Connect with us

ငရုတ်ပင်စိုက်ပျိုးနည်း

HEALTH

ငရုတ်ပင်စိုက်ပျိုးနည်း

ငရုတ်ပင်ကို ရုက္ခဗေဒအမည်အရ Capsicum sppလို့လည်းခေါ်ပါတယ်။ ငရုတ်ပင်ရဲ့ မူရင်းဒေသများဟာ တောင်အမေရိကတိုက်၊ အမေရိကအလယ်ပိုင်းနှင့် အပူပိုင်းဒေသမျာ၊း ဘရာဇီးနှင့်အနီးတ၀ိုက်ကျွန်းများ၊ အနောက် အိန္ဒိယကျွန်းစုတို့ဖြစ်တယ်လို့ ယူဆကြပါတယ်။

ငရုတ်မျိုးမှာမျိုးစိတ် ၂မျိုးရှိပါတယ်။ Capsicum annum နှင့် C-frutescens ဆိုပြီးဖြစ်ပါတယ်။ ငရုတ်မျိုးစိတ် C-frutescens ဟာဆိုရင် နှစ်ရှည်ခံပင်ဖြစ်ပြီး တစ်ခါတစ်ရံ နှစ်ခံပင်အဖြစ် စိုက်ပျိုးကြပါတယ်။တောက်ပတဲ့အရောင်ရှိပြီး C-annum ထက် အသီးအရွယ်အစားပိုသေးငယ်ပါတယ်။အခြားမျိုးတွေထက်သူကပိုပူပါတယ်။

C-frutescens မှာ အမျိုးအစားသုံးမျိုးပါ၀င်ပါတယ်။

1. Var mininum နှစ်ရှည်ခံပင်ဖြစ်ပြီးအချိန်မရွေးခူးနိုင်ပါတယ်။

2.Var baccatum ဒီမျိုးကိုတော့အလှစိုက်ပျိုးကြပါတယ်

3.Var pubescens အမေရိကတောင်ပိုင်းတွေမှာစိုက်ပျိုးပါတယ်။ပွင့်ချပ်ခရမ်းရောင်ရှိပြီး အစေ့မှာအနက်ရောင်ရှိပါတယ်။

​ပေါက်ရောက်နိုင်သောမြေအမျိုးအစားများ

မြေသြဇာကြွယ်၀ပြီး ရေမ၀ပ်သောမြေမျိုး၊ သဲနုန်းနဲ့ နန်းမြေပွမျိုးဟာ ငရုတ်စိုက်ပျိုးရန်အကောင်းဆုံးမြေများဖြစ်ပါတယ်။ မြေစေးအသင့်အတင့်ပါသောမြေတွင်စိုက်ပျိုးနိုင်သော်လည်းရေမ၀ပ်စေရန်ဂရုစိုက်ရမည်။ သဲမြေတွင်စိုက်ပျိုးမည့်သူများအတွက်ကတော့ သဘာ၀မြေသြဇာ လုံလောက်စွာထည့်ပြီးမှစိုက်ပျိုးသင့်ပါတယ်။ အသင့်တော်ဆုံး Ph မှာ (၅.၅ မှ ၇.၀)ရှိသောမြေဖြစ်ပါတယ်။

ဘယ်လိုရာသီဥတုတွေမှာအဆင်ပြေလည်း?

ငရုတ်ဟာ ပူနွေးစိုစွတ်သော ရာသီဥတုကိုကြိုက်ပါတယ်။ မိုးရေချ်ိန် ၂၅မှ ၅၀ လက်မရွာသောဒေသတွင်စိုက်ပျိုးရန်ကောင်းမွန်ပါတယ်။ မိုးများလွန်းလျှင် ပသီးပုပ်နိုင်ပါတယ်။အသင့်တော်ဆုံးအပူချိန်မှာ (၇၀-၈၀)ဒီဂရီဖာရင်ဟိုက်ဖြစ်ပါတယ်။

