Connect with us

အာလူးစိုက်ပျိုးနည်း

AGRICULTURE

အာလူးစိုက်ပျိုးနည်း

ကမ္ဘာ့နိုင်ငံအများစုမှာ အာလူးဟာ အာဟာရဓာတ် မြင့်မားစွာပါ၀င်သောကြောင့် အဓိကအစားအစာဖြင့် စားသုံးလျက်ရှိသော သီးနှံဖြစ်ပါတယ်။ စိုက်ပျိုးသည့် ဧရိယာ အနေဖြင့် ပဉ္စမမြောက်အဆင့်တွင်ရှိပြီး ထုတ်လုပ်မှုတန်ဖိုးအရ စတုတ္ထအဆင့်တွင်ရှိပါတယ်။

တောင်အမေရိကတိုက်ပီရူးနိုင်ငံဟာ အာလူးရဲ့မူရင်းဒေသဖြစ်ပါတယ်။ တောင်အမေရိကတိုက်မှ ဥရောပတိုက်သို့ ၁၆ရာစုတွင် စတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ရာသီဥတု

အာလူးသီးနှံဟာ အေး၍ သမရာသီကို ကြိုက်နှစ်သက်ပါတယ်။ မိုးရေချိန်လက်မ ၄၀မှ ၈၀ အတွင်းရွာသွန်းသောဒေသတွေမှာကောင်းစွာဖြစ်ထွန်းပါတယ်။ ဆည်ရေ၊ ချောင်းရေ၊ မြောင်းရေ ရရှိတဲ့ဒေသတွေမှာ ဆောင်းရာသီ၌ စိုက်ပျိုးကြပါတယ်။ အာလူးပင်ရဲ့သက်တမ်းမှာ ပုံမှန်အားဖြင့် ၃လခွဲမှ ၄လအတွင်းရှိပြီး နေ့တာရှည်ပါက သက်တမ်းပိုရှည်ပြီး နေ့တာတိုရင်တော့ သက်တမ်းပိုတိုပါတယ်။

သင့်တော်သောမြေအမျိုးအစား

အာလူးသီးနှံကို မြေနီ၊ နုန်းတင်မြေ၊ ခဲနက်မြေမျိုးတွင်ကောင်းစွာစိုက်ပျိုးနိုင်ပါတယ်။ မြေစေးမြေတွင် အာလူးစိုက်ပျိုးဖို့မသင့်တာ်ပါဘူး။ အသင့်တော်ဆုံး ph မှာ ၅.၅မှ ၆.၅ အတွင်းဖြစ်ပါတယ်။ အာလူးဟာမာကျောသောသို့မဟုတ်ကျစ်လစ်သိပ်သည်းသောမြေ၌မကြီးထွားနိုင်ပါ။

မှန်ကန်သောအာလူးအမျိုးအစားရွေးချယ်ခြင်း

1.အာလူးပေါက်ရောက်တဲ့ကြာချိန်ပေါ်လိုက်ပြီးရွေးခြယ်ခြင်း

အစောပိုင်းမျိုးစေ့အာလူးသည်ရက်ပေါင်း ၆၀ မှ ၁၁၀ အတွင်းရင့်ကျက်ပါတယ်။ Pentland Javelin, Arran Pilot နှင့် Dunluce တို့ပါ ၀င်ပါတယ်။

အဓိကမျိုးစေ့အာလူးဟာရက်ပေါင်း ၁၂၅ မှ ၁၄၀ အတွင်းရင့်ကျက်ပါတယ်။ဤမျိုးကွဲများဟာအထွက်တိုးမြင့်မားပြီးများသောအားဖြင့်ပိုမိုကြီးမားသောဥများရှိကြပါတယ်။ ၎င်းကိုဆောင်းရာသီတွင်သိုလှောင်ရန်အသုံးပြုနိုင်ပါတယ်။King Edward, Kerrs Pink, and Harmonyမျိုးတို့ဖြစ်ပါတယ်။

