Connect with us

၁၀ နှစ်အတွင်းကျေးဇူးတော်နေ့ပွဲတော်၏အနိမ့်ဆုံးကုန်ကျစရိတ်နှင့်ကြက်ဆင်စျေးနှုန်းများ

HEALTH

၁၀ နှစ်အတွင်းကျေးဇူးတော်နေ့ပွဲတော်၏အနိမ့်ဆုံးကုန်ကျစရိတ်နှင့်ကြက်ဆင်စျေးနှုန်းများ

COVID-19 ကပ်ရောဂါကြောင့်ဒီနှစ်ကျေးဇူးတော်နေ့ပွဲဟာကွဲပြားခြားနားလိမ့်မှာဖြစ်ပါတယ်။ကျေးလက်ဒေသများ၌ ဝေးလံခေါင်ဖျားမှုကြောင့်စုရုံးမှုများနည်းပါးလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ သို့သော်စားသုံးသူများအနေဖြင့်ပျော်မွေ့နိုင်သည့်အရာတစ်ခုမှာ ၂၀၁၀ ခုနှစ်မှစသောညစာနှင့် ကြက်ဆင်ဈေးနှုန်းများတွင် ယခုနှစ်၌စျေးအနိမ့်ဆုံးဖြင့်ရရှိနိုင်သောကြောင့်ဖြစ်ပါတယ်။

၃၅ ကြိမ်မြောက်အမေရိကန်လယ်ယာဗျူရိုအဖွဲ့ချုပ် (AFBF)ရဲ့ ကျေးဇူးတော်နေ့ညစာစားပွဲကုန်ကျစရိတ်အားစစ်တမ်းကောက်ယူမှုများအရ မိသားစု၁၀ဦး၏ပျမ်းမျှကုန်ကျစရိတ်သည်အမေရိကန်ဒေါ်လာ ၄၆.၉၀ (လူတစ် ဦး လျှင်ဒေါ်လာ ၅.၀၀ အောက်သာဖြစ်)ပြီး ၎င်းသည်ပြီးခဲ့သည့်နှစ်ထက်ပျမ်းမျှဒေါ်လာ ၂.၀၁ လျော့နည်းမှုဖြစ်သည်။
2010 မှစ၍ 2019 ထိစျေးနှုန်းများ

2019: $48.91

2018: $48.90

2017: $49.12

2016: $49.87

2015: $50.11

2014: $49.41

2013: $52.23

2012: $49.48

2011: $49.20

2010: $43.47

AFBF မှစီးပွားရေးပညာရှင်ဒေါက်တာဂျွန်နယူတန်က”ယခုနှစ်ကျေးဇူးတော်ညစာစားပွဲ၏ပျမ်းမျှကုန်ကျစရိတ်ဟာ ၁၀နှစ်ထဲမှာအနိမ့်ဆုံးဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။
စျေး ၀ယ်သူများကိုဆွဲဆောင်ရန်နှင့်ထုတ်ကုန်ကိုရွှေ့ပြောင်းရန်အရှုံးခံပြီးကြက်ဆင်စျေးကိုသတ်မှတ်တဲ့နည်းလမ်းဖြစ်ပါတယ်။ဒါဟာလက်လီ၀ယ်ယူသူများပိုမိုများပြားလာတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။
ညစာစားပွဲ၏အဓိကအချက်အချာဖြစ်သောရိုးရာကြက်ဆင်ဟာ ၁၆ ပေါင်တစ်ကောင်အတွက်ကန်ဒေါ်လာ ၁၉.၃၉၊ တစ်ပေါင်လျှင်အကြမ်းအားဖြင့်ဒေါ်လာ ၁.၂၁ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်ကထက် ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။အောက်တွင် 2010 ခုနှစ်မှ 2019ခုနှစ်အတွင်းကြက်ဆင်စျေးနှုန်းများကိုကြည့်နိုင်ပါတယ်။

2019: $20.80

2018: $21.71

2017: $22.38

2016: $22.02

2015: $23.04

2014: $21.65

2013: $21.76

2012: $22.23

2011: $21.57

2010: $17.66

ကူးစက်ရောဂါကြောင့်ထိတ်လန့်တကြားအများအပြားဝယ်ယူခြင်းဖြစ်လာနိုင်သလားဆိုသည်ကိုခန့်မှန်းရန်ခက်ခဲသော်လည်း၊ ကြက်ဆင်နှင့်ရိုးရာ ကျေးဇူးတော်ပွဲ၏အဓိကစားသောက်ကုန်များကတော့နိုင်ငံ၏ဒေသအများစုရှိကုန်စုံစတိုးများတွင်များပြားစွာရောင်းဝယ်နေပါတယ်။
လူထုအသိအမှတ်ပြုသောမတည်ငြိမ်သောစျေးကွက်၏စိန်ခေါ်မှုများကြားမှလယ်သမားများသည်ရောဂါဖြစ်ပွားမှုတစ်လျှောက်လုံးအစားအစာများကိုဆက်လက်ထုတ်လုပ်ရန်လုပ်ဆောင်ကြပါတယ်။ မကြာသေးမီကပြုလုပ်ခဲ့သည့် AFBF လူထုအမြင်သုတေသနပြုချက်အရအရွယ်ရောက်သူ ၁၀ ဦး တွင် ၉ ဦးဟာလယ်သမားများဖြစ်တယ်လို့ယုံကြည်ကြပါတယ်

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.