Connect with us

ကီဝီ၏ကောင်းကျိုးများနှင့် စိုက်ပျိုးနည်း

AGRICULTURE

ကီဝီ၏ကောင်းကျိုးများနှင့် စိုက်ပျိုးနည်း

ကီဝီသီးလေးတွေရဲ့ မူရင်းဒေသတွေကတော့ တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ တစ်ဆင့် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဗြိတိန်နဲ့ အမေရိကအထိ ပျံ့နှံ့လာပြီး စနစ်တကျ စိုက်ပျိုးကာ ဈေးကွက်ထဲ တင်ပို့ရောင်းချရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

လက်ရှိတွင်ကီဝီသည်နယူးဇီလန်၊ အမေရိကန်၏အပူပိုင်းဒေသဇုန်နှင့်တောင်အမေရိကတိုက်၊ တရုတ်၊ ဂျပန်၊ ဥရောပတောင်ပိုင်းရှိနိုင်ငံများအတွက်အရေးကြီးသောစီးပွားဖြစ်သစ်သီးသီးနှံဖြစ်ပါတယ်။

ကီဝီသီးလေးတွေဟာ မျိုးစိတ်ပေါင်း ၆၀ ဝန်းကျင်အထိရှိပါတယ်။

kiwi သီး၏ကောင်းကျိုးများ

ကီ၀ီသီးကိုစားခြင်းဖြင့် အစာခြေခြင်းနှင့်ဝမ်းချုပ်ခြင်းအတွက်ကောင်းမွန်စေပါတယ်၊။ ၎င်းတွင်အင်ဇိုင်းများစွာပါဝင်သောကြောင့် အမြင်အာရုံပြဿာနာများကိုကုသနိုင်သည်ဟုဆိုကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများးသံူးပါကကျန်းမာစေပါတယ်။ ကျန်းမာရေးလေ့လာမှုများအရ kiwi သည်ကင်ဆာရောဂါအမျိုးမျိုးကိုကာကွယ်နိုင်ပါတယ်။ kiwi အသီးတွင်တွေ့ရသောဓါတ်တိုးပစ္စည်း၊ ဗီတာမင်နှင့်အမျှင်များက ၎င်းအား ကျန်းမာရေးအတွကိအကောင်းဆုံးအရာတစ်ခုဖြစ်စေပါတယ်။

ကီဝီအသီးသည်ခန္ဓာကိုယ်အားအခါအားလျော်စွာပေါ်ပေါက်လာတတ်သောရောဂါများမှကာကွယ်ပေးပါတယ်။ ထို့ကြောင့်ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ရန်ကီဝီအသီးများကိုအစားအသောက်တွင်ထည့်သင့်ပါတယ်။ kiwi အသီး ၁၀၀ ဂရမ်တွင် ၁၅၄ ရာခိုင်နှုန်းသောဗီတာမင်စီပါ ၀ င်သည်ကိုတွေ့ရှိရပါတယ်။ kiwi အသီးကိုစားခြင်းသည် DNA ပြဿနာနှင့်ဆဲလ်နှင့်သက်ဆိုင်သောပြဿနာများအတွက်ပုံမှန်စားသုံးပေးသင့်ပါတယ်။

kiwi အသီးတစ်ခုတွင်ကိုယ်ခန္ဓာလိုအပ်သောဖောလစ်အက်စစ် ၁၀% ပါဝင်ပါတယ်။ Kiwiသီး ဟာသွေးနီဥများကိုလည်းထုတ်လုပ်နိုင်ပါတယ်။ ထို့ကြောင့်နေ့စဥ်ကိုယ်ဝန်ဆောင်အမျိုးသမီးများ စားသုံးပေးသင့်ပါတယ်။

