Connect with us

ရွှေဖရုံသီးစိုက်ပျိုးနည်း

HEALTH

ရွှေဖရုံသီးစိုက်ပျိုးနည်း

ရွှေဖရုံသီးကို တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်တို့ရဲ့ကြား အပူပိုင်းဒေသမှာစတင်ပေါက်ရောက်တယ်လို့ဆိုကြပါတယ်။

ရွှေဖရုံသီးမျိုးပေါင်းများစွာရှိပါတယ်။ ရွှေဖရုံသီးက မြေဆီမြေသြဇာကောင်းတဲ့မြေကိုကြိုက်နှစ်သက်ပြီး နုန်းဆန်သောမြေ၊ မြေနီသဲ၀န်း၊ နုန်းစနယ်မြေတွေမှာစိုက်ပျိုးဖို့သင့်တော်ပါတယ်။ ပူနွေးသောရာသီတွေမှာပိုမိုဖြစ်ထွန်းသော်လည်း ရာသီဥတုအေးတဲ့နေရာတွေမှာလည်းစိုက်ပျိုးနိုင်ပါတယ်။ သက်တမ်းကတော့ ရက် ၁၀၀မှ ၁၂၀ရှိတဲ့အတွက် ဆီးနှင်းမရှိသောဒေသတွေမှာစိုက်ပျိုးဖို့လိုအပ်ပါတယ်။

စိုက်ပျိုးမည်ဆိုပါက ရင့်မှည့်သောအသီးမှ မျိုးစေ့ခံယူပြီး မျိုးပွားရပါတယ်။

စိုက်ပျိုးနည်းစနစ်

ထယ်ရေးကောင်းစွာရ​ပြီး ကြမ်းရိုက်မြေညှိထားသော အကွက်တွင် ၃ပေခြား၍ တစ်တန်းနှင့်တစ်တန်း ၂၀ပေ ခွာပြီး တကျင်းတွေ ၃စေ့မှ ၄စေ့ ချစိုက်ရပါတယ်။ တစ်ဧကမျိုးစေ့နှုန်းမှာ ၂ကီလိုဂရမ်မှ ၃ကီလိုဂရမ် ဖြစ်ပါတယ်။ ဆောင်းရာသီမှာစိုက်ပျိုးမယ်ဆိုလျှင် ရေ တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ် သွင်းပေးဖို့လိုပါတယ်။

အပင်ပြုစုတဲ့အခါမှာ တစ်လသားအရွယ်ရှိပင်ငယ်ရဲ့အပင်တန်းခြားကို ကြားထွန်၀င်ပေးပြီးအပင်ခြေရင်းရှိပေါင်းပင်များကို လက်ပေါင်းလိုက်ပေးဖို့လိုပါတယ်။ပေါင်းအခြေအနေအရ ၁၅ရက်ခြား သို့မဟုတ် ရက် ၂၀ခြား လုပ်ပေးဖို့လိုပါတယ်။ မိုးများတဲ့အခါမျိုးဆို အခင်းကိုရေမ၀ပ်အောင် ရေထုတ်ပေးဖို့လိုပါတယ်။

စိုက်ပျိုးပြီး ရက်ပေါင်း ၁၁၀ မှ ၁၂၀ ကြာလျှင် ရင့်မှည့်ပြီဖြစ်၍ စတင်ခူးနိုင်ပြီဖြစ်ပါတယ်။ ရွှေဖရုံသီးကို အညှာနဲ့ ထားပါက ပိုပြီးကြာရှည်ခံပါတယ်။ တစ်ဧကလျှင် ၂၀၀၀ကီလိုဂရမ် ထွက်နိုင်ပါတယ်။ ရွှေဖရုံသီး အလုံး ၁၅၀၀မှ ၂၀၀၀အထိသီးနိုင်ပါတယ်။

ရင့်မှည့်ပြီးသားရွှေဖရုံသီးကို ထက်ခြမ်းခွဲ၍ အတွင်းမှအစေ့များကိုလည်းမျိုးစေ့အဖြစ်သိမ်းထားနိုင်ပါတယ်။အစေ့များကိုရေဆေး ​နေလှန်းပြီး သန့်ရှင်းခြောက်သွေ့သောအစေ့များကို လေလုံဘူးသို့မဟုတ် ပုလင်းထဲထည့်ကာ သိုလှောင်ထားနိုင်ပါတယ်။

သတိပြုရမည့်အချက်မှာ ကျိုင်းကောင်များကိုအထူးနှိမ်နင်းရန်လိုအပ်ပြီး ရွှေဖရုံခင်းအသီးတင်နည်းပါက အမပွင့်များအား အဖိုပွင့်မီ ၀တ်မှုန်ကူးပေးရန် လိုအပ်တာဖြစ်ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.