Connect with us

ဂျင်းစိုက်ပျိုးခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများနှင့်စိုက်ပျိုးနိုင်သောနည်းလမ်းများ

HEALTH

ဂျင်းစိုက်ပျိုးခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများနှင့်စိုက်ပျိုးနိုင်သောနည်းလမ်းများ

ဂျင်းကိုတရုတ်နိုင်ငံတွင် တိုင်းရင်းဆေးအဖြစ် လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ကျော်မှစတင်၍ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အာရှတိုက်မှာစတင်ပေါက်ရောက်တဲ့အပင်ဆိုလည်းမမှားပါဘူး။

သိပ္ပံနှင့်သုတေသနတွေ့ရှိချက်များအရ

ဂျင်းဟာ ခန္ဓာကိုယ်သွေးလည်ပတ်မှုကို အားပေးပြီး အဆစ်အမြစ်ရောင်ရမ်းခြင်း ကိုလျှော့ချပေးပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။

ဂျင်းတွင်ပါ၀င်သော Gingerolsနှင့် shogoals ခေါ်ဓာတုပစ္စည်းက သာမန်ပျို့အန်ခြင်းအပြင် လှုပ်ရှားမှုကြောင့်ဖြစ်သောပျို့အန်ခြင်း(motion nausea)ကိုပါသက်သာစေပါတယ်။ခွဲစိတ်ပြီးလူနာများတွင်ဖြစ်ပွားတတ်သော ပျို့ခြင်း၊အန်ခြင်းတို့မှာ ဂျင်းဟာ Metoclopramideလို့ခေါ်တဲ့ဆေးထက်အစွမ်းထက်တယ်လို့လည်းဆိုကြပါတယ်။

ဂျင်းဟာသွေးတွင်း Cholesterol ဓာတ်ကိုလည်းကျဆင်းစေပြီး သွေးပေါင်ချိန်လျော့ကျစေတဲ့အပြင်သွေခဲမှုကိုလည်းကာကွယ်ပေးပါတယ်။

တရုတ်နိုင်ငံတွင်ပြုလုပ်သော သုတေသနအရ ဘတ်တီးရီးယားကြောင့်ဖြစ်သော ၀မ်းကိုက်ရောဂါ(Bacillary dysentery)ကို ဂျင်းဖြင့် စမ်းသပ်ကုသရာ လူနာဦးရေ ၇၀%သက်သာပျောက်ကင်းကြောင်းဖော်ပြထားပါတယ်။

ဂျင်းဟာ သဲနှုန်းနှင့် ရွှံ့စေးဆန်သောမြေများကို နှစ်သက်ပါတယ်။ ပူအိုက်စွတ်စိုသောမိုးရေချ်ိန်ကောင်းစွာရသည့်အပူပိုင်းဒေသတွေမှာကောင်းစွာပေါက်ရောက်ဖြစ်ထွန်းပါတယ်။အေးသောဆောင်းရာသီမှာတော့ အမိုးအကာအတွင်းမှာစိုက်ပျိုးနိုင်ပါတယ်။ နွေဦးရာသီမှာတော့ ပြင်ပကွင်းပြင်တွင် စိုက်ပျိုးနိုင်ပါတယ်။အာဖရိက၊တရုတ်၊အိန္ဒိယနှင့် ဂျာမေကာနိုင်ငံတွေမှာစီးပွားဖြစ်စ်ိုက်ပျိုးကြပါတယ်။ ကမ္ဘာပေါ်မှာတော့ အိန္ဒိယနိုင်ငံမှဂျင်းကိုအများဆုံးစိုက်ပျိုးထုတ်လုပ်ပါတယ်။

မြေအောက်ပင်စည်၏ အဆစ်နေရာမှထွက်သောပင်စည်အတက်ကလေးများကို စိုက်ပျိုးကြပါတယ်။စိုက်ပျိုးမယ့်ဂျင်းကောင်းရဖို့အတွက် အရင်းအမြစ်ဟာလတ်ဆတ်စွာသိုလှောင်ထားတဲ့အမြစ်ဖြစ်ဖ်ို့လိုပါတယ်။သင်ဟာ စတိုးဆိုင်မှ၀ယ်လာတဲ့ဂျင်းကိုစိုက်ပျိုးဖို့လုပ်ထားရင်တော့ တစ်ခါတစ်ရံမှာကြီးထွားမှုကိုနှောင့်နေးစေတတ်တာကြောင့် မစိုက်ပျိုးခင် အမြစ်ကို ရေထဲတစ်ညလောက်စိမ်ထားပေးဖို့လိုပါတယ်။

