွင့်။

အခန်း(၇) ကျေးလက်ဒေသ သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း ၁၂။ ဦးစီးဌာနသည်(က) ကျေးလက်ဒေသ သောက်သုံးရေရရှိရေးလုပ်ငန်းများကို အသစ်ဆောင်ရွက်ခြင်း၊ ပြုပြင်

ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်သည်။ ( ခ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီး

သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အပါအဝင် ပြည်တွင်းပြည်ပအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကတို့၏ လှူဒါန်းငွေ၊ ချေးငွေ၊ နည်းပညာနှင့် အကူအညီ အထောက်အပံ့များကို

လက်ခံရယူဆောင်ရွက်နိုင်သည်။ ၁၃။ ဦးစီးဌာနသည်(က) ကျေးလက်ဒေသ သောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အခကြေးငွေဖြင့်

ဖြစ်စေ၊ အခမဲ့ဖြစ်စေ ရေပေးဝေခွင့်ပြုနိုင်သည်။ (ခ) ကျေးရွာသောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကော်မတီကို ဖွဲ့စည်း၍

သောက်သုံးရေရရှိရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေး ကုန်ကျစရိတ်များ အပါအဝင် ရေဖိုးရေခကောက်ခံခြင်း၊ သာမန်ထိန်းသိမ်းပြုပြင်ခြင်းတို့ကို သတ်မှတ်ချက်များ

နှင့်အညီ ဆောင်ရွက်စေနိုင်သည်။ ။ (ဂ) ကျေးလက်ဒေသ သောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကျေးရွာ

ရေပေးရေး ပုဂ္ဂလိကလုပ်ငန်းများကို စိစစ်ခွင့်ပြု၍ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူမှ

ရေဖိုးရေခကောက်ခံခြင်းတို့ကို သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုနိုင်သည်။ ၁၄။ ဦးစီးဌာနသည် ကျေးလက်ဒေသများ၊ ကျေးလက်ဒေသရှိ စာသင်ကျောင်း၊ ဆေးရုံနှင့် ဆေးခန်းများ

သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပူးပေါင်းလျက် သတ်မှတ်ချက်များ နှင့်အညီ စီမံချက်များ ရေးဆွဲဆောင်ရွက်ရမည်။ ၁၅။ ဦးစီးဌာနသည် ကျေးလက်ဒေသ သောက်သုံးရေရရှိရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ကျေးရွာသောက်သုံးရေရရှိရေးကော်မတီ ဖွဲ့စည်း၍ ရေအရင်းအမြစ်နှင့် သောက်သုံးရေပေးဝေရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော မြေအသုံးချခွင့်ရရှိရေးအတွက် ဥပဒေနှင့်အညီ ကူညီဆောင်ရွက် ပေးရမည်။ ၁၆။ ဦးစီးဌာနသည် ကျေးလက်ဒေသ သောက်သုံးရေရရှိရန် အသုံးပြုလျက်ရှိသော စိမ့်စမ်းရေ အပါအဝင် ရေအရင်းအမြစ်များ မခန်းခြောက်စေရေးနှင့် ယင်းတို့၏ ပတ်ဝန်းကျင်ရှိ သစ်တော သစ်ပင်များ မပြုန်းတီးစေရေးတို့အတွက် လိုက်နာရမည့်အချက်များကို သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းထုတ်ပြန်နိုင်ရန် ဗဟိုကြီးကြပ်မှုကော်မတီသို့ တင်ပြဆောင်ရွက်ရမည်။ ၁၇။ ဦးစီးဌာနသည်[ (က) ကျေးလက်ဒေသ သောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားသော ရေအရင်းအမြစ်များ၏

ရေအရည်အသွေးကို စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေး

ရမည်။ (ခ) ပုဒ်မခွဲ (က) အရ စစ်ဆေးရာတွင် သတ်မှတ်အရည်အသွေးနှင့် မကိုက်ညီပါက သောက်သုံး

