Connect with us

၀န်ကြီးချုပ် Yoshihide Sugaမှ လယ်ယာထွက်ကုန်တင်ပို့မှုကိုတိုးမြှင့်ရန်နှင့်ဒေသတွင်းစီးပွားရေးပြန်လည်ရှင်သန်ရန်စိတ်အားထက်သန်

HEALTH

၀န်ကြီးချုပ် Yoshihide Sugaမှ လယ်ယာထွက်ကုန်တင်ပို့မှုကိုတိုးမြှင့်ရန်နှင့်ဒေသတွင်းစီးပွားရေးပြန်လည်ရှင်သန်ရန်စိတ်အားထက်သန်

၀ န်ကြီးချုပ်Yoshihide Sugaသည်အောက်တိုဘာ ၂၆ ရက်က ပထမဆုံးမူဝါဒမိန့်ခွန်းပြောကြားခဲ့ပြီးကျေးလက်ဒေသများအားပြန်လည်အားကောင်းလာစေရန်နှင့်ခရီးသွားလုပ်ငန်းနှင့်စိုက်ပျိုးရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကိုတိုးမြှင့်ခြင်းဖြင့်ဂျပန်စီးပွားရေးကိုလှုံ့ဆော်ရန်စိတ်အားထက်သန်ကြောင်းဖော်ပြခဲ့ပါတယ်။
ဒေသတွင်းရှိ ၀င်ငွေတိုးလာရေးအတွက်သူသည်စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုကိုတိုးမြှင့်ခြင်းနှင့်လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲမှုများကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီးဒါဟာလည်း ၀ န်ကြီးချုပ်အနေဖြင့်အာရုံစိုက်ရမည့်မူဝါဒများဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ သို့သော်သူသည်စိုက်ပျိုးရေးနှင့် ပတ်သက်၍ မူဝါဒအသစ်များကိုမကမ်းလှမ်းနိုင်ခဲ့ပါဘူး

Suga သည် Akita စီရင်စုရှိလယ်ယာတစ်ခုတွင်မွေးဖွားခဲ့တာဖြစ်ပြီး ကျေးလက်ဒေသလူမှုအသိုင်းအဝိုင်းများတည်ဆောက်ရန်ဆုံးဖြတ်ထားမှုကိုအဲ့ဒီနေ့ကကျင်းပခဲ့တဲ့ Extraordinaty diet session အလေးအနက်ပြောကြားခဲ့ပါတယ်။ဒါဟာ သူစက်တင်ဘာလအတွက်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့သမ္မတရွေးကောက်ပွဲအတွက်အစဉ်အဆက်ကတည်းထိန်းသိမ်းထားတော်မူသောရပ်တည်ချက်လည်းဖြစ်ပါတယ်။

လယ်ယာထွက်ကုန်များပြည်ပသို့တင်ပို့မှုနှင့် ပတ်သက်၍ သူကပြောကြားရာတွင် coronavirus ကူးစက်ရောဂါအသစ်အဆန်းဖြစ်နေသော်လည်းပို့ကုန်တန်ဖိုးဟာထပ်မံမြင့်တက်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်။

သူဟာ ရည်မှန်းချက်အောင်မြင်ရန်ယခုနှစ်အကုန်တွင်မဟာဗျူဟာနှင့်အတူတက်လာမည့်အစိုးရ၏အစီအစဉ်ဖြစ်သော၂၀၃၀ခုနှစ်တွင် လယ်ယာတင်ပို့မှုကိုယန်း၅ထရီလီယံသို့တိုးမြှင့်တင်ပို့ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းတို့ကိုထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်။

ထို့အပြင်အစိုးရအနေဖြင့်ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းကဏ္ဍ တို့ကိုပြုပြင်ပြောင်းလဲရန်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ထပ်မံအလေးပေးပြောကြားသည်မှာသူဟာစည်းမျဉ်းဥပဒေပြုပြင်ပြောင်းလဲမှုများကိုရှေ့သို့တွန်းတင်မည်ဖြစ်ကြောင်း၊ ဒေါင်လိုက်အပိုင်းလိုက်အုပ်ချုပ်မှုစနစ်ကိုဖြိုခွဲဖို့နှင့်ယခင်ဖြစ်တည်နေတဲ့အကျိုးစီးပွားဝါဒကိုဖယ်ရှားရန်အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

သို့သော် Suga ကမိုဘိုင်းဖုန်းကြေးများနှင့်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများရဲ့ကိန်းဂဏန်းများကိုနည်းအောင်လျှော့ချရန်တောင်းဆိုခဲ့သော်လည်းစိုက်ပျိုးရေးကဏ္ဍနှင့်ပက်သက်သောတိကျသည့်ကိစ္စရပ်များမပါ၀င်ဘူးလို့​လည်းပြောကြားခဲ့ပါတယ်။

ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုနှင့်စပ်လျဉ်း၍သူ၏အုပ်ချုပ်မှုသည်ဘက်ပေါင်းစုံလွတ်လပ်သောကုန်သွယ်မှုစနစ်ကိုထိန်းသိမ်းအားဖြည့်ပေးမှာဖြစ်ကြောင်းပြောကြားချက်များ
အရသိရပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.