Connect with us

မြန်မာနိုင်ငံက Covid19 အထောက်အပံ့များ ရသင့်သလောက် မရဘဲဖြစ်နေ

EDITORIAL

မြန်မာနိုင်ငံက Covid19 အထောက်အပံ့များ ရသင့်သလောက် မရဘဲဖြစ်နေ

ကမ္ဘာက မြန်မာနိုင်ငံကို Covid19 ငရဲခန်းဆီ ဝိုင်းတွန်းပို့ နေကြတာလားဗျာ?
(တစ်နည်းအားဖြင့်) မြန်မာနိုင်ငံဟာ Covid19 အထောက်အပံ့တွေကို အခြားနိုင်ငံတွေ ရတဲ့နှုန်းအတိုင်း တန်းတူ မရဘဲ၊ ရသင့်တာရဲ့ ၃၀ ပုံ ၁ပုံ‌လောက်လေးပဲရနေတာ မြင်ပြီး မျက်လုံးပြူးသွားမိပါတယ်။ မြန်မာ နိုင်ငံဟာ အခြားနိုင်ငံတွေထက်စာရင် ကိုဗစ်ကပ်ရောဂါရဲ့ လူမှုရေး စီးပွားရေးဒဏ် damage ကို အဆ ၃၀ ပိုခံရနိုင်ပါတယ်။
ကျွန်တော်တို့ ဘာလုပ်ကြမလဲ?
.
ကျွန်တော်ဟာ ကွန်ပျူတာ နည်းပညာသမားဖြစ်တဲ့အတွက် နည်းပညာဆိုင်ရာ စာတွေချည်း ဖတ်ဖြစ်နေလို့၊ ကိုယ့်ကိုကိုယ် balance မျှအောင် တစ်ပတ်ကို တစ်ရက် ကွန်ပျူတာနဲ့ မဆိုင်တဲ့ အခြားစာတွေ ဖတ်မယ်လို့ ဆုံးဖြတ်ပြီး၊ စာဖတ်ဖြစ်ပါတယ်။ ဒီနေ့ ရုံးပိတ်ရက် စာဖတ်တုန်း မြန်မာတွေ အားလုံးအတွက် အရေးကြီးတဲ့ ဒီကိစ္စသွားတွေ့ ပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ လူမျိုး၊ ဘာသာ၊ ပညာ၊ အသားအရောင်၊ ဆင်းရဲချမ်းသာမရွေး လူသားအားလုံးကို နှိပ်စက်နေတာ အားလုံးအသိပါ။ ဒါပေမဲ့ ဒီအန္တရာယ်ကို ကာကွယ်ဘို့ ကယ်ဆယ်ဘို့ ငွေအင်အား ဆေးပညာ နည်းပညာအင်အား အဆ ၃၀ ပိုနည်းနေတယ် ဆိုရင် ကိုယ့်တိုင်းပြည် ဘာဖြစ်မယ်ဆိုတာ အရွယ်ရောက်သူတိုင်း နားလည်ကြမှာပါ။ ကျွန်‌တော် ဒီနေ့ စာဖတ်ရင်း သွားတွေ့တဲ့ ကိစ္စက ADB (အာရှ ဖွံ့ဖြိုးရေးဘဏ်) က မြန်မာနိုင်ငံကို ပေးနေတဲ့ ကိုဗစ် ကယ်ဆယ်ရေး ရန်ပုံငွေ အကြောင်းပါ။
.
UN, IMF, ADB အသီးသီးက ပေးတဲ့ ကိုဗစ် ကယ်ဆယ် ထောက်ပံ့ရေး ရန်ပုံငွေတွေ အများကြီး အများကြီး ရှိပါတယ်။ ဒါပေမဲ့ အာရှမှာ ရှိတဲ့ နိုင်ငံပေါင်း ၄၈ နိုင်ငံက ဝိုင်းလုလိုက်တဲ့ အချိန်မှာ- ကျွန်တော်တို့ မြန်မာက ရတဲ့ ဝေစုက “အာရှတစ်ခုလုံးရဲ့ 0.02%” တဲ့ ခင်ဗျ။ ဖြစ်သင့်သလားဗျာ?
.
ဒီစာမျက်နှာကို ကြည့်ပါ။
“% OF REGIONAL TOTAL PACKAGE: 0.02%” as mentioned on:
https://covid19policy.adb.org/policy-measures/MYA
.
မြန်မာဟာ ကမ္ဘာမှာ ၂၆ နိုင်ငံ‌မြောက် လူဦးရေ အများဆုံး နိုင်ငံပါ။ မြန်မာပြည်မှာ လူဦးရေ 53 သန်းကျော် ရှိတယ်။ အာရှမှာ လူဦးရေ စုစုပေါင်း 4,641 သန်းကျော် ရှိတယ်။
∴ မြန်မာပြည်မှာ အာရှလူဦးရေရဲ့ 1.16% ရှိတယ်။
.
မြန်မာ GDP က တစ်နှစ်ကို $71,214 million ရှိတယ်။ အာရှတစ်ခုလုံး GDP က $65,440,000 million ($65 trillion) ရှိတယ်။
