Connect with us

လီလီ(lily)ပန်းစိုက်ပျိုးနည်း

AGRICULTURE

လီလီ(lily)ပန်းစိုက်ပျိုးနည်း

ဂျပန်နိုင်ငံမှာ ဇူလိုင်မွေးဖွားသူတွေရဲ့ မွေးလကိုကိုယ်စားပြုတဲ့ပန်းဟာ လီလီပန်းဖြစ်ပါတယ်။ လီလီပန်းကိုအထက်တန်းဆန်တဲ့ပန်းလို့သတ်မှတ်ကြပြီး ကောင်မလေးတွေကို အဖြူရောင် lilyပန်း ပေးလေ့ရှိကြပါတယ်။ အိန္ဒြေသိက္ခာကြီးတယ်၊ ဂုဏ်မြင့်တယ်လို့လည်း အဓိပ္ပါယ်ရပါတယ်။

lily ပန်းကို နေရာဒေသမရွေးစိုက်ပျိုးနိုင်ပါတယ်။အလင်းရောင်ကို နှစ်သက်ပြီးနေရာကောင်းရဖို့လိုပါတယ်။လောင်းရိပ်ကျလွန်းပါက ကောင်းစွာကြီးထွားမှု မရှိနိုင်ပါဘူး။အထူးသဖြင့်နံနက်နေရောင် ကောင်းစွာရဖို့လိုပါတယ်။

မြေဘောင်လုပ်၍စိုက်ပျိုးနိုင်ပါတယ်။​မြေ​ဘောင်​ကို နွား​ချေးများများနှင့်နှပ်​ထားပေးဖို့လိုပါတယ်။ပေါင်းမြက်​များ ရှင်းလင်းရလွယ်​ကူရန်အကျယ်၃ပေရှိသောဘောင်​ပြုလုပ်ရပါမယ်။

မြေစေးအတွက် သဲနှုန်းမြေ၊မြေဆွေး၊ နွားချေး(သို့) ကြက်ချေးတို့အသုံးပြုနိုင်ပါတယ် ။မြေသြဇာ 50:30:20 အချိုးရောစပ်ပြီး စိုက်ပျိုးရပါမယ်။မြေဘောင်ကို ကြိုတင်ပြင်ဆင်ပြီး တစ်လကျော်မှသာစိုက်ပျိုးတာအကောင်းဆုံးပါပဲ။

သတိပြုရမည့်အချက်

လီလီပန်းမျိုးဥဟာ ဓါတ်မြေသြဇာ၊နွားချေး၊မြေဆွေးတို့နှင့် တိုက်ရိုက်ထိတွေ့မှုမရှိစေရန် ဂရုစိုက်ရပါမယ်။မျိုးဥ ပျက်စီးနိုင်တတ်သောကြောင့်ဖြစ်ပါတယ်။ ဥမှ ထွက်လာသောအမြစ်များနှင့်သာမြေသြဇာများထိတွေ့ရန် လိုအပ်ပါတယ်။

စိုက်ဘောင်အား ၃ ပေအကျယ်နှင့် ဘောင်အရှည်အတွက် မိမိအဆင်ပြေသလို ပြုလုပ်နိုင်ပါတယ်။ တစ်ပင်နှင့်တစ်ပင် ၉ လက်မ ပတ်လည် စိုက်ပျိုးပေးနိုင်ပါတယ်။ အပင်ထွက်လာပြီး ရက်​၂၀ – တစ်လသားအရွယ်တွင် ပေါင်းလိုက်၍အစာကျွေးရပါမယ်။

မှိုသတ်ဆေး တစ်မျိုးမျိုးကို စိုက်ဘောင်ပေါ်ဖြူး၍ အပေါ်ယံမြေဖြင့် ရောမွှေပါကမျိုးဥပုပ်ခြင်းနှင့် မြေဆောင်မှိုရောဂါ ကြိုတင်ကာကွယ်နိုင်ပါတယ်။

