Connect with us

မိုးရေချိန်နှင့် မြေဆီလွှာတို့ ဆက်စပ်အရေးကြီးပုံ

HEALTH

မိုးရေချိန်နှင့် မြေဆီလွှာတို့ ဆက်စပ်အရေးကြီးပုံ

လယ်သမားများသည်များသောအားဖြင့်မိုးရွာဖို့အတွက်ဆုတောင်းခြင်းများလုပ်တတ်ကြသော်လည်း တစ်ဖက်မှာလည်း မိုးများစွာရွာသွန်းမှုကြောင့်လယ်ကွင်းများတွင်ရေများကျသောအခါ မှန်းထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နိုင်ပါတယ်။အမျိုးမျိုးသော သီးနှံအားကောင်းစေရေးအတွက်မှန်ကန်သည့်သော့ချက်ကိုရှာဖွေတတ်ကြပါတယ်။စိုက်ပျိုးရေးပညာရှင်အများစုကမူတည်နေရာပေါ် မူတည်၍ မျှတမှုအမျိုးမျိုးရှိနိုင်သည်ဟုအလေးအနက်ပြောကြားပါလိမ့်မယ်။

မြစ်များနှင့်နိမ့်ကျသောနေရာများအနီးရှိလယ်ကွင်းများသည်ရေကြီးမှုကိုပိုမိုကြုံတွေ့ရနိုင်ပါတယ်။Missouriတက္ကသိုလ်မှတိုးချဲ့ပညာပေးရေးဆိုင်ရာအထူးကျွမ်းကျင်သူAnthony Ohmes
ကပြောင်းဖူးသီးနှံအတွက်အရေးကြီးဆုံးအချက်မှာရာသီဥတု၊ နိုက်ထရိုဂျင်နှင့်မျိုးစပ်ရွေးချယ်မှုတို့ဖြစ်သည်ဟုပြောကြားခဲ့ပါတယ်။အစိုဓာတ်အတွက်ကြီးထွားမည့်ရာသီချိန်တွင်လိုအပ်သောအတိုင်းအတာမှာ ၂၅ မှ ၃၅ လက်မအကြားဖြစိသော်လည်း လိုအပ်တဲ့အကောင်းဆုံးအခြေအနေတစ်ခုမှာမိုးကအမြဲတမ်း မရွာနိုင်ပါဘူး။

“ရာသီဥတုဟာ အမြဲတမ်း အထိန်းအကွပ်မဲ့ပြီး လိုရာထားသုံးနိုင်သောဖဲချပ်တစ်ခုလိုပါပဲ”။
အစောပိုင်းရာသီဟာစိုစွတ်လွန်းပြီး အလွန်အေးလွန်းနိုင်ပါတယ်။ နှစ်မျိုးစလုံးက စိုက်ပျိုးမှုကိုနှောင့်နှေးစေနိူင်ပြီးဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။အလယ်အလတ်ကာလသည်အလွန်ပူလွန်းနိုင်ခြင်းသို့မဟုတ်ခြောက်သွေ့လွန်းခြင်းတို့ကြောင့်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ ပြောင်းဖူးလိုအပ်ချက်ကရာသီဥတု၊ မြေဆီလွှာနှင့်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ ပေါ်တွင်မူတည်ပါတယ်။ ”

Illinois တိုးချဲ့မှုမှ Illinois Agronomy လက်စွဲစာအုပ်တွင်Steven E. Hollinger and James R. Angel တို့ကကြီးထွားမည့်ရာသီချိန်တွင်​ မိုးရွာသွန်းမည့်အချိန်နှင့်အမျိုးအစားများသည်အရေးကြီးကြောင်းပြောကြားခဲ့ပါတယ်။ထို့ပြင်မိုးဖွဲဖွဲရွာသွန်းခြင်းက ပိုမို၍ ကောင်းသည်ဟုလည်းရေးသားခဲ့ပါတယ်။

