AGRICULTURE
ခရမ်းပင်စိုက်ပျိုးနည်း
မြေဆီလွှာအပူချိန် ၅၀ ဒီဂရီဖာရင်ဟိုက်ရှိသောအချိန်တွင်ခရမ်းသီးအား စိုက်ပျိုးနိုင်ပါတယ်။
ပျိုးသေတ္တာ၊ ပျိုးဗန်းတို့ဖြင့် စတင်ပျိုးထောင်နိုင်ပါတယ်။
အပင်ပေါက်စုံပြီး ပထမရွက်မှန်ထွက်ချိန်တွငိ ၆လက်မ×၈လက်မ ပျိုးအိတ်သို့ တစ်ပင်ချင်းပြောင်းရွှေ့ပါ။
ခရမ်းသီးများသည် ရှည်လျားပြီး ဖြောင့်မတ်စွာ ကြီးထွားတတ်သဖြင့် ခရမ်းပျိုးပင် တစ်လသားရှိချိန်တွင် ၎င်းတို့ကို ၂၄ မှ ၃၆ လက်မ(၃ပေ)ခြားစိုက်ပျိုးသင့်ပါတယ်။ စိုက်ကျင်းတူးပြီး ပျိုးထုတ်ကို ခွဲစိုက်ကာ ရေလောင်းပေးရပါမယ်။မြေဆီလွှာတွင်အစိုဓာတ်နှင့်ဓာတ်မြေသြဇာများကိုထိန်းသိမ်းရန်အတွက် မြေဆွေး၂လက်မအား ပေါင်းစပ်စိုက်ပျိုးခြင်းဖြင့် ပိုမိုကောင်းမွန်စေပါတယ်။ အပင်များကို၎င်းတို့ကွန်တိန်နာအတွင်းစိုက်ပျိုးသည့်အနက်အတိုင်းထားပါ။ညနေစောင်းတွင်စိုက်ပျိုးသင့်ပါတယ်။ အပင်နုနယ်စဥ်နှင့် အမြစ်သစ် မစွဲမီချိန်အထိ နေရောင်ကာအုပ်ပေးသင့်ပါတယ်။ ပျိုးပင်အမြစ်စွဲ၍ အပင်လန်းလာလျှင် နေရောင်ကာကို ဖယ်ရှားပြီး တိုက်ရိုက်နေရောင်ပေးပါ။
စိုက်ပျိုးပြီး ၁၅ရက်ကြာလျှင် ပေါင်းမြက် ရှင်းလင်းပြီး မြေအနည်းငယ်ဆွကာ ယူရီးယား တစ်ဇွန်းခန့်ကို အပင်နှင့် တစ်ထွာပတ်လည်ခန့်အကွာတွင် ၀ိုက်ထည့်ပေးပြီး ရေ၀အောင်လောင်းပေးရပါမယ်။ အကိုင်းများများခွထွက်လာစေရန် ထိပ်ညွှန့်ကို ချိုးပေးရပါမယ်။
စိုက်ပျိုးပြီး တစ်လတွင် ပန်းစတင်ပွင့်လာနိုင်ပါတယ်။ ထိုအခါ မြေဆွပေးခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ ပဲဖတ်၊ နှမ်းဖတ် မြေသြဇာရည်ကို တစ်ပင်လျှင် နို့ဆီဘူးတစ်၀က်ထည့်ပြီး အပင်ခြေခိုင်ခန့်စေရန် မြေတင်ခြင်းနှင့် တိုင်ထောင်ပြီး ကြိုးချည်ခြင်းတို့လုပ်ပေးရပါမယ်။
ဒိီလိုအချိန်မျိုးတွင် ခေါင်ညွန့်ထိုးပိုး၊ သီးလုံးဖောက်ပိုးကျရောက်နိုင်သဖြင့် အပင်မှ ထုတ်လုပ်သော ဥပမာ တမာပိုးသတ်ဆေးကို ပက်ဖျန်းပေးနိုင်ပြီး သီးကင်းအရွယ်တွင် သတင်းစာစက္ကူကိုသုံး၍ အိတ်စွပ်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
အသီးများကို မရင့်မှည့်သေးချိန်နှင့် အမှည့်လွန်သည့်အချိန်မျိုးတွင် ခူးယူမိပါက ခါးသက်သောအရသာကိုခံစားရနိုင်ပါတယ်။ အကောင်းဆုံးအသီးမှာ ကြီးထွားမှုရပ်ပြီး တောက်ပသောအရောင်ရှိပါတယ်။ ခွဲကြည့်လျှင် မရင့်ကျက်သေးသောအစေ့များကိုတွေ့နိုင်ပါတယ်။ မရင့်ကျက်သေးသောအသီးများကိုခွဲကြည့်လျှင် အစေ့မတွေ့နိုင်ပါ။ ရင့်မှည့်လွန်သောအသီးများတွင်လည်း မာပြီး အမဲရောင်ရှိသောအစေ့များကိုတွေ့နိုင်ပါတယ်။
စိုက်ပျိုးပြီး ၂လကျော်လျှင် အသီးများစတင်ခူးနိုင်ပြီဖြစ်ပါတယ်။ ခရမ်းပင်သည် ခူးဆွတ်ပြီး တစ်လခွဲ နှစ်လတွင် သီးထွက်ကျသွားနိုင်သဖြင့် ပင်စည်ခါးလည်မှဖြတ်တောက်ပေးပါ။ ယူးရီးယား တစ်ဇွန်းခန်နှင့် ပဲဖတ် နှမ်းဖတ် မြေသြဇာရည်ကို ထပ်မံထည့်ပေးခြင်းဖြင့် နောက်တစ်လတွင် အသီးပြန်လည်ရရှိစေနိုင်ပါတယ်။