∴ မြန်မာပြည်ဟာ အာရှ GDP ရဲ့ 0.11% ရှိတယ်။
.
ဒီအချိုးအတိုင်း တွက်‌ကြကြေးဆိုရင်၊ အမှန်က ထောက်ပံ့ငွေအားလုံးထဲက ကျွန်‌တော်တို့ မြန်မာနိုင်ငံဟာ-
လူဦးရေရဲ့ အချိုးကျဆို 1.16%,
GDP အချိုးကျဆို 0.11% ရသင့်တာပါ။
.
အားလုံးကို ပေးတဲ့ ထောက်ပံ့ငွေစုစုပေါင်းရဲ့ 0.02% ကိုပဲ မြန်မာက ရတယ်ဆိုတာ ရသင့်ရထိုက်တာထက် အင်မတန့် အင်မတန်ကို နည်းလွန်း နေပါတယ်။ မြန်မာရတဲ့ ဝေစု 0.02% ဆိုတဲ့ ဒေါ်လာသန်း ၅၂၀၀ ကျော် ဆိုတာ များလှပြီလို့ ထင်နေမိမှာ စိုးပါတယ်။ ထောက်ပံ့ကြေးငွေ ဒီထက်ရရင် ကာကွယ်ဆေး အမြန်ဆုံး များများ ဝယ်နိုင်ပြီး ပြည်သူကို ထိုးပေးနိုင်မယ်။ အသက်တွေ အများကြီး ပိုကယ်နိုင်မယ်။ လုပ်ငန်းတွေ မပြိုလဲသွားအောင်၊ လူတွေ သန်းနဲ့ချီပြီး အလုပ် မပြုတ်ကြအောင် ချေးငွေတွေ ပေးနိုင်မယ်ဆိုတာ မြင်သာပါတယ်။
.
ကျွန်တော်တို့ မြန်မာအစိုးရက အခြား အာရှနိုင်ငံများရတဲ့ နှုန်းထားတူ ကိုဗစ်ထောက်ပံ့ငွေတွေ ရတယ်ဆိုရင် ခုထက် အများကြီး ပိုလုပ်နိုင်မှာ ဧကန်ပါ။ population အချိုးအရ economy အချိုးအရ ရသင့်ရထိုက်တာလောက် ရအောင်တော့ တစ်ခုခု လုပ်ကြမှ ဖြစ်မယ်။ (လူဦးရေ ၁၆ သန်းပဲ ရှိတဲ့ ကမ္ဘောဒီးယားကတောင် မြန်မာ ရသလောက် ရနေတယ်။)
.
အာဆီယံ နိုင်ငံများ ရကြတဲ့ ကိုဗစ်ဆိုင်ရာ ထောက်ပံ့ရေး ရန်ပုံငွေအသီးသီးကို နှိုင်းယှဉ်နိုင်အောင် ဖော်ပြအပ်ပါတယ်။ ယှဉ်ကြည့်ကြည့်ပါဗျာ။
.
Indonesia : $593,567,438,113 (ဒေါ်လာ သန်းပေါင်း ၅သိန်းကျော်)
Singapore : $379,610,067,069
Malaysia : $158,468,268,965
Thailand : $135,332,757,160
Philippines : $126,328,431,036
Viet Nam : $54,149,000,585
Myanmar : $5,216,319,586 (ဒေါ်လာသန်း ၅၂၀၀ ကျော်)
Cambodia : $4,955,300,000
Brunei Darussalam : $636,245,814
Timor-Leste : $440,752,140
Lao PDR : $384,624,280
.
ဒီကိန်းဂဏန်းတွေကို ဒီဝဗ်ဆိုက်ကနေ Excel file download လုပ်ပြီး တစ်နိုင်ငံစီ ပေါင်းကြည့်လိုက်ရင် ရပါတယ်။ နိုင်ငံအသီးသီးအလိုက် ထောက်ပံ့ကြေးငွေ စာရင်းတွေ ဒီမှာ အားလုံးရှိပါတယ်။ ဖတ်ကြည့်ကြပါ။ တွက်ကြည့်ကြပါ။
source: https://covid19policy.adb.org
.
ကျွန်တော် တွက်တာမှားကောင်း မှားနေနိုင်ပါသေးတယ်။ ဘဏ္ဍာရေး ပညာရှင်တွေကတော့ အမှန်ကို တန်းကနဲ မြင်ကြမှာပါ။ ‌တာဝန်ရှိသူတွေ လွှတ်တော်အမတ်တွေ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူအကြီးအကဲတွေ နှိုင်းယှဥ် သတိပြုနိုင်အောင် ရေးလိုက်တာဖြစ်ပါတယ်။ ဖတ်သင့်တဲ့လူဆီ share လုပ်ပေးကြပါ။ ကျေးဇူးပါ။