လီလီပန်းပင်သည် နေရောင်ကို ကြိုက်နှစ်သက်ပေမယ့် မျိုးဥများကတော့ အေးတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ စိုက်ကျင်းအနက်ကို ၆ လက်မထိ တူးရန်လိုအပ်ပါတယ်။ စိုက်ကျင်းနက်နက်တူးခြင်းဖြင့် မျိုးဥများကို အပူမှ ကာကွယ် ရုံသာမက ပန်းပင်၏ ပင်စည်များကိုလည်း ပိုသန်မာစေပါတယ်။

ပျိုးဥနုလျှင်​အပင်​မ​အောင်​နိုင်သောကြောင့်ပျိုးဥအရင့်များကို​ရွေးချယ်​စိုက်​ပျိုးဖို့ အဓိကလိုအပ်ပါတယ်​။စိုက်​ပြီး ၁၅ ရက်အကြာတွင် နုထွားသော အပင်ပေါက်လာများ​စထွက်​လာပြီး ၃ လအကြာတွင်အပွင့်များဖူးလာနိုင်ပါပြီ။

ပန်းပင်များသည် အမြင့်ပေ ၃ ပေမှ ၅ ပေ ရှိသောကြောင့် အပင်ရိုင်းလဲမှု မဖြစ်စေရန် ဝါးတန်းများ ထိုးပေးခြင်း၊ ဝါးငုတ်တိုင်များပေးခြင်း၊ ကြိုးခြည်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။

အကယ်၍ ပန်းပွင့်ချိန်၌ မိုးရွာခြင်း ၊ဆီးနှင်းကျခြင်းများ ဖြစ်ပေါ်ပါက ရိုးရိုးရေဖြင့် ပြန်ဖျန်းပေးဖို့လိုပါမယ်။

မျိုးဥယူလိုသူများအနေဖြင့် အပွင့်ရောင်းပြီးအပင်များကို ဒီတိုင်းထားရပါမယ်။ပန်းပင်ဖြတ်ပြီး တစ်လမှ ၂ လ အကြာတွင် မျိူးဥတူးဖော်နိုင်ပြီး ပန်းပင်များအား မဖြတ်ဘဲ မျိုးစေ့ခံထားနိုင်သည်။အပင်၁ပင်လျှင် မျိုးဥ ၅ဥခန့်ပြန်လည်ရရှိနိုင်ပါတယ်။

တူးယူထားသည့် မျိုးဥများကိုအရိပ်​ထဲတွင်​၃ ရက်​ခန့်အ​ခြောက်​ခံပြီး ကပ်​နေသည့်​မြေကြီးများကိုဖယ်​ရှားရပါမယ်။

မျိုးဥများကို အ​ခြောက်​ခံထား၍မရပါဘူး။​၀ယ်​သူလိုအပ်​သည့်ရက်​နှင့်ချိန်​၍ မျိုးဥတူးယူရပါတယ်။ ၀ယ်​ယူသူမှလည်း အပင်ပေါက်အားကောင်းရန်ချက်​ချင်းစိုက်​ပျိုးဖို့လိုအပ်ပါလိမ့်မယ်။

ပန်းအိုးငယ်​လေးများ၊ပျိုးအိတ်​အကြီးများဖြင့်​လည်းစိုက်ပျိုးနိုင်ပါတယ်။

ပန်းအိုးဖြင့်စိုက်ပျိုးလိုသူများအတွက် လိုအပ်သောပါ၀င်ပစ္စည်းများ

၁)ပန်းအိုးအသေး
(၂)လီလီပန်းဥ၂ဥ
(၃)မြေကြီး၊ မြေဆွေး

ပထမအဆင့်အနေနဲ့ ပန်းအိုးထဲသို့ မြေကြီးများဖြည့်ရပါမယ်။

ဒုတိယအဆင့်အနေနဲ့ ပန်းဥဖတ်များကိုခြွေပြီး မြေကြီးထဲမြှပ်ထည့်ပေးရပါမယ်။ ရေပုံမှန်လောင်း၍ နေရောင်ခြည်ကောင်းစွာရရှိပါက အိုးဖြင့်လည်းကောင်းမွန်စွာစိုက်ပျိုးနိုင်ပါတယ်။ရေမ၀ပ်စေဖို့ သတိပြုဖို့လည်းလိုပါမယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.