Connect with us

အထပ်မြင့်၀ရံတာတွင်စိုက်ပျိုးရာ၌ လုပ်ဆောင်သင့်သောအချက်များ

AGRICULTURE

အထပ်မြင့်၀ရံတာတွင်စိုက်ပျိုးရာ၌ လုပ်ဆောင်သင့်သောအချက်များ

အထပ်မြင့်တိုက်ခန်းများတွင်နေထိုင်သော အိမ်ရှင်မများလည်း ဟင်းသီးဟင်းရွက်အတိုအထွာများကို အထပ်မြင့်၀ရံတာများတွင် စိုက်ပျိုးနိုင်ပါတယ်။

လတ်ဆတ်သန့်ရှင်းစွာ စားသုံးရသည့်အပြင် စျေးသို့အပြေးသွားရသည့် ဒုက္ခလည်းကင်းနိုင်ပါတယ်။ထို့အပြင် စိမ်းလန်းသေယအပင်လေးများကို မြင်တွေ့ရသဖြင့် စိတ်၏ချမ်းသာမှုကိုလည်း ရရှိစေပါတယ်။

အထပ်မြင့် ၀ရံတာများတွင် စိုက်ပျိုးရာ၌ လုပ်ဆောင်သင့်သောအချက်များကို ဖော်ပြပေးသွားပါမယ်။

-မိမိတို့၏၀ရံတာရှေ့၊ မီးဖိုချောင် ပြတင်းပေါက်စသည့်နေရာများတွင် နေရောင်ရရှိမှုအခြေအနေအရ အကန့်အသတ်ရှိပါက ၀ယ်စရာအများအပြားမလိုအပ်ပဲ အလွယ်တကူခူးယူစားသုံးနိုင်သည့် တရုတ်နံနံ၊ ငရုတ်သီးစိမ်းကဲ့သို့သော အပင်များကို ဦးစားပေးရွေးချယ်နိုင်ပါတယ်။

– နောက်တချက်မှာ အချိန်တိုတိုနှင့် ခူးဆွတ်နိုင်သော ဥပမာ မုန်လာဥဖြူ၊ သကြားမုန်လာ၊ အရွက်စားပင်များဖြစ်သော ဟင်းနုနွယ်၊ ဆလတ်ရွက် ကြီးထွားမှုမြန်သည့် သီးစားပင်များဖြစ်သော ငရုတ်၊ ငရုတ်ချို၊ ခရမ်း၊ ခရမ်းချဥ် များကိုစိုက်ပျိုးနိုင်ပါတယ်။

-လုပ်ဆောင်ချက်များအားလုံးသည် သန့်သန့်ပျံ့ပျံ့ဖြစ်ရန် လိုအပ်ပါတယ်။

-အသုံးပြုမည့် အိုး၊ သေတ္တာများကို တတ်နိုင်လျှင် ပေါ့ပေါ့ပါးပါးဖြစ်ပြီး လှပသောရောင်စုံပလတ်စတစ်အိုးသေတ္တာများကိုအသုံးပြုသင့်ပါတယ်။ မျက်စိသာဒရှိပြီး ပေါ့ပါးတဲ့အတွက် လွယ်ကူစွာလည်းရွေ့ပြောင်းနိုင်ပါတယ်။

-အသုံးပြုသည့် ပျိုးခံပစ္စည်းများမှာ ညစ်ပတ်ရန်မသင့်လျော်သဖြင့် မြေသြဇာအနေနဲ့ မြေကြီးကိုအသုံးမပြုဘဲ တချို့ကို သဲကြမ်း ၂ဆ၊ စက်ဖွဲပြာ ၁ဆ၊ နွားချေးဆွေး ၁ဆဖြင့်ရောစပ်ပြီး  မီးဖိုပေါ်တွင် ဒယ်အိုးတစ်ခုဖြင့် ထည့်လှော်ကာ ပိုးသန့်စင်၍ အသုံးပြုနိူင်ပါတယ်။

