Connect with us

မျိုးစေ့ရွေးချယ်ရာမှာထည့်သွင်းစဉ်းစားသင့်တဲ့လုပ်ငန်းစဥ်၃ရပ်နှင့်အချက် ၁၀ချက်

HEALTH

မျိုးစေ့ရွေးချယ်ရာမှာထည့်သွင်းစဉ်းစားသင့်တဲ့လုပ်ငန်းစဥ်၃ရပ်နှင့်အချက် ၁၀ချက်

မျိုးစေ့ရွေးချယ်ရန်ဆုံးဖြတ်ချက်များကိုနှစ်စဉ်ဂရုတစိုက်ပြုလုပ်သင့်ပါတယ်။ Arion, Iowa,ရှိလယ်သမား Kelly Garrett ကလာမည့်ကြီးထွားလာမည့်ရာသီအတွက် ရွေးချယ်မှုပြုလုပ်ရာတွင်စနစ်တကျလုပ်ဆောင်သင့်သောလုပ်ငန်းစဥ်သုံးရပ်ကိုပြောကြားခဲ့ပါတယ်။နောက်ထပ်အချက်၁၀ချက်ကိုတော့တခြားပြည်နယ်မှ ကျွမ်းကျင်လယ်သမားများမှပြောပြခဲ့ပါတယ်။
လုပ်ဆောင်နိုင်သောအဆင့်၃ဆင့်
1.မိမိထိန်းသိမ်းချင်သောမျိုးစပ်ကို ခွဲခြား
သတ်မှတ်ရပါမယ်

2. မိမိတို့ ဖယ်ထုတ်ချင်တဲ့ မျိုးစပ်ကိုရွေးချယ်
ပါ(ဒါဟာသင်နှစ်ပေါင်းများစွာအသုံးပြုပြီး
ကောင်းမွန်စွာအလုပ်မလုပ်တဲ့မျိုးစပ်ဖြစ်ရပါ
မယ်။)

3.သင်ရွေးချယ်ထားသောမျိုးစပ်အသစ်ကိုယူဆောင်လာရပါမယ်
(မျိုးစေ့ရွေးချယ်မှုလုပ်ငန်းစဉ်ရဲ့ပထမအဆင့်နှစ်ခုကိုဆုံးဖြတ်ပြီးလျှင်၊ မျိုးစေ့အသစ်များအတွက်နေရာအကျယ်ဘယ်လောက်လိုလည်းဆန်းစစ်ဖို့မျိုးစပ်အသစ်ကိုယူဆောင်လာရပါမယ်)

XtremeAg လယ်သမားများမှပြောကြားခဲ့တဲ့ ၎င်းတို့၏လယ်ယာမြေများအတွက်ပြောင်းနှင့်ပဲပုပ်စိုက်ရန်မျိုးရွေးချယ်ရာမှစဥ်းစားတဲ့ အရေးကြီးဆုံးအချက်၁၀ချက် ကိုအောက်တွင်ဖော်ပြပေးသွားပါမယ်။

South Dakotaရှိ Lee Lubers of gregory​မှပြောကြားသောရွေးချယ်သင့်သည့်မျိုးစပ်၃မျိုး
1.အစောပိုင်းတွင်ကောင်းစွာထွက်ပေါ်နိုင်သော
မျိုးစပ်

2.Flex-ear မျိုးစပ်(ကြီးထွားသည့်အခြေအနေပေါ် မူတည်၍ အရွယ်အစားကိုချိန်ညှိနိုင်စွမ်းရှိပါတယ်)

3.ခုခံနိုင်တဲ့မျိုးစပ်(Defensive hybrid)

North Carolinaရှိ Kevin Matthews of East bendမှပြောကြားသောအချက်၁ချက်

4.ကာကွယ်နိုင်တဲ့ပြရုပ်- အထွက်တိုးနှုန်းအပေါ်ရှာဖွေတဲ့အခါမှာ ဆိုးရွားသောအခြေအနေများမှလည်း ခုခံကာကွယ်နိုင်ရန် ပြင်ဆင်ထားဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ကောက်ပဲသီးနှံများအတွက်အကြီးမားဆုံးဖြစ်နိုင်သည့်စိန်ခေါ်မှုများကိုလေ့လာဖို့ ကျွန်တော်တို့ရဲ့အမျိုးမျိုးသောစမ်းသပ်မှုများနှင့်ကျွန်ုပ်တို့၏အိမ်နီးချင်းနေရာများမှာပါ စမ်းသပ်မှုအမျိုးမျိုးကိုပြုလုပ်ကြည့်ရပါမယ်။

Arkansas ရှိ Matt Miles of Mcgehee​မှပြောကြားသောအချကိ၃ချက်
5.ဖြစ်ထွန်းနှုန်း-(တခြားအဆင့်တွေဆက်လက်လုပ်ဆောင်ဖို့ အထွက်နှုန်းရှိဖို့လိုပါတယ်)

6.မြေဆီလွှာအမျိုးအစားနဲ့လိုက်လျောညီထွေနိုင်မှု- (ကျွန်တော်တို့စိုက်ပျိုးတဲ့ဧရိယာမှာမြေဆီလွှာအမျိုးမျိုးရှိသည်။လူအများစုပြုလုပ်နိုင်သည့်အဓိကအမှားတခုက မြေအမျိုးအစားကိုမှားယွင်းစွာရွေးချယ်မိတတ်ခြင်းဖြစ်သောကြောင့် မိမိစိုက်ပျိုမည့်မြေဆီလွှာနဲ့ ကိုက်ညီမညီဆန်းစစ်ဖို့လိုပါတယ်။)

7.ခံနိုင်ရည်ရှိမှု- (အပင်ရဲ့ ခံနိုင်မှုမရှိဘဲ လည်ပတ်တဲ့အခါမှာ ကြီးမားသောအထွက်နှုန်းဆုံးရှုံးမှုဖြစ်နိုင်ပါတယ်)

Illinos ရှိ Dan Luepkes of oregonမှပြောကြားသောအချက်၃ချက်
8.ကျန်းမာသောအပင်များ- (မျိုးစပ်ရဲ့အပင်ဟာကျန်းမာမှုကောင်းစွာမရနိုင်လျှင် ဘယ်သူမှမလိုချင်ကြပါဘူး။ နှစ်တစ်နှစ်အတွင်းကျဆင်းသွားသောမျိုးစပ်တစ်ခုကိုတွေ့ရှိပါကမည်သည့်အကြောင်းကြောင့်မဆိုစာရင်းမှဖြတ်ထုတ်လိုက်သင့်ပါတယ်။ )

9.စရိုက်လက္ခဏာများ-(အထွက်နှုန်းအများဆုံးရရှိမည့်အရာကိုသာအစဉ်မပြတ်ရှာဖွေနေသင့်ပါတယ်၊၊ အင်းဆက်များကိုတော့အခြားနည်းလမ်းများဖြင့်ဖြေရှင်းလို့ရပါတယ်။ဒ့ါကြောင့်အထွက်နှုန်းအများဆုံးရနိုင်မယ့်စရိုက်လက္ခဏာရှိသောမျိုးစပ်ကိုရွေးချယ်ဖို့လိုပါတယ်။)

10.ကုမ္ပဏီ- (သင့်ကို သူတို့ထုတ်လုပ် ရောင်းချသောအရာတွေနဲ့ထောက်ပံ့ပေးနိုင်သောကုမ္ပဏီမျိုးရှိသင့်ပါတယ်။)

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.