စိုက်ပျိုးသည့်အခါ၆လက်မမှ ၈လက်မခြား၍ အနက် ၂လက်မမှ ၄လက်မနက်သောကျဥ်းမြောင်းလုပ်ပြီး အပင်ကိုစိုက်လို့ရပါတယ်။ ကြီးထွားတဲ့အခါမှာ ၂ပေမှ ၃ပေအထိကြီးထွားတက်ကြပါတယ်။

မြေသြဇာ

အကယ်၍သင်စိုက်ပျိုးမယ့်မြေဆီလွှာဟာစံသတ်မှတ်ချက်အောက်ရောက်ပါက အော်ဂဲနစ်ဓာတ်မြေသြဇာထည့်ပေးရပါမယ်။ ရက်သတ္တပတ်အနည်းငယ်ကြာမှာတော့အရည်ဓာတ်မြေသြဇာကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။

အထူးသဖြင့်မိုးသည်းထန်စွာရွာသွန်းတတ်သည့်ဒေသများတွင် မိုးဟာမြေဆီလွှာမှမရှိမဖြစ်လိုအပ်တဲ့ အာဟာရများကို ထုတ်ယူနိုင်တာကြောင့် အာဟာရများကိုထောက်ပံ့ပေးနိုင်သည့်မြေဆွေးများထည့်နိုင်ပါတယ်။ ဖော့စဖိတ်များများပါသောမြေသြဇာက ဂျင်းရဲ့အမြစ်များကိုအကျိုးပြုပါတယ်။

အပင်များ​ကြီးထွားနေတဲ့ချိန်မှာ ခြောက်သွေ့လို့မရပါဘူး။ရာသီတုအေးလာရင်တော့ ရေလောင်းတာကိုလျှော့ဖို့လိုပါတယ်။ ခြောက်သွေ့တဲ့ဒေသတွေမှာတော့ရေကို ပုံမှန်ဖြန်းပေးဖို့လိုပါတယ်။အလွန်အကျွံရေ၀ပ်ခြင်းကိုတော့ရှောင်ကြဥ်ရပါမယ်။

ရိတ်သိမ်းတဲ့အခါမှာတော့ အပင်တစ်ပင်လုံးကိုတူးပြီး ခူးယူနိုင်ပါတယ်။ ရင့်ကျက်တဲ့ဘယ်အချိန်မှာမဆိုရိတ်သိမ်းနိုင်သော်လည်း အပင်ဟာ ၈လမှ ၁၀လအရွယ်အထိရိတ်သိမ်းဖို့အကောင်းဆုံးချိန်ဖြစ်ပါတယ်။ ရိတ်သိမ်းပြီးနောက်ပြန်လည်စိုက်ပျိုးရန် ရေသောက်မြစ်ကိုရွေးပြီးနောက် အမြန်ပြန်လည်စိုက်ပျိုးရပါမယ်။

Continue Reading
Advertisement
You may also like...

More in HEALTH

  • HEALTH

    ဒီအပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် &

    By

    https://www.youtube.com/watch?v=_OZZ9TN5PLM [/ embed] ကျန်းမာရေးအခြေအနေကိုပိုမိုခိုင်မာစေရန်အတွက်အကြီးမားဆုံးအခွင့်အလမ်းတစ်ခုမှာကျန်းမာရေးလုပ်သားအင်အားတွင်တည်ရှိသည်။ ကျန်းမာရေးလုပ်သားများသုံးပုံနှစ်ပုံသည်အမျိုးသမီးများဖြစ်သည်။   ကျန်းမာရေးလုပ်သားများအားလေ့ကျင့်ရေးလုပ်သားများကိုလေ့ကျင့်သင်ကြားပေးခြင်း, လျောက်ပတ်သောအလုပ်လုပ်ချက်များ, အမျိုးသမီးများနှင့်အထူးသဖြင့်ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်များနှင့်ကျန်းမာရေးလုပ်သားများအတွက်နေ့စဉ်နေ့တိုင်းအသက်ကယ်နေသောကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်များနှင့်ကျန်းမာရေးလုပ်သားများအတွက်ပျော်ရွှင်မှု။ # IWD2025

