Connect with us

IOWA လွှတ်တော်အမတ် GRASSLEY Covid-19 positive ဖြစ်ပြီး Quarantine ဝင်နေရ

HEALTH

IOWA လွှတ်တော်အမတ် GRASSLEY Covid-19 positive ဖြစ်ပြီး Quarantine ဝင်နေရ

အသက်(87)နှစ်အရွယ် Iowaဒေသရဲ့လွှတ်တော်အမတ် Chuck Grassley ဟာ Covid-19 positiveဖြစ်နေကြောင်းနှင့်ယခုအခါတွင်Quarantineဝင်နေရကြောင်းကိုအင်္ဂါနေ့ညပိုင်းမှာပြောကြားခဲ့ပါတယ်။

Iowaဒေသရဲ့လယ်သမားတစ်ဦးဖြစ်သူ Grassley ဟာ U.S. လွှတ်တော်တွင်နှစ်ပေါင်း(၄၀)ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီးယခုလောလောဆယ်တွင်လွှတ်တော်ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။သူဟာအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကိုခံစားနေရကြောင်း ထုတ်ပြန်ကြေငြာချက်နှစ်ရပ်ဖြင့်ထုတ်ပြန်ခဲ့ပြီးမကြာမီတွင်မူ၄င်း၏twitterစာမျက်နှာ၌positiveဖြစ်ကြောင်းကိုတင်ခဲ့ပါတယ်။

“ကျွန်တော်ဟာcoronavirus positiveဖြစ်ကြောင်းစမ်းသပ်တွေ့ရှိခဲ့ပါတယ်”ဟုလွှတ်တော်အမတ်ကြီးကtwitterပေါ်တွင်ပြောကြားခဲ့ပါတယ်။”ကျွန်တော်ဟာဆရာဝန်များရဲ့ပြောကြားချက်များကိုနားထောင်ပြီးကူးစက်ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေးစင်တာရဲ့ညွှန်ကြားချက်များအတိုင်းလိုက်နာပြီးဆက်လက်quarantineဝင်သွားမည်ဖြစ်ပါတယ်။ကျွန်တော်နေရထိုင်ရအဆင်ပြေနေ​ပြီး၊ Iowa ဒေသရဲ့ပြည်သူများအတွက်ကျွန်တော့်အလုပ်တာဝန်များကိုမပြတ်လပ်စေဘဲနေအိမ်မှတာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။အားလုံးရဲ့အားပေးစကားများနှင့်ဆုတောင်းစကားများအတွက်လည်းကျေးဇူးတင်ပါတယ်၊မကြာမီတွင်ကျွန်တော်ရဲ့ပုံမှန်အချိန်ဇယားအတိုင်းအလုပ်တာဝန်များကိုဆက်လက်ထမ်းဆောင်နိုင်ရန်မျှော်လင့်ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရကြောင်း​ထုတ်ပြန်ကြေငြာခဲ့သည့်​ ထုတ်ပြန်ချက်နှစ်ရပ်တွင်သူသည်ယခုမှစ၍quarantineဝင်တော့မည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့ပါတယ်။

Grassley ကို 1933ခုနှစ်တွင်Iowaပြည်နယ်New Hartfordမြို့၌မွေးဖွားခဲ့ပါတယ်။သူသည်
1958တွင်Iowaပြည်နယ်၏ဥပဒေပြုလွှတ်တော်အမတ်အဖြစ်၊1974တွင်U.S.ဒေသ၏ပြည်သူ့လွှတ်တော်အမတ်အဖြစ်နှင့် 1980တွင်U.S.အထက်လွှတ်တော်အမတ်အဖြစ်ရွေးကောက်အနိုင်ရရှိခဲ့ပါတယ်။သူသည်လွှတ်တော်ဘဏ္ဍာရေးကော်မတီ၏ဦးဆောင်ဥက္ကဋ္ဌလည်းဖြစ်ပြီးလယ်ယာစိုက်ပျိုးရေး၊တရားစီရင်ရေးနှင့်ဘက်ဂျက်စသောကော်မတီအများစု၏အသင်းဝင်တစ်ဦးလည်းဖြစ်ကြောင်းကိုလွှတ်တော်အမတ်များဆိုင်ရာဝက်ဘ်ဆိုက်စာမျက်နှာရှိသူ၏ကိုယ်ရေးအချက်အလက်များတွင်ရေးသားဖော်ပြထားပါတယ်။

Washington Post၏ဖော်ပြချက်အရတနင်္လာနေ့တွင်သူသည် “အမေရိကန်ပြည်သူများအားလုံးကိုနှာခေါင်းစည်းmaskများတပ်ဆင်သင့်ပြီးကိုယ့်ကိစ္စကိုယ်တာဝန်ယူသင့်ကြောင်း”ပြောကြားချက်များအရသိရှိရပါတယ်။

“ကျွန်တော်တို့အားလုံးဒီအရာကိုအတူတကွဖြတ်​ကျော်ကြရမယ်၊ဒါပေမယ့်လူတိုင်းကလဲကိုယ့်အပိုင်းကိုယ်တာဝန်ကျေကြရမယ်”လို့တနင်္လာနေ့ကလွှတ်တော်မြေပေါ်တွင်သူကိုယ်တိုင်ကနှာခေါင်းစည်းmaskမတပ်ပဲပြောကြားခဲ့ကြောင်း Washington Post၏အစီရင်ခံချက်အရသိရပါတယ်။

Twitterပေါ်တွင်သူက “ပြည်သူအားလုံးလည်းမိမိကိုယ်ကော မိသားစုများနှင့်မိမိတို့အသိုင်းအဝိုင်းများ လုံခြုံစေမည့်နည်းလမ်းများကိုအာရုံစိုက်သင့်ပြီး သူကိုယ်တိုင်လည်းသူ၏မိသားစုဖြင့်ပုံမှန်အားဖြင့်ကြီးမားသော Thanksgiving(ကျေးဇူးတော်စားပွဲ) စုရုံးမှုကိုပြုလုပ်ကြသော်လည်း ယခုတွင်မူပြုလုပ်ကြကြောင်းပြောကြားခဲ့ပါတယ်။

သူက 1954 ခုနှစ်ကတည်းကသူ၏ဇနီးBarbaraနှင့် လက်ထပ်ခဲ့ပြီးသူတို့မှာသားသမီးငါးယောက်ရှိပါတယ်။

သူ့ရဲ့မိသားစုများကိုယ်တိုင်လည်း နှာခေါင်းစည်းmask များ၀တ်ဆင်ခြင်း၊ လက်သန့်စင်ခြင်းနှင့် social distancingတို့ပြုလုပ်၍နေထိုင်ကြောင်းဆက်လက်ပြောကြားခဲ့ပါတယ်။

ရောဂါကူးစက်မှုများမြင့်တက်လာသည်နှင့်အမျှကျွန်တော်(Iowa)အပါအ၀င် အစိုးရအုပ်ချုပ်ရေးမှူး (ကင်) ရိုင်နိုးလ် (Iowa) မှ
ကျိုးကြောင်းဆီလျော်သောနည်းလမ်းဖြင့်ပြန့်ပွားမှုကိုရပ်တန့်ရန်နှင့် လူအဖွဲ့အစည်းကူးစက်နိုင်သောနည်းလမ်းများအားနှစ်ဆလျှော့ချရန် တောင်းဆိုသွားမယ်လို့သူရဲ့ Twitter မှာတနင်္လာနေ့ကပြောကြားခဲ့ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.