တစ်နာရီ ၀.၅ လက်မထက်ပိုမိုသောနှုန်းထားများဖြင့်ကျဆင်းသောမိုးရေပန်းများသို့မဟုတ်မုန်တိုင်းများသည် မိုးဖွဲဖွဲရွာသွန်းခြင်းထက်ထိရောက်မှုနည်းပါတယ်။ဘာကြောင့်လည်းဆိုတော့ ရေဟာမြေမျက်နှာပြင်ပေါ်တွင်ကန်များ(သို့မဟုတ်)ရေ၀ပ်ခြင်းကိုဖြစ်ပေါ်စေပြီးထိုရေများဟာ မြောင်းများနှင့်မြစ်များတလျှောက်စီးဆင်းရာတွင် အဖိုးတန်အပေါ်ယံမြေဆီလွှာများကိုသယ်ဆောင်သွားနိုင်သောကြောင့်ဖြစ်ပါတယ်။

ထို့အပြင် illinoisသီးနှံများ၏တစ်ခါတစ်ရံရေပိုမိုလိုအပ်ချက်သည်အထွက်နှုန်းကိုအကျိုးရှိစေနိုင်သော်လည်းဒါဟာအန္တရာယ်များကိုလည်းသယ်ဆောင်လာနိုင်ပါတယ်။

“ ကောက်ပဲသီးနှံတွေကြီးထွားလာနေချိန်မှာမိုးရွာသွန်းမှုရဲ့အချိန်ကအရေးကြီးတယ်” ဟု Hollinger နှင့် Angel တို့ကပြောကြားသည်။ “ မျိုးစေ့များအပင်ပေါက်ရန်အတွက်နှင့်စိုက်ထူရန်အတွက်မိုးသည်းထန်စွာရွာသွန်းမှု သို့မဟုတ် မိုးနည်းနည်းပဲရွာသွန်းမှုတို့ဟာ အထွက်နှုန်းကိုလွှမ်းမိုးနိုင်ပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်း၊ အထူးသဖြင့်အေးမြသောအပူချိန်များကြောင့်မျိုးစေ့ရောဂါများဖြစ်ပေါ်နိုင်ပြီး မြေဆီလွှာတွင်အစိုဓာတ်များပြည့်နှက်နေသောကြောင့်မြေဆီလွှာအားနည်းခြင်းနှင့်အပင်ပေါက်ရန်အတွက််အားနည်းခြင်းတို့ဖြစ်ပေါ်စေနိုင်ပါတယ်။နိုင်ထရိုဂျင်လိုအပ်မှုကိုရှာဖွေဖော်ထုတ်ဖို့ကခက်ခဲနိုင်ပါတယ်ဟု Missouri တက္ကသိုလ်မှစိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်သူ Peter Scharf ၏ပြောကြားချက်အရသိရပါတယ်။သူဟာမြေဆီလွှာမျောပါခြင်းဖြစ်နိုင်ချေကြောင့်နေရာဒေသကိုလိုက်၍စိုက်ကွင်းများဟာတန်ဖိုးများစွာပြောင်းလဲနိုင်ကြောင်းကိုလဲပြောခဲ့ပါတယ်။ဒါဟာအရွယ်အစားနှင့်ကိုက်ညီမှုအရှိဆုံးချဥ်းကပ်မှုကို ရှာဖွေရန်ခက်ခဲစေပါတယ်လို့ပြောကြားခဲ့ပါတယ်။

Scharf ကသူ၏အဓိကအကြံပေးချက်မှာအထူးသဖြင့်ညံ့ဖျင်းသောမြေဆီလွှာများတွင်အလွန်များပြားသောနိုက်ထရိုဂျင်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်သောကြောင့်မေလနှင့်ဇွန်လအတွင်းမိုးရွာသွန်းမှုစုစုပေါင်းကိုစောင့်ကြည့်ရန်ဖြစ်ပါတယ်။ထုတ်လုပ်သူတွေကသူတို့ရဲ့လယ်ကွက်တွေကိုကြည့်ဖို့အကြံပေးလိုပါတယ်လို့ပြောကြားခဲ့ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.