ပျိုးထောင်ခြင်း

ပျိုးထောင်လျှင် အကျယ်၃ပေ အမြင့်၆ပေ အရှညခ၃၀လက်မရှိသောဘောင်များပြုလုပ်ရပါမယ်။ နွားချေးမြေဆွေးတို့ထည့်ပြီး ဘောင်မျက်နှာပြင်ညီအောင်ညှိရပါမယ်။မျိုးစေ့များကိုပြာပြီး သဲတို့နှင့် ညီညာစွာ ခပ်ပါးပါးကြဲပေးသင့်ပါတယ်။ မျိုးစေ့တွေခိုင်မာစွာစွဲကပ်ဖို့ လက်သို့မဟုတ် ပျဥ်းပြားနဲ့ဖိပေးဖို့လိုပါမယ်။ ကောက်ရိုးပါးပါးအုပ်၍ရေလောင်းခြင်းနည်းနဲ့လည်းပျိုးထောင်နိုင်ပါတယ်။ တစ်ဧကအတွက်ဆိုရင်တော့ မျိုးစေ့ ၂၀၀ဂရမ် လိုအပ်ပါတယ်။

၇ရက်မှ ၁၀ရက်အတွင်း အပင်ပေါက်စုံကနေ ကောက်ရိုးဖယ်ပြီး နံနက်တစ်ကြိမ် ညနေတစ်ကြိမ်ရေလောင်းပေးသင့်ပါတယ်။ မိုးများတဲ့ဒေသတွေဆိူရင်တော့ ပျိုးထောင်တဲ့အခါ အရိပ်လုပ်ပေးရပါမယ်။

စိုက်ပျိုးနည်း

တိုက်ရိုက်စိုက်ပျိုးနည်းနဲ့ ရွှေ့ပြောင်းစိုက်ပျိုးနည်းဆိုပြီး ၂မျိုးရှိပါတယ်။

တိုက်ရိုက်စိုက်နည်း: မိမိကြိုက်နှစ်သက်သော ထယ်ရေး၊ထွန်ရေး ရပါက မျိုးစေ့များအား ညီညာစွာကြဲပက် စိုက်ပျိုးနည်း ဖြစ်ပါတယ်။ အပင်ပေါက်စုံရင် လိုချင်သောအကွာအဝေးထားကာ ကျန်အပင်များကိုနှုတ်ပေးရပါမယ်။

ရွှေ့ပြောင်းစိုက်ပျိုးနည်း

ထယ်ရေးအသင့်ပြင်ထားသော မြေပေါ်တွင် အသင့်ပျိုးထားသောပျိုးပင်များကို ပျိုးသက် ၃၀-၄၅ ရက်သားခန့်ရလျှင် ​ရွှေ့ပြောင်းစိုက်ပျိုးတဲ့နည်းဖြစ်ပါတယ်

မြေသြဇာအတွက်ဘာတွေသုံးရမလည်း?

တစ်ဧကလျှင် နွားချေးလှည်း အစီး၁၀မှ ၂၀စီးထည့်နိုင်ပါတယ်။ ဓာတ်မြေသြဇာအတွက်ကတော့ ယူရီးယား ၁အိတ် တီစူပါ ၁အိတ် ပိုတက်ရှ် ၁အိတ် နှုန်းမြေပြုပြင်စဥ်ထည့်ပြီး အပင်ကြီးထွားသည့်အဆင့်မှာတော့ ယူရီးယား ၂အိတ်ကို ထပ်မံထည့်ကျွေးရပါမယ်။

ရိတ်သိမ်းခြင်းနဲ့အထွက်တိုးနှုန်း

ရွှေ့ပြောင်းစိုက်ပြီး ၂လအကြာ ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး ၂ပတ်အကြာမှာတော့ ပထမကြိမ်စတင်ခူးလို့ရပါပြီ။ ရွှေ့ပြောင်းစိုက်ပြီး ၃ ၄ လအတွင်းခူးနိုင်ပါတယ်။ ငရုတ်သီးအမှည့်ကိုခူးရာမှာ အစိမ်းတစ်ပိုင်း အနီတစ်ပိုင်းအဆင့်ရှိငရုတ်သီးမျိုးနဲ့ ငရုတ်သီးတတောင့်လုံးအညိုရောင်ပြောင်းနေတာတွေကို မခူးရပါဘူး။ အနီရောင်သန်းမှသာခူးရပါမယ်။ ငရုတ်သီးအစိမ်းကိုလည်း ခူးယူရောင်းချနိုင်ပါတယ်။ မျိုးနှင့်မြေအခြေအနေပေါ်မူတည်၍ တစ်ဧကလျှင် ငရုတ်သီးစိမ်း ၄၀၀မှ ၁၀၀၀ပိဿာထွက်၍ အခြောက်တစ်ဧကလျှင် ၁၀၀မှ ၂၀၀ပိဿာ ရနိုင်ပါတယ်။

 

Continue Reading
Advertisement
You may also like...

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.