ကီဝီအသီးဟာကယ်လ်ဆီယမ်နှင့်မဂ္ဂနီဆီယမ်ဓာတ်များစွာပါဝင်ပြီးကယ်လ်ဆီယမ်ကိုခန္ဓာကိုယ်အတွင်းသို့စုပ်ယူနိုင်ရန်ကူညီပေးပါတ
ယ်။ အရိုးနှင့်သွားတို့ကြီးထွားရန်အတွက်ကယ်လ်ဆီယမ်သည်မရှိမဖြစ်လိုအပ်ကြောင်းလူတိုင်းသိကြပါတယ်။ ထို့ကြောင့်ကလေးများနှင့်သက်ကြီးရွယ်အိုများသည် kiwi အသီးများကိုစားသုံးခြင်းမှ အကျိုးကျေးဇူးများစွာရရှိစေပါတယ်။

kiwiသီးစိုက်ပျိုးမည့်သူများအတွက် သိသင့်သိထိုက်သောအချက်များ

ရာသီဥတု
ကီဝီသီးပင်လေးတွေဟာဆိုရင် အပူချိန် ကောင်းကောင်း ရပြီး သမပိုင်းရာသီဥတုရှိတဲ့ နေရာမျိုးမှာ စိုက်ပျိုးနိုင်ပါတယ်။ ဆောင်းဦးရာသီမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ပိုပြီးသင့်တော်ပါတယ်။

မြေအမျိုးအစား
မြေဆီသြဇာထက်သန်ပြီး ရေစိမ့်ဝင်မှုအားကောင်းတဲ့ မြေကို ကြိုက်နှစ်သက်ပါတယ်။ ကီဝီသီး အပင်လေးတွေဟာ နွယ်ပင်အမျိုးအစားဖြစ်ပြီး ၀တ်မှုန်ကူးခြင်းဟာ အလွန်အရေးကြီးပြီး လုပ်ဆောင်ရတာလည်း ခက်ခဲပါတယ်။ လေနဲ့ ဝတ်မှုံကူးနိုင်သော်လည်း မလုံလောက်တာကြောင့် မိမိစိုက်ခင်းမှာ အကျိုးပြုအင်းဆက်တွေ ဥပမာ – ပျားလေးတွေအတွက်နေရာဖန်တီးပေးထားသင့်ပါတယ်။

ရေပေးသွင်းခြင်း

ကီဝီသီးပင်လေးတွေ စိုက်ပျိုးမယ်ဆိုရင်တော့ နေရာကျယ်ကျယ် လိုအပ်ပါတယ်။ တစ်ပင်နဲ့ တစ်ပင်ကို ၁၀ ပေကနေ ၁၅ ပေအထိခြားပြီး စိုက်ပျိုးပေးသင့်ပါတယ်။ အပင်လေးတွေ ကြီးထွားနေစဥ်ကာလမှာ မြေအစိုဓာတ် ကောင်းကောင်းရရှိဖို့ လိုအပ်ပါတယ်။ အပူချိန်များတဲ့ အချိန်ကာလတွေမှာ ဆိုရင်တော့ တစ်ပတ်ကို အနည်းဆုံး ရေ ၂ ကြိမ်ပေးသင့်ပါတယ်။

အသီးသီးချိန်
ကီဝီသီးပင်လေးတွေဟာဆိုရင် စစိုက်ပြီး ၃ နှစ်မှ ၄ နှစ်ဝန်းကျင်ကြာမှသာ အသီးစတင်သီးမှာ ဖြစ်ပါတယ်။

ရိတ်သိမ်းခြင်းနှင့်သိုလှောင်ခြင်း
အသီးတွေ သီးပြီဆိုရင် ပထမဆုံး နှင်းခဲမရိုက်ခင် နိုဝင်ဘာလ လောက်မှာ ခူးဆွတ်တာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ခူးဆွတ်ပြီး အသီးများကို ကြာရှည်စွာ သိမ်းဆည်းရန်အတွက် အပူချိန် ၅ ဒီဂရီစင်တီဂရိတ်ရှိတဲ့ အအေးခန်းတွေမှာ သိုလှောင်ထားနိုင်ပါတယ်

ပိုးမွှားများ
ကီဝီသီးပင်တွေမှာ ပျ၊ ခရု၊ ပက်ကျိ စတဲ့ အဖျက်ပိုးတွေလည်း ကျရောက်တတ်တာမို့ သတိပြုသင့်ပါတယ်။

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.