1 Comment

1 Comment

  1. Zaw Zeya

    November 16, 2020 at 4:29 am

     ဘဏ္ဍာရေး ပညာရှင်တွေကတော့ အမှန်ကို တန်းကနဲ မြင်ကြမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

More in EDITORIAL

  • Advertorial

    မြန်မာနက် ဆိုတာ…

    By

      မြန်မာနက် ဆိုတာ… မြန်မာနက် ဆိုတာ မြန်မာအားလုံးအတွက် ဒစ်ဂျစ်တယ် ကမ္ဘာကြီးထဲက အိမ်ရာပါ။ အင်တာနက်ဆိုတဲ့ IT jungle ကြီးထဲကို ဝင်သွားပြီးရင် လမ်းပျောက်တတ်လွန်းတဲ့အတွက် အင်တာနက်လမ်းညွှန်...

  • Advertorial

    သင့်လုပ်ငန်းမှာ Google Workspace နည်းပညာတွေကို အသုံးချကြည့်စမ်းပါ

    By

    ယခင် Google Apps for work, Google Apps, G Suite စတဲ့ နာမည် အမျိုးမျိုးနဲ့ လို့ ကျော်ကြားတဲ့ Google ရဲ့...

  • google workspace, google g suite google workspace, google g suite

    Advertorial

    ဂူဂဲလုပ်ငန်းခွင် ခေါ် Google Workspace ဆိုတာဘာလဲ?

    By

    ယခင် Google Apps for work (Google Apps) လို့ လူသိများတဲ့ Google ရဲ့ service တစ်ခုဖြစ်ပါတယ်။ G Suite လို့...

  • history in 366 days history in 366 days

    Advertorial

    ၃၆၆ ရက်မှတ်တမ်း

    By

    နှစ်တစ်နှစ်မှာ ၃၆၅ ရက်သို့မဟုတ် ရက်ထပ်နှစ်မှာ ၃၆၆ ရက် ပဲရှိပါတယ်။ ဟုတ်ပါတယ်။ စကြာဝဠာကြီးထဲမှာ ကမ္ဘာမှာ မြန်မာမှာ ဖြစ်ဖြစ်ခဲ့သမျှ အကြောင်းအရာ အားလုံးဟာ ဒီ ၃၆၆...

  • job vacancy myanmar job vacancy myanmar

    Advertorial

    အကြံပေးချင်တဲ့ အလုပ်ရှာနည်းလေးတွေ

    By

    အလုပ်ရှာနေတဲ့ မိတ်ဆွေတွေ အလုပ်အမြန်ရဖို့ နည်းလမ်ကောင်းများ မြန်မာနက်မှာ ရှိပါတယ်။ မြန်မာနက်က အခမဲ့ ကူညီပေးနေပါတယ်။ လောလောဆယ် အလုပ်မရှိသေးလို့ ဖြစ်ဖြစ် သို့မဟုတ် အလုပ်ပြောင်းချင်လို့ဖြစ်ဖြစ်၊ အလုပ်ရှာနေသူတွေအတွက် များပြားလှတဲ့...

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.