Connect with us

decaffeinated စွန်ပလွံ ကော်ဖီ သောက်ဖူးပြီးပြီလား?

FOOD & RECIPES

decaffeinated စွန်ပလွံ ကော်ဖီ သောက်ဖူးပြီးပြီလား?

စွန်ပလွံ သီး (dates fruits) များ စားပြီးသည့်အခါ၊ စွန်ပလွံစေ့များကို လွှင့်မပစ်ဘဲ သိမ်းထားပါ။ ယင်းတို့ကို ဆေးကြော သန့်စင် အခြောက်ခံပြီးလျှင်၊ ကော်ဖီစေ့အတိုင်း 200º centigrade တွင် မိနစ် ၃၀ ခန့် လှော်လိုက်ပါ။

ဆင်တူသော်လည်း အရသာပုံစံတစ်မျိုးရှိသော decaffeinated (decaf) ကော်ဖီကို ပြုလုပ်နိုင်ပါသည်။ အသေးစိတ်ကို ဗီဒီယိုထဲတွင် ကြည့်ပါ။ ဤ စွန်ပလွံကော်ဖီ သည် သဘာဝ စွမ်းအား မြှင့်တင်ပေးသည့် ကဖင်းဓာတ်မပါသော ကော်ဖီကို ရရှိရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

စွန်ပလွံပင် ဆိုသည်မှာ အရှေ့အလယ်ပိုင်း ဒေသတွင် အပေါက်များသည့် လှပတင့်တယ်သော သစ်ပင်မျိုးဖြစ် သည်။ ပင်စည်မှာ ဖြောင့်မတ်ရှည်လျား၍ အပင်ထိပ်မှာသာ အရွက်များဝေဆာလေသည်။ ပင်စည်အမြင့် ပေ ၆ဝ မှ ပေ ၈ဝ အထိရှိသည်။ ပင်စည်၏ အခေါက်သည် ကြမ်းထော်သည်။ ငှက်တောင်သဖွယ်ဖြစ်သော အရွက်များသည် အလျား ၁ဝပေမှ ပေ ၂ဝ အထိ ရှိသည်။ စွန်ပလွံပင်သည် အသက်ရှည်သော သစ်ပင်ဖြစ်ရာ နှစ်ပေါင်း တစ်ရာကျော်အထိ နှစ်စဉ်ဆက်ကာ အသီးများသီးလေ့ရှိသည်။ အသီးကို အမှည့်အတိုင်းဖြစ်စေ၊ အခြောက်လှန်း၍ဖြစ်စေ စားသုံးကြသည်။ အချို့အသီးခိုင်ကြီး များတွင် တစ်ခိုင်လျှင် အသီးပေါင်း ၁ဝဝဝ ကျော်ပါ၍ အလေး ချိန်အားဖြင့် ပေါင် ၂ဝ ကျော်မျှ ရှိသည်။ အီရတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စွန်ပလွံ အများဆုံး စိုက်ပျိုးသော တိုင်းပြည်ဖြစ် ရာ ဥရောပတိုက်နှင့် အမေရိကတိုက်များသို့ စွန်ပလွံသီး အမြောက်အမြား တင်ပို့လေသည်။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌လည်း စွန်ပလွံပင်ကို စိုက်ပျိုးကြသည်။ ဥရောပတိုက်ရှိ မြေထဲပင်လယ်ကမ်းခြေတစ် လျှောက်၌ စွန်ပလွံပင်များကို အလှအပသက်သက် စိုက်ပျိုးကြ သည်။

စွန်ပလွံပင်သည် အုန်းပင် ထန်းပင်မျိုးတို့တွင် ပါဝင်၍၊ ရာသီဥတု ပူပြင်းခြောက်သွေ့ လွန်းသောအရပ်တွင် ပေါက် ရောက်သည်။ ထို့ကြောင့် ရှေးပဝေဏသီမှစ၍၊ တူးမြောင်းများဖြင့် ရေသွင်း စိုက်ပျိုးနိုင်သော အာဖရိကတိုက် မြောက်ပိုင်းနှင့် အာရှတိုက်ရှိ သဲကန္တာရအရပ်များတွင် စွန်ပလွံပင်ကို အထူး တစ်လည် စိုက်ပျိုးခဲ့ကြသည်။

ရှေးရှေးကစ၍ ထိုအရပ်ဒေသများတွင်နေထိုင်ကြသူတို့သည် စွန်ပလွံသီးကိုနေ့စဉ်စားသုံးရန်အစာအဖြစ် သုံးစွဲခဲ့ကြသည်။ စွန်ပလွံသား ကိုလည်း အခြားသစ်သား များနည်းတူ အမျိုးမျိုး အသုံးချခဲ့ကြသည်။ ပူပြင်းခြောက်သွေ့သော ဒေသများတွင် စွန်ပလွံပင်များသည် အပန်းဖြေရန် အရိပ်ကောင်းပေးကြပေသည်။ အာရေဗျသဲကန္တာရနှင့် ဆဟားရား သဲကန္တာရများတွင်ရှိသော အိုအေးစစ် ခေါ် စိမ့်စမ်းပေါ်ထွက်ရာ ကန္တာရရိပ်သားများ၌ စွန်ပလွံပင်များ ကို စိုက်ပျိုးနိုင်၍သာ လူများ နေထိုင်နိုင်ပေသည်။ အီဂျစ်တစ် နိုင်ငံတည်း၌ စွန်ပလွံပေါင်း ၅ သိန်းကျော်မျှရှိသည်။

.

စွန်ပလွံပင် အကြောင်း –
https://my.wikipedia.org/wiki/%E1%80%85%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%9C%E1%80%BD%E1%80%B6%E1%80%95%E1%80%84%E1%80%BA

 

Facebook တွင် ကျွန်ုပ်တို့ကို Like လုပ်ပါ- https://www.facebook.com/Crave-to-Cook-109937650480583/
Instagram တွင်ကျွန်ုပ်တို့ကိုလိုက်နာပါ – https://www.instagram.com/crave2cook/
Pinterest တွင်ကျွန်ုပ်တို့ကိုလိုက်နာပါ – https://www.pinterest.com/Crave2Cook/

ကျေးဇူးအများကြီးတင်ပါတယ်!!

#ကော်ဖီ #datecoffee #datepitcoffee #dateseedcoffee

More in FOOD & RECIPES

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.