2.သင်ရွေးချယ်ထားသောအာလူးအမျိုးအနွယ်ရယူပါ

သင်သည်အာလူးမျိုးစေ့များကိုအွန်လိုင်းကနေသော်လည်းကောင်း၊ သင်၏ဒေသခံဥယျာဉ်ဆိုင်၌လည်းကောင်းဝယ်ယူနိုင်ပါတယ်၊၊ စူပါမားကတ်မှသင်ဝယ်ယူထားသောအာလူးများကိုလည်းအသုံးပြုနိုင်ပါတယ်။ သို့သောအကြံပြုချင်တာကတော့ အမြဲတမ်းအသိအမှတ်ပြုလက်မှတ်ရထားပြီးဖြစ်သောမျိုးစေ့များကိုသိုလှောင်သင့်ပါတယ်။ ၎င်းကအာလူးရောဂါနှင့်ဗိုင်းရပ်စ်များ၏အန္တရာယ်ကိုထိန်းချုပ်ရန်နှင့်လျှော့ချနိုင်ပါတယ်။

စိုက်ပျိုးမည့်မြေပြုပြင်ခြင်း

ထယ်ရေး ၈လက်မအနက်ရရန် ထယ်၂ကြိမ်ထိုးပေးရပါမယ်။ ထို့နောကိ ထွန် ၄စပ်အထိ ထွန်မွှေပေးပြီး ပေါင်းမြက်ကင်းစင်အောင်ကောက်ပေးရပါမယ်။ နောက်ဆုံးတွင် ကြမ်းတုံးရိုက်ပြီး မြေသိပ်ထားရပါမယ်။အရေးအကြီးဆုံးအချက်မှာသင်၏မြေဆီလွှာကိုပေါင်းပင်များမရှိဖို့ သေချာစေရန်ဖြစ်ပါတယ်။

မြေသြဇာ

တစ်ဧကအတွက် သဘာ၀မြေသြဇာ နွားလှည်း ၂၀မှ ၃၀စီး၊ ဓာတ်မြေသြဇာ ယူရီးယား ၂၂၄ပေါင်၊ တိစူပါ ၃၃၆ပေါင်၊ ပိုတက်ရှိ ၂၂၄ပေါင်တို့ကိုအသုံးပြုနိုင်ပါတယ်။

စိုက်ပျိုးနိုင်သောနည်းလမ်း

သင့်ဥယျာဉ်ရှိ နေသာသောနေရာကိုရွေးပါ၊၊ဘာကြောင့်လည်းဆိုတော့အာလူးဟာအပူရှိန်မြင့်မားစွာနှင့်ကောင်းမွန်စွာကြီးထွားနိုင်ရန်နေရောင်ခြည်များစွာလိုအပ်သောကြောင့်ဖြစ်ပါတယ်။ သင့်ဥယျာဉ်၏အရိပ်ရသည့်နေရာများတွင်အာလူးကိုဘယ်တော့မှမစိုက်သင့်ပါ။

ရေသွင်းစိုက်ပျိုးနည်းနဲ့ ကုန်းစိုက်ပျိုးနည်းဆိုပြီး ၂မျိုးရှိပါတယ်။ စိုက်ပျိုးရာမှာလည်း အပုပ်အနာကင်းသောမျိုး၊ မျက်စိတိမ်၍ မျက်စိနည်းသောမျိုးကိုရွေးချယ်ရပါမယ်။ အာလူး​ကိုအလုံးလိုက်သော်လည်းကောင်း၊ ခွဲခြမ်း၍လည်းကောင်းစိုက်ပျိုးနိုင်ပါတယ်။ မျိုးအားလူးကို Aereton(6)စိမ်ပြီးမှစိုက်ပျိုးရပါမယ်။ တန်းကြား ၂.၅၊ ပင်ကြား ၆-၉လက်မ ခြားပြီး စိုက်ပျိုးမည်ဆိုလျှင် ၁ဧကမှာ အပင်ဦးရေ (၂၅၀၀၀)မှ (၃၅၀၀၀)အထိ ၀င်ဆန့်ပါတယ်။