ရေပေးဝေခြင်းလုပ်ငန်းကို ရပ်ဆိုင်းထားခြင်း သို့မဟုတ် တားမြစ်ခြင်း ပြုလုပ်နိုင်သည်။ (ဂ) ပုဒ်မခွဲ (ခ) အရ ဆောင်ရွက်ပြီးနောက် သောက်သုံးရေရရှိရေးလုပ်ငန်းကို ရေအရည်အသွေး

စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ သင့်လျော်သည့် နည်းလမ်းဖြင့်လျာထား

ဆောင်ရွက်ပေးရမည်။ ၁၈။ ဦးစီးဌာနသည် အကြောင်းအမျိုးမျိုးကြောင့် သောက်သုံးရေပြတ်လပ်သည့် ကျေးလက်ဒေသ များသို့ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အလှူရှင်များနှင့် ညှိနှိုင်း၍ သောက်သုံးရေရရှိနိုင်ရန် အလျင်အမြန် ဆောင်ရွက်ပေးရမည်။ ၁၉။ ဦးစီးဌာနသည် ရေအရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းတို့နှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ကောက်ယူခြင်း၊ ကျေးလက်ဒေသနေ ပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ရမည်။ ၂၀။ ဦးစီးဌာနသည် ကျေးလက်ဒေသနေပြည်သူများ ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အလေ့အထများ ကျင့်သုံးလာစေရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အောက်ပါတို့ကို ဆောင်ရွက်ရမည်(က) ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ ကောင်းမွန်သော အလေ့အထများ ကျင့်သုံးလာစေရန်

လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ ( ခ ) ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ အမှိုက်ထွက်ရှိမှုကို လျှော့ချခြင်း၊ ပလတ်စတစ်နှင့်

အမှိုက်များ စနစ်တကျစွန့်ပစ်ရန် နေရာသတ်မှတ်ခြင်း၊ အမှိုက်များကို ပြန်လည် အသုံးပြုခြင်း၊ ပြန်လည်အသုံးပြုနိုင်သည့် အမျိုးအစားနှင့် အသုံးမပြုနိုင်သည့်

အမျိုးအစား ခွဲခြားခြင်းတို့အတွက် အသိပညာပေးခြင်းနှင့် စည်းရုံးဆောင်ရွက်ခြင်း၊ (ဂ) ရေစီးရေလာကောင်းမွန်ရေးနှင့် ရေဆိုးများကို စနစ်တကျဘေးကင်းစွာ စွန့်ပစ်ခြင်း ( သို့မဟုတ် ဘေးကင်းအောင်သန့်စင်စေ၍ ပြန်လည်အသုံးပြုခြင်းတို့အတွက် အသိပညာ

ပေးခြင်းနှင့် စည်းရုံးဆောင်ရွက်ခြင်း၊ (ဃ) ကျန်းမာရေးနှင့် ညီညွတ်သော ယင်လုံအိမ်သာများ စနစ်တကျ ဆောက်လုပ် သုံးစွဲ

စေခြင်း၊ (င) ကျေးလက်ဒေသရှိ နေအိမ်များ၊ အဆောက်အအုံများတွင် လေထုညစ်ညမ်းမှု မဖြစ်ပေါ် စေရေးနှင့် လျော့နည်းသက်သာစေရေးအတွက် အသိပညာပေးဆောင်ရွက်စေခြင်း။

အခန်း(၈)

ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးလုပ်ငန်း ၂၁။ ဦးစီးဌာနသည် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး လုပ်ငန်းဆောင်ရွက်ရာတွင်[ (က) သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

( ခ) သက်ဆိုင်ရာကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရမည်။ ၂၂။ (က) ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးလုပ်ငန်းကို ဆောင်ရွက်လိုသူ သို့မဟုတ် လုပ်ကိုင်ခွင့်

ရရှိလိုသူသည် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။ ဦးစီး ( ဌာနသည် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုမိန့်

ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်။ ( ခ) ပုဒ်မခွဲ (က) အရ ခွင့်ပြုမိန့်ရရှိသူသည် ဦးစီးဌာနနှင့် ကျေးရွာမီးလင်းရေးကော်မတီတို့၏

သဘောတူညီချက်ဖြင့် သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အားခ ကောက်ခံနိုင်ရေးအတွက်

လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်။ (ဂ) ပုဒ်မခွဲ (က) အရ ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများဆောင်ရွက်ရာတွင်

သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့်ဘေးအန္တရာယ်ဖြစ်ပွားမှု

မရှိစေရေးတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်။ ၂၃။ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးလုပ်ငန်းကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သူမှအပ ပုဒ်မ ၉ ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်သူသည် တည်ဆောက်ရေးလုပ်ငန်း ပြီးစီးသည့်အခါ အောက်ပါအတိုင်း ဆောင်ရွက်ရမည်(က) ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု မပါဝင်ပါက လုပ်ငန်းပြီးလျှင်ပြီးချင်း သက်ဆိုင်ရာ ကျေးရွာ

လျှပ်စစ်မီးလင်းရေးကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ လွှဲပြောင်းပေးအပ်ရန်၊ ( ခ) ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုပါဝင်ပါက လျှပ်စစ်ဓာတ်အားခ ကောက်ခံခွင့် သတ်မှတ်ကာလ

ကုန်ဆုံးပါက(၁) သက်ဆိုင်ရာ ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ

လွှဲပြောင်းပေးအပ်ရန်၊ (၂) လုပ်ငန်းဆက်လက် လုပ်ကိုင်ဆောင်ရွက်လိုပါက သတ်မှတ်ချက်များနှင့်အညီ

ဦးစီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူဆောင်ရွက်ရန်။ ၂၄။ ပြည်တွင်း ပြည်ပ အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးလုပ်ငန်းတွင် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီသည် ဦးစီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ကုန်ကျစရိတ် ကောက်ခံ နိုင်သည်။

အခန်း(၉)

ကျေးလက်ဒေသအိမ်ရာတည်ဆောက်ရေးလုပ်ငန်း ၂၅။ ဦးစီးဌာနသည် ကျေးလက်ဒေသ အိမ်ရာဆောက်လုပ်ရာတွင် အောက်ပါတို့ကို အလေးထား ဆောင်ရွက်ရမည်(က) ကျေးလက်ဒေသနေ ပြည်သူများ အိုးအိမ်အတည်တကျ နေထိုင်နိုင်ရန်အတွက်

အထောက်အကူ ဖြစ်စေရေး၊ ( ခ) သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိစေရေး၊ လေဝင်လေထွက် ကောင်းမွန်စေရေးနှင့်

သက်ဆိုင်ရာဒေသ၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုတို့နှင့် ကိုက်ညီစေရေး၊ (ဂ) မြေယာပိုင်ဆိုင်မှုကို ဥပဒေနှင့်အညီ စနစ်တကျ စိစစ်သတ်မှတ်ရေး။ ၂၆။ ဦးစီးဌာနသည် ဘေးအန္တရာယ်ကျရောက်သော ဒေသအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကျေးရွာသစ်ထူထောင်သောဒေသတွင် သင့်လျော်သော မြေနေရာရွေးချယ် သတ်မှတ်ခြင်း အပါအဝင် ကျေးလက်ဒေသ အိမ်ရာဆောက်လုပ်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများနှင့် ညှိနှိုင်းပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။ ၂၇။ ဦးစီးဌာနသည် ကျေးလက်ဒေသ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ပုဒ်မ ၉ ပါ နည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။ ၂၈။ ပုဒ်မ ၉ ပါ နည်းလမ်းတစ်ရပ်ရပ်နှင့်အညီ ကျေးလက်ဒေသ အိမ်ရာဆောက်လုပ်သူသည် လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ အပ်နှံရမည်။ ဦးစီးဌာနက သက်ဆိုင်ရာ သတ်မှတ်ထားသည့်အဖွဲ့သို့ အိမ်ရာဆောက်လုပ်မှုဆိုင်ရာ မှတ်တမ်းများနှင့်အတူ စနစ်တကျ ဆက်လက် လွှဲပြောင်းပေးအပ်ရမည်။

အခန်း(၁၀) အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်း ၂၉။ ဦးစီးဌာနသည် ဗဟိုကြီးကြပ်မှုကော်မတီ သို့မဟုတ် သက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်(က) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊

ပြည်တွင်းအလှူရှင်များ၊ နိုင်ငံတကာအစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့၏ ထောက်ပံ့လှူဒါန်းငွေတို့ဖြင့် အောက်ပါကိစ္စရပ်များအတွက် အရင်းမပျောက် မတည်ရန်ပုံငွေကို ထူထောင်ရမည်(၁) ကျေးလက်ဒေသနေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့နည်းစေရေးအတွက်

အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ခြင်း၊ (၂) စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ

ဆောင်ရွက်ခြင်း၊ (၃) အရင်းမပျောက် မတည်ရန်ပုံငွေမှ တိုးပွားလာသောငွေဖြင့် ကျေးရွာဖွံ့ ဖြိုးရေး

လုပ်ငန်းများကို ပြည်သူများ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ (၄) ကျေးလက်ဒေသနေ ပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်လာစေရေးနှင့် ဘေး

အန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ

ပေါ်ပေါက်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ခြင်း။ ။ (ခ) ပုဒ်မခွဲ (က) အရ လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်

လိုအပ်သည့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ယင်းလုပ်ငန်း အဖွဲ့ အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ စည်းကမ်းသတ်မှတ်ချက်များ၊ ရန်ပုံငွေ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ

ပါဝင်သည့် လုပ်ငန်းလမ်းညွှန်ချက်များကို ရေးဆွဲထုတ်ပြန်နိုင်သည်။ ၃၀။ ဦးစီးဌာနသည် အရင်းမပျောက် မတည်ရန်ပုံငွေကို မပျောက်ပျက်စေရေးအတွက် သက်ဆိုင်ရာ ကျေးရွာလုပ်ငန်းအဖွဲ့ များ၏ ရန်ပုံငွေသုံးစွဲခြင်း၊ စာရင်းဇယားထိန်းသိမ်းခြင်းနှင့် လုပ်ငန်း

ဆောင်ရွက်ခြင်းတို့ကို ကြပ်မတ်ကွပ်ကဲစစ်ဆေးရမည်။ ၃၁။ အရင်းမပျောက် မတည်ရန်ပုံငွေအား တစ်စုံတစ်ယောက်က အလွဲသုံးစားပြုကြောင်း တွေ့ရှိလျှင် သို့မဟုတ် အရင်းမပျောက် မတည်ရန်ပုံငွေကို ချေးယူသုံးစွဲသူသည် အရင်းငွေနှင့် ကျသင့်သည့် အတိုးငွေတို့ကို သတ်မှတ်ချက်များနှင့်အညီ ပေးသွင်းရန် ပျက်ကွက်ကြောင်း တွေ့ရှိလျှင် ကျေးရွာ လုပ်ငန်းအဖွဲ့သည် သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုရမည်။ ၃၂။ ကျေးရွာလုပ်ငန်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးက အရင်းမပျောက် မတည်ရန်ပုံငွေအား အလွဲသုံးစားပြုကြောင်း တွေ့ရှိလျှင် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့သည် ထိုသူအား သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုရမည်။ ၃၃။ ကျေးလက်ဒေသနေပြည်သူများသည် –

(က) ကျေးရွာအလိုက် အရင်းမပျောက် မတည်ရန်ပုံငွေများကို ချေးယူသုံးစွဲခွင့်ရှိသည်။ (ခ) စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း၊

ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်မှုလုပ်ငန်းနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ချက်နှင့်အညီ ချေးယူနိုင်သည်။ (ဂ) ချေးယူသည့် အရင်းငွေနှင့် ကျသင့်သည့်အတိုးငွေတို့ကို သတ်မှတ်ချက်များနှင့်အညီ

ပြန်လည်ပေးသွင်းရမည်။ (ဃ) ပုဒ်မခွဲ (ဂ) အရ ရရှိသောအတိုးငွေကို ဦးစီးဌာန၏ အတည်ပြုချက်ရယူ၍ ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သတ်မှတ်ချက်များနှင့်အညီ သုံးစွဲအကောင်အထည်ဖော် ဆောင်ရွက်ရမည်။

