Connect with us

စိုက်ပျိုးရေးပြည်နယ်များဖြစ်တဲ့တောင်ဘက်လွင်ပြင်ဒေသများတွင်နှင်းများပိုမိုကျရောက်ပြီးလေပြင်းများတိုက်ခိုက်မည်ဟုထင်ရ

HEALTH

စိုက်ပျိုးရေးပြည်နယ်များဖြစ်တဲ့တောင်ဘက်လွင်ပြင်ဒေသများတွင်နှင်းများပိုမိုကျရောက်ပြီးလေပြင်းများတိုက်ခိုက်မည်ဟုထင်ရ

ဆောင်းရာသီဟာယနေ့မနက်အထိတောင်ဘက်လွင်ပြင်အရပ်ဒေသများတွင်ဆက်လက်ကျဆင်းနေကြောင်းအမျိုးသားမိုးလေဝသဝန်ဆောင်မှု၏ပြောကြားချက်အရသိရှိရပါတယ်။

ဆောင်းမုန်တိုင်းအန္တရာယ်ကြေငြာချက်ဟာ Kansasပြည်နယ်တောင်ဘက်၊Oklahomaပြည်နယ်မြောက်ဘက်နှင့်Texas panhandleများအတွက်အကြုံးဝင်ကြောင်းနှင့် အစောပိုင်းကုန်ဆုံးချိန်မတိုင်မီတွင်
နောက်ထပ် ၁လက်မမှ ၃လက်မထိကျဆင်းနိုင်တယ်လို့မျှော်လင့်ရပြီးတစ်နာရီလျှင် ၃၅မိုင်
ခန့်မှန်းချေရှိသောလေပြင်းများတိုက်ခတ်နိုင်မည်ဖြစ်ကြောင်းNWS၏တင်ပြချက်အရသိရှိရပါတယ်။
တစ်မိုင်ထက်နည်းသည်အထိမြင်ကွင်းများလည်းကျဆင်းနိုင်ပါတယ်။

“ကြေငြာချက်ထုတ်ပြန်ထားသောနေရာတစ်လျှောက်ရှိလမ်းမများဟာအခြေအနေဆိုးရွာလျက်ရှိ​ကြောင်း၊အပူချိန်ဟာရေခဲမှတ်အောက်လွန်၍ကျဆင်းနေသဖြင့်လမ်းမများဟာဆီးနှင်းများနှင့်ရေခဲများဖြင့်ပိတ်ဆို့လျက်ရှိပြီးခရီးသွားလာမှုကိုနေမြင့်သည်အထိမလုပ်သင့်ကြောင်းအကြံပြုပါတယ်။နေမြင့်သည်အထိနှင်းအနည်းငယ်တသွင်သွင်ဆက်လက်ကျဆင်းနိုင်”ကြောင်းတို့ကိုNWSမှပြောကြားခဲ့ပါတယ်။

ဆောင်းရာသီအတွက်အကြံပေးချက်ဟာရာသီဥတုမြေပုံများတွင်ပြသချက်အရ အနောက်တောင် Kansas ဒေသအကုန်နီးပါး၊Oklahomaဒေသ၏အနောက်တစ်ဝက်နှင့်Texas panhandleရှိနိုင်ငံအမြောက်အများတို့ပါဝင်သောပိုမိုကျယ်ပြန့်သည့်ဧရိယာများအထိအကြုံးဝင်ပါတယ်။ယနေ့မနက်တွင်အေးစက်မှုအခြေအနေများလျော့ကျသွားမည်ဖြစ်သော်လည်းတစ်နာရီလျှင်မိုင်40နှုန်းဖြင့်လေပြင်းတိုက်ခတ်မှုနှင့်အတူ 1မှ4လက်မအထိရှိသောဆီးနှင်းများဆက်လက်ကျဆင်းနိုင်သေးကြောင့်ခန့်မှန်းသိရှိရပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.