ရေသွင်းခြင်း

မိုးရာသီတွင်စိုက်ပျိုးသော အာလူးများကို ရေပေးသွင်းဖို့မလိုပါဘူး။ ဆည်ရေ၊ မြောင်းရေ ရရှိသည့် ဒေသများတွင် ဆောင်းရာသီ၌စိုက်ပျိုးပါက မြေအမျိုးအစားနှင့် အပင်သက်တမ်းပေါ်မူတည်ပြီး ရေသွင်းသည့်အကြိမ် ၃ကြိမ်မှ ၅ကြိမ်အထိ ရေပေးသွင်းရန်လိုအပ်ပါတယ်။ အပင်ပေါက်စုံသည့်အခါ မြေတွင်းအစိုဓာတ်မပြတ်စေရန် လိုအပ်ပါတယ်။ ရေပေးသွင်းသည့်အခါ အာလူးစိုက်ဘောင်များ ကြားတွင် ကြာရှည်စွာ ရေ၀ပ်ခြင်း၊ ရေစိမ့်ခြင်းများ မရှိရန် ဂရုစိုက်ရပါမယ်။ ရေစိမ့် ရေ၀ပ်ခြင်းများရှိပါက အာလူးမျိုးဥများ ပုပ်ပြီး ပျက်စီးနိုင်ပါတယ်။

အာလူးစိုက်ခင်းတွင် အဓိကကျရောက်တတ်သည့် ရောဂါမှာ Early blight, late boight, နှင့် Bacterial wiltခေါ် ပင်ညှိုးရောဂါများဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုမြန်ဆန်ပြီး အာလူးခင်းများ ပျက်စီးသည်အထိကျရောက်တတ်ပါတယ်။အဲ့ဒိီအတွက် မှိုသတ်ဆေးဖြန်းပေးဖို့လိုပါတယ်။

တူးဖော်ခြင်း

စိုက်ပြီး ၃လခွဲခန့်ကြာလျှင် အာလူးပင်ခြောက်သွေ့နှုန်းကျဆင်းသွားပါတယ်။ ထိုအချိန်ဟာ တူးဖော်ဖို့အကောင်းဆုံးအချိန်ပါပဲ။ ပေါက်ပြားဖြင့် ပေါက်၍လည်းကောင်း၊ အကြောင်းလိုက်ထယ်ထိုး၍လည်းကောင်း တူးဖော်ပြီး လက်ဖြင့်ကောက်ယူရပါမယ်။ တူးဖော်ချိန်စောလျှင် ကိုင်တွယ်သယ်ယူရာမှာ ပုပ်တတ်ပါတယ်။ ရင့်မှတူးဖော်လျှင် အထွက်ကောင်းပြီး အထားခံပါတယ်။ မြေအခြေအနေပေါ်မူတည်ပြီး အထွက်နှုန်းမှာ မျိုးနှုန်းပမာဏ ၅ဆမှ ၁၀ဆ အထိ ထွက်ရှိနိုင်ပြီး အထွက်မှာ ၃၀၀၀မှ ၇၀၀၀အထိထွက်ရှိနိုင်ပါတယ်။

သိုလှောင်ခြင်း

တူးဖော်ပြီးသားအားလူးများကို လေ၀င်လေထွက် ကောင်းပြီး ခြောက်သွေ့သော အခန်းများတွင် ထားသိုနိုင်ပါတယ်။ သိုလှောင်စဥ် အစိုဓာတ် ပြန့်ခြင်းမရှိစေရန် ဂရုစိုက်ရပါမယ်။ စားသုံးမှုအတွက်အမှောင်ခန်းမှာ ထားသိုသင့်ပါတယ်။ အလင်းရောင်ရရှိပါက အာလူးဥအခွံ အရောင်စိမ်းလာပြီး စားသုံးမှုအဆင့်အတန်း ကျဆင်းသွားပါမယ်။ အာလူးများကို လေလုံသည့်အိတ်များနှင့် တင်ပို့ရောင်းချခြင်းမပြုသင့်ပါ။ လေ၀င်လေထွက်ကောင်းသည့် ပလတ်စတစ်အိတ်ကျဲများဖြင့် တင်ပို့ရောင်းချနိုင်ပါတယ်။

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.