-အချို့အပင်များကိုလည်း မြေကြီးလုံး၀မပါဘဲ၊ ဗေဒါမြေဆွေးကဲ့သို့သော spongy like compost ကိုအသုံးပြုပြီး စိုက်ပျိုးခြင်းက အိုးကိုပေါ့ပါးစေပါတယ်။ ခရမ်းချဥ်၊ ဆလတ်စသည်တို့ကို ဗေဒါမြေဆွေးနှင့်စိုက်ပျိုးနိုင်ပါတယ်။ယခုဖော်ပြသော ​စပ်မြေအချိုးမှာ လေ၀င်လေထွက်ကောင်းပြီး ပေါ့ပါးသည့်အပြင် ရေအကြိမ်ကြိမ်လောင်းသော်လည်း ရေ၀ပ်ခြင်းမဖြစ်စေပါဘူး။

-အပင်ရှည်မျိုးများအတွက် ထောက်တိုင်ကိုအသုံးပြု၍ တိုင်ထောက်ပြီးစိုက်ပျိုးနိုင်ပါတယ်။ထောက်တိုင်ဖြင့်စိုက်ကာ အပင်ရှည်တတ်လာသည့်အခါတွင် တိုင်မှာမြဲနေအောင်ချည်ပေးဖို့တော့လိုပါမယ်။

-အမျိုးအစားမတူသော ဆေးဖက်၀င် ပင်စိမ်း၊ ဇီယာ၊ ကုဆိုင် ကဲ့သို့သော် ဟင်းခတ်အမွှေးအကြိုက်များကို ပန်းအိုးတစ်အိုးထဲတွင်လည်း စုပေါင်းစိုက်ပျိုးနိုင်ပါတယ်။ ပန်းအိုးများကို ဆင့်ပြီးတော့ စိုက်ပျိုးခြင်းဖြင့်လည်း ၀ရံတာကို အလှဆင်နိုင်ပါတယ်။

-ခရမ်းချဥ်နှငိ့ချစ်တီးပုပန်းပင်များက်ု တစ်အိုးထဲမှာ ချိတ်ဆွဲစိုက်ပျိုးတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။ ချစ်တီးပန်းရဲ့အနံ့က ပိုးမွှားတွေ ကြောက်တဲ့အတွက် ခရမ်းချဥ် အရွက်တွေကို အဆိပ်အတောက်ဖြစ်စေသော ပိုးမွှားဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

-သောက်ရေသန့် ဘူးခွံများကို အလဟသ မဖြစ်စေရန်၊ ဆလတ်၊ ကြက်သွန်မြိတ်ကဲ့သို့ အရွက်စားပင်များကို စိုက်ပျိုးထားနိုင်ပါတယ်။

-တိုက်ခေါင်မိုးများအပေါ်တွင် သစ်သားဘောင်ခပ်မြင့်မြင့်ပြုလုပ်၍လည်း မြေဆွေးများထည့်ကာ ကိုက်လန်ကဲ့သို့သော အာဟာရမြင့်၊ ဆေးဖက်၀င်အပင်များကိုခပ်စိပ်စိပ်စိုက်ပျိုးနိုင်ပါတယ်။ တစ်နှစ်ပတ်လုံးခူးယာ စားသုံးနိုင်ပါတယ်။

သတိပြုရမည့်အချက်

ပျိုးအိုး၊ ပျိုးသေတ္တာ၊ ပန်းအိုး များနှင့် စိုက်ပျိုးရာတွင် ပူသောရာသီ၌ အသုံးပြုသော စပ်မြေသည် လျှင်မြန်စွာဖြင့် ရေငွေ့ပျံပြီး ခြောက်သွေ့လာစေနိုင်ခြင်းကြောင့် ပူသောကြမ်းပြင်(သံမန်တလင်း)နေရာတွင် တိုက်ရိုက်ထားခြင်းကို ရှောင်ကြဥ်ရပါမယ်။

ဟင်းသီးဟင်းရွက်ပင်သည် အာဟာရပြည့်၀သော စပ်မြေကို ပို၍လိုအပ်ပြီး ရေလိုအပ်ချက်ပိုများသဖြင့် ပန်းပင်များထက် သေချာစွာ ဂရုစိုက် ထိန်းသိမ်းစိုက်ပျိုးပြုစုရန် လိုအပ်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.