Connect with us

အိန္ဒိယနိုင်ငံတွင် Gorehabba ခေါ် နွားမစင်တုံး ပစ်ပေါက် ပွဲတော်ကျင်းပ

HEALTH

အိန္ဒိယနိုင်ငံတွင် Gorehabba ခေါ် နွားမစင်တုံး ပစ်ပေါက် ပွဲတော်ကျင်းပ

အိန္ဒိယနိုင်ငံ တောင်ပိုင်းပြည်နယ်တွေဖြစ်ကြတဲ့ ကာနာတာကာ နဲ့ တမီလ် နာဒူးတို့ရဲ့ နယ်စပ်မှာ တည်ရှိတဲ့ ဂူမက်တာပူရာ ကျေးရွာမှာတော့ ယခုအပတ်ထဲမှာ နွားမစင်တုံးတွေနဲ့ ပစ်ပေါက်တဲ့ (Gorehabba) လို့ ခေါ်တဲ့ ပွဲတော်တစ်ခုကို ကျင်းပခဲ့ပါတယ်။

ဒီပွဲတော်ဟာLord Veerabhadraswamy နှင့် Goddess Bhadrakali အကြားဒဏ္ဍာရီဆန်သောဟိန္ဒူလက်ထပ်ထိမ်းမြားမှုဆိုင်ရာအငြင်းပွားမှုရဲ့အမှတ်အသားတခုလည်းဖြစ်ပါတယ်။ဒီရိုးရာဟာလွန်ခဲ့သောနှစ်ပေါင်းရာချီကအစချီခဲ့ပါတယ်။ဟိန္ဒူဘုရား Shiva ၏ကြောက်မက်ဖွယ်ကောင်းသောပုံစံဖြစ်သော Lord Veerabhadraswamy သည်နတ်ဘုရား Bhadrakali နှင့်လက်ထပ်လိုသော်လည်းမင်္ဂလာဆောင်ခြင်းကိုဆန့်ကျင်သောအငြင်းပွားမှုဖြစ်စေခဲ့ပါတယ်။Goddess Badhrakali ရဲ့ဘက်တော်သားတွေက နွားမစင်လုံးတွေကိုလက်နက်အဖြစ်ရွေးချယ်ခဲ့ပြီး ဒေသခံနွေ ဦး ပွဲတော်ဒါမှမဟုတ် Ugadi ပွဲတော်များအပြီးတွင်ရိုးရာအစဉ်အလာအတိုင်းဆက်ရှိနေတာဖြစ်ပါတယ်။

ပွဲတော်မှာတော့ ရွှင်လန်းတက်ကြွနေတဲ့ ရွာသားတွေဟာ နွားချေးတွေကို ကော်ခပ် နှင်းဘောလုံးတွေလိုမျိုးအလုံးတွေ လုံးပုံသွင်းပြီး အပြန်အလှန်ပစ်ပေါက်ကြတာ ဖြစ်ပါတယ်။
ပြိုင်ဘက်အုပ်စုနှစ်စုအကြားနွားမစင်တွေအချင်းချင်းပစ်ပေါက်ကြတဲ့ဒိီပွဲတော်ဟာဆိုရင် အဲ့ဒီရွာအတွက် အရေးကြီးတဲ့ပွဲတော်ဖြစ်ပြီး နှစ်စဉ်ထုံးတမ်းစဉ်လာတိုင်း ဒီပါ၀လီပွဲတော်အပြီးမှာကျင်းပကြတာဖြစ်ပါတယ်။ သူတို့က ဒီလိုကျင်းပတာဟာ ကျန်းမာရေးကောင်းမွန်ခြင်းတွေကို ယူဆောင်ပေးတယ်လို့ ယုံကြည်ကြပါတယ်။

အနီးအနား ကျေးရွာတွေ၊ ဒေသတွေက လူတွေလည်း ဒီပွဲမှာ လာရောက်ပူးပေါင်း နွှဲပျော်ကြပါတယ်” လို့ ဒေသကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်တဲ့ ရှမ်ဘူ လင်ဂါပါက အေအက်ဖ်ပီကို ပြောပါတယ်။

အစပိုင်းမှာ ကျေးရွာထဲက နွားမွေးထားသောအိမ်များမှ နွားချေးတွေကို စုဆောင်းတာနဲ့ စတင်ပါတယ်။

ထို့နောက် ထပ်တစ်ရာပန်းတွေနဲ့ အလှဆင်ထားတဲ့ နွားလှည်းတွေ၊ ထွန်စက်တွေနဲ့အတူ နွားချေးမြေသြဇာတွေကို ဒေသ ဘုရားကျောင်းတစ်ခုဆီ ယူဆောင်လာခဲ့ကြပါတယ်။ ပြိီးတဲ့နောက်မှာတော့ ဘာသာရေးခေါင်းဆောင်တစ်ဦးက ရွတ်ဖတ်ဆုတောင်းပူဇော်ပေးပါတယ်။

ရွတ်ဖတ်ပူဇော်ပြီးတဲ့အခါမှာတော့ နွားချေးတွေကို မြေကွက်လပ်တစ်ခုမှာ ပုံလိုက်ပြီး အဲဒီမှာ ယောကျ်ားတွေက နွားချေးတွေကို ကော်ယူပြီး တစ်ဦးနဲ့တစ်ဦး ပစ်ပေါက်ဖို့အတွက် လက်နက်တွေအဖြစ် စတင်ပြင်ဆင်ပါတော့တယ်။

“သင့်ရဲ့လက်တစ်စုံနဲ့ နွားချေးတွေကို သယ်မလိုက်တာဟာ ရောဂါအတော်များများကို ကုသပေးလိုက်သလိုပါပဲ၊ ပါဝင်ဆင်နွှဲသူတွေဟာ ဘယ်တော့မှ ဖျားနာမှာမဟုတ်ဘူးဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုတစ်ခု ရှိပါတယ်” လို့ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ မာဟန်ဒရာက ပြောသွားခဲ့ပါတယ်။

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.