အခန်း(၁၁) ၊ ဘဏ္ဍာရန်ပုံငွေထိန်းသိမ်းခြင်းနှင့် စာရင်းစစ်ဆေးခြင်း ၃၄။ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ခွင့်ပြုဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲရမည်။ ၃၅။ ဝန်ကြီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ပြည်တွင်း ပြည်ပ အကူအညီ အထောက်အပံ့အဖြစ်ရရှိသော နိုင်ငံခြားသုံးငွေအပါအဝင် ငွေကြေးနှင့်ပစ္စည်းများကို လက်ခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် အသုံးပြုခြင်းတို့ကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့်

ဆောင်ရွက်ရမည်။ ၃၆။ ဦးစီးဌာနသည် ပုဒ်မ ၃၅ အရ ပြည်တွင်း ပြည်ပ အကူအညီ အထောက်အပံ့အဖြစ်ရရှိသော နိုင်ငံခြားသုံးငွေ အပါအဝင်ငွေကြေးများကို သတ်မှတ်ချက်များအတိုင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သီးခြားဘဏ်စာရင်း ဖွင့်လှစ်၍ ဥပဒေနှင့်အညီ လိုက်နာသုံးစွဲဆောင်ရွက်ရမည်။ ၃၇။ ဦးစီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာ ခွင့်ပြုချက် ရရှိပြီးသည့် တိုက်ရိုက်ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဒေသခံပြည်သူများသို့ တိုက်ရိုက် လွှဲပြောင်း ပေးအပ်ဆောင်ရွက်စေ၍ ငွေကြေးသုံးစွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ရမည်။ ၃၈။ ဦးစီးဌာနသည် သက်ဆိုင်ရာ ကျေးရွာလုပ်ငန်းကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့များ ပူးပေါင်း ပါဝင်ဆောင်ရွက်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသုံးစရိတ် ရှင်းတမ်းများကို သတ်မှတ်သည့် ကာလအပိုင်းအခြားဖြင့် အများမြင်သာသည့်နေရာတွင် ဖော်ပြနိုင်ရေး အတွက် စီမံဆောင်ရွက်ရမည်။ ၃၉။ ဦးစီးဌာနအပါအဝင် ဤဥပဒေအရ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီနှင့် လုပ်ငန်းအဖွဲ့များသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှု နှင့်စပ်လျဉ်း၍ ငွေကြေးနှင့်ပစ္စည်းများ ရရှိသုံးစွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးခြင်းခံယူရမည်။ အခန်း(၁၂)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၄၀။ မည်သူမဆို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများကို တာဝန်အရ အကောင်အထည်ဖော် ဆောင်ရွက်သူအား(က) ရာဇဝတ်မကင်းသော အနိုင်အထက်ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်

ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (ခ) ခြိမ်းခြောက်ခြင်း၊နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း သို့မဟုတ် တားဆီးခြင်းပြုလုပ်ကြောင်း

ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊

ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ၄၁။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၁၃)

အထွေထွေ ၄၂။ ဦးစီးဌာနသည် ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ အသိပညာ တိုးပွား စေရေး ဆောင်ရွက်ရမည်။ ၄၃။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျေးရွာကော်မတီ သို့မဟုတ် အဖွဲ့များ ဖွဲ့စည်း ရာတွင် အမျိုးသမီးများ ပါဝင်ဖွဲ့စည်းရမည်။ ၄၄။ ဦးစီးဌာနသည် အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများက

ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းများနှင့် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်သည်။ ၄၅။ ဦးစီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ပြည်တွင်း ပြည်ပ အကူအညီ အထောက်အပံ့ဖြင့် ရရှိသည့် ငွေကြေး၊ ပစ္စည်းသုံးစွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို ထုတ်ပြန်

ကြေညာရမည်။ ၄၆။ မည်သူမဆို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ ပစ္စည်း သို့မဟုတ် ငွေကြေးကို အလွဲသုံးစားပြုလျှင် ထိုသူကို တည်ဆဲဥပဒေအရ အရေးယူရမည်။ ၄၇။ ဤဥပဒေ ပုဒ်မ ၄၀ နှင့် ၄၁ တို့ပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။ ၄၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်(က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ) ဝန်ကြီးဌာနနှင့် ဗဟိုကြီးကြပ်မှုကော်မတီတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ ( ဂ) ဦးစီးဌာနသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။