Connect with us

ရှားစောင်းလက်ပတ်ပင်ကိုနိုင်ငံအများစုမှာဘာကြောင့်စိုက်ပျိုးကြတာလည်း?

HEALTH

ရှားစောင်းလက်ပတ်ပင်ကိုနိုင်ငံအများစုမှာဘာကြောင့်စိုက်ပျိုးကြတာလည်း?

လွန်ခဲ့သောနှစ်ပေါင်းများစွာက ရှားစောင်းလက်ပတ်ပင်ကို အီဂျစ်တို့က အနာကျက်စေနိုင်တဲ့ဂုဏ်သတ္တိရှိတယ်လို့ယူဆခဲ့ကြပြီးတော့ လူသေအလောင်းများမပုပ်မသိုးအောင် ပြုလုပ်သောဆေးရည်တွင်ထည့်သုံးခဲ့ကြပါတယ်။ ဒဏ္ဍာရီမှာ နာမည်ကြီးကျော်ကြားခဲ့တဲ့ ကလီရိုပါထရာအလှဘုရင်မဟာလည်း သူ့ရဲ့လျို့၀ှက်ချက် ၁ခုက “aloe”(ရှားစောင်းလက်ပတ်)လို့ဆိုကြပါတယ်။

ရှားစောင်းလက်ပတ်ကို မြေထဲပင်လယ်ကမ်းရိုးတမ်းတလျှောက်မှာ စတင်တွေ့ရှိခဲ့တယ်လို့ယူဆခဲ့ကြပါတယ်။ အပူပိုင်းဒေသအများစုမှာလည်းအလေ့ကျပေါက်ရောက်တတ်ပါတယ်။

ရှားစောင်းလက်ပတ်ကို ဘာအတွက်စိုက်ပျိုးကြလည်း?

ရှားစောင်းလက်ပတ်အစေး(latex)တွင်ပါ၀င်သောဓာတု ဒြပ်ပေါင်း(anthraquinones)ဟာအစာအိမ်နံရံများကို ညှစ်အား(contraction)ပြုပေးခြင်းအားဖြင့် ၀မ်းပျော့ခြင်းနှင့် ၀မ်းသက်ခြင်း(laxative property)ကိုဖြစ်စေပါတယ်။ဒါကြောင့်အလယ်ခေတ်တွင် အရွက်အခွံရှိအ၀ါရောင်အရည်ကို ၀မ်းနှုတ်ဆေးအဖြစ်အသုံးပြုရန်စိုက်ပျိုးခဲ့ကြပါတယ်။

ရှားစောင်းလက်ပတ်မှာနာကျင်မှု ရောင်းရမ်းမှုကိုသက်သာစေသော(healing property)ဒြပ်ပေါင်းမျာလည်းပါရှိပါတယ်။သာမန်မီးလောင်ဒဏ်ရာ၊နှင်းခူ၊ပွေးစတဲ့အရေပြားနေရာများတွင်လည်းအသုံးပြုကြပါတယ်။ရှေးဂရိနှင့်ရောမတို့မှာတော့ ဒဏ်ရာများကိုကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံတွေပြုလုပ်သော သုတေသနလုပ်ငန်းရှင်များမှ ရှားစောင်းလက်ပတ်အစေး(gel)ဟာ ဆီးချိုလူနာတို့တွင် သွေးချိုဓာတ်နှင့် Triglyceride အဆီဓာတ်ကိုကျဆင်းစေကြောင်းဖော်ပြထားပါတယ်။

တူရကီနိုင်ငံရဲ့သုတေသနတစ်ခုမှာတော့ ရှားစောင်းလက်ပတ်အရွက်၏ပျော့သောအပိုင်း(pulp)မှထုတ်ယူသောအနှစ်ဟာ သာမန်ကြွက်များတွင် သွေးချိုဓာတ်မကျဘဲ ဆီးချိုဖြစ်နေသောကြွက်များတွင်သာ သွေးချိုဓာတ်ကျကြောင်း ဖော်ပြထားပါတယ်။ အရွက်အစေး(gel)မှထုတ်ယူသောအနှစ်ဟာ ဆီးချိုကြွက်တွင် သွေးချိုဓာတ်တက်ကြောင်းနှင့် အစေး(gel)မပါသည့် အရွက်၏ပျော့သောအပိုင်း(pulp)တွင် သာဆီးချိုရောဂါကုသရာမှာအသုံး၀င်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။

သတိပြုရမည့်အချက်

ရှားစောင်းလက်ပတ်အတွင်းသားကိုဖြစ်စေ၊ အစေးကိုဖြစ်စေ လိုအပ်သည်ထက်ပိုမိုစားသုံးမိပါက အစာအိမ်ရောင်ရမ်းခြင်း၊၀မ်းပျက်ခြင်းတို့ကိုဖြစ်နိုင်ပါတယ်။ သားအိမ်ကိုကျုံ့စေနိုင်သောကြောင့်ကိုယ်၀န်ဆောင်မိခင်များရှောင်ရှားသင့်ပါတယ်။နို့တိုင်မ်ိခင်များလည်းနို့စို့ကလေးကို၀မ်းပျက်စေနိုင်သောကြောင့်ရှောင်ရှားသင့်ပါတယ်။ကျောက်ကပ်ချို့ယွင်းသူများရှောင်ရှားသင့်ပြီး ၁၂နှစ်အောက်ကလေးများမစားသုံးသင့်ပါဘူး

စိုက်ပျိုးထုတ်လုပ်မှု

အပင်ရဲ့အမြစ်ကနေ သဘာ၀အလျောက် အပင်သစ်ထွက်လာပြီးမျိုးပွားနိုင်ပါတယ်။ နေရောင်ခြည်ပြည့်၀စွာရ၍ ရေစီးရေလာကောင်းတဲ့နေရာမှာစိုက်ပျိုးသင့်ပါတယ်။အိုးဖြင့်စိုက်ပျိုးပါက ရေမ၀ပ်စေဖို့ အရေးကြီးပါတယ်။ အပူပိုင်းဒေသပေါက်ပင်ဖြစ်သဖြင့်အပူချိန်လုံလောက်စွာရရှိဖို့လိုပါတယ်။ အေးသောဆောင်းရာသီတွင် နှင်များထူထပ်စွာကျရောက်ပါက အပင်၏အရွက်များ အညိုရောင်ပြောင်းသွားပြီး အပင်သေသည်ထိဖြစ်တတ်ပါတယ်။အဲ့လိုအချိန်မျိုးမှာဆို မှန်လုံအိမ် သို့မဟုတ် အမိုးအကာအောက်မှာစိုကိပျိုးသင့်ပါတယ်။

နိုင်ငံအများအပြားမှ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့အခါ အကောင်းဆုံးအရည်အသွေး၀င်ပစ္စည်းဖြစ်သဖြင့်ရှားစောင်းလက်ပတ်ကိုအသုံးပြုကြပါတယ်။လူးဆေး၊ ဆေးရည်၊လိမ်းဆေးစတဲ့ နေရာတော်တော်များများမှာအသုံးတည့်တဲ့အတွက် ကမ္ဘာ့စျေးကွက်၀င်ပစ္စည်းဖြစ်ပြီးစီးပွားဖြစ်စိုက်ပျိုးကြပါတယ်။အိမ်တိုင်းလိုလိုမှာလည်းအိမ်သုံးအတွက်စိုက်ပျိုးကြပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.