Connect with us

တီမွေးမြူရေး (vermiculture)နှင့် တီစွန့်ပစ်မြေဆွေး (vermicompost) အသုံးပြုခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများ

HEALTH

တီမွေးမြူရေး (vermiculture)နှင့် တီစွန့်ပစ်မြေဆွေး (vermicompost) အသုံးပြုခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများ

ပထမဦးစွာ တီမွေးမြူရေး (vermiculture)နှင့် တီစွန့်ပစ်မြေဆွေး (vermicompost) ကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးအကြောင်းမပြောခင် ထုတ်လုပ်အသုံးပြုရခြင်း ရည်ရွယ်ချက်ကို ဖော်ပြလိုက်ပါတယ်။

“လူနေမှုပတ်၀န်းကျင်တွင် အသုံးမပြုဘဲ စွန့်ပစ်ထားသည့် အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများကို တီမွေးမြူရေးတွင် တီကောင်များအတွက် အစာအဖြစ် အသုံးပြုလိုက်ခြင်းအားဖြင့် လူတို့၏ ပတ်၀န်းကျင် ညစ်ညမ်းမှုကို သက်သာစေသည့်အပြင် တစ်ဖက်မှာလည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် အလွန်အသုံးကြသောတီစွန့်ပစ်မြေဆွေး (vermicompost) များအသုံးပြုနိုင်ရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။”

အကျိုးကျေးဇူးအနေနဲ့ တိုက်ရိုက်အကျိုးကျေးဇူးနဲ့ သွယ်၀ိုက်၍ ရသောအကျိုးကျေးဇူးဆိုပြီး ၂မျိုးရှိပါယ်။

တိုက်ရိုက်အကျိုးကျေးဇူးအနေဖြင့်

(၁) ​သြဂဲနစ် စွန့်ပစ်ပစ္စည်းများ ဖယ်ရှားပစ်ပြီးဖြစ်၍ ပတ်၀န်းကျင်ညစ်ညမ်းမှုကို သက်သာလာစေနိုင်ပါတယ်။

(၂) စိုက်ပျိုးရေးအတွက် ဘက်စုံကောင်းမွန်သည့် တီစွန့်ပစ်မြေဆွေးများကို ရရှိနိုင်ပါတယ်။

(၃)ကြက်၊ ဘဲ၊ ငါးမွေးမြူရေးအတွက် တိရစ္ဆာန်စာ တီကောင်များ ပွားများ ရရှိခြင်းတို့ဖြစ်ပါတယ်။

သွယ်၀ိုက်ရရှိနိုင်သော အကျိုးကျေးဇူးများ

– လူသားတို့၏ ကျန်းမာရေးကို အထူးအလားထားစိုက်ပျိုးသည့် သြဂဲနစ်စိုက်ပျိုးရေးတွင်အသုံးပြုသင့်သော အကောင်းဆုံးသြဂဲနစ်မြေသြဇာတစ်မျိုးကို ထုတ်လုပ်နိုင်ခြင်း

– စျေးနုန်းမြင့်မားလျက်ရှိသော ဓာတ်မြေသြဇာများကို လျှော့ချအသုံးပြုနိုင်ကြောင့် စိုက်ပျိုးရေးစရိတ်များ လျှော့ချနိုင်ခြင်း

-တီစွန့်ပစ်မြေဆွေးကို အသုံးပြုသည့် စိုက်ပျိုးမြေဟာ ဓာတု ဂုဏ်သတ္တိ၊ ဇီ၀ဂုဏ်သတ္တိ၊ များကောင်းမွန်လာနိုင်ရုံသာမက မြေဆီဖွဲ့စည်းပုံလည်း တိုးတက်ကောင်းမွန်လာနိုင်ခြင်းတို့ဖြစ်ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.