  • HEALTH

    သေဖို့လိုအပ်တဲ့ဒဏ် my ာရီများ

    By

    https://www.youtube.com/watch?v=bjewib_dtgi [/ embed] ဆံပင်ကျွတ်ခြင်း, ကျောက်ကပ်ပျက်စီးမှု, Creatine အကြောင်းကြောက်စရာဇာတ်လမ်းများကိုအဆုံးမသတ်နိုင်ပါ။ ဒီဒဏ် my ာရီတွေအားလုံးကိုငါသိထားတဲ့အသိပညာကိုလုံခြုံအောင်လုပ်နေတယ်။ 2024 ခုနှစ်ဇန်နဝါရီလ 2024 ရက်နေ့အထိငါကငါ့ကမ္ဘာဇောက်ထိုးလှည့်သောသွေးစစ်ဆေးမှုရလဒ်အချို့ကိုရသောအခါ။ ရှာဖွေရန်ဤဗီဒီယိုကိုကြည့်ပါ …...

  • HEALTH

    မိခင်ကျန်းမာရေး – သားပိုက်ကောင်မိခင်ကိုကလေးငယ်များအတွက်စောင့်ရှောက်မှုပြုစုစောင့်ရှောက်ခြင်း

    By

    https://www.youtube.com/watch?v=YFHWSBYMBYW4 [/ embed] ငယ်ရွယ်သောကလေးငယ်များအတွက်သားပိုက်ကောင်အမေစောင့်ရှောက်မှု (KMC) သည်သက်သေပြနိုင်သည့်အသက်ကယ်နည်းစနစ်တစ်ခုဖြစ်သည်။ Preterm သို့မဟုတ်နိမ့်သောကလေးသူငယ်များအားလုံးအတွက် KMC သည်မွေးရာပါစောင့်ရှောက်မှုတွင်ပင်ကြုံတွေ့ရမည့်အပြီးချက်ချင်းစတင်ရန်အကြံပြုသည်။ ဤတွင်ကျွန်ုပ်တို့မွေးဖွားသည့် အချိန်မှစ. သေးငယ်သောသို့မဟုတ်မျိုးရိုးသုံးကလေးငယ်များအားအရေပြားမှအရေပြားအဆက်အသွယ်ရနိုင်အောင်မည်သို့သေချာစေနိုင်သနည်း။ နောက်ထပ်အချက်အလက်များ https://www.who.whint/news/temem/16-05-2023-0-new-Resome-toResome-tohelp-more-low-and-low-bret-low-bret-and-and-low-bret-and-and-low-and-low-bret-and-low-birthweight-babirom-baby

  • HEALTH

    သန့်စင်ပြီးသောရေနံနှင့်မသန့်ရှင်းသောဆီနောင်မြားပျော်မည်းကြောင်မွို့

    By

    https://www.youtube.com/watch?v=otdja3v0zsa [/ embed] ငါအရင်က “စားသုံးစင်သီယာခမ်းနက်နေရောင်ခြည်ဖေဖော်ဝါရီ 2011 ဇူလိုင်ပညတ်ဇာတ်မိုင်း 2021 နို 0 င်ဝီမင်ကင်း လိတ်ယစိတ်ကိုအမြကြောင်းမိုင်းရဲဝတ်ခမ်းခြင်း။ ဒိုပိုပ်လုပ်ဖွင့်သောစာမူပေါ်ထွက်လာမင်းမေးလ်မေးလ်လာကေနတီတီထုတ်တီပေါ်နေတီကြီးတီထုတ်ဖော်မေး တေးဂီတဆီသို့အိမ်သူအိမ်သား (သန့်စင်ပြီးရေနံ) မျိုး...

  • HEALTH

    ဘာလို့လုပ်နိုင်ရတာလဲ

    By

    https://www.youtube.com/watch?v=uoh6zylm2qe [/ embed] ဘာကြောင့်ညမှာအိပ်လို့မရဘူး (ပြီးတော့ဘယ်လိုဖြေရှင်းရမလဲ)! #gundrymd #sleep #sleepsolution #sleepbetter #sleepbbetter #sleeping # Cluledglasses

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.