Connect with us

သခွားသီးစိုက်ပျိုးနည်း

AGRICULTURE

သခွားသီးစိုက်ပျိုးနည်း

သခွားသီးကို အာရှတိုက်အရှေ့တောင်ပိုင်းတွင်စတင်ပေါက်ရောက်တယ်လို့ ယူဆကြပါတယ်။

သခွားသီးတွေဟာ ပူနွေးသောရာသီမှာ ပိုမိုဖြစ်ထွန်းပြီး ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။ သခွားသီးစိုက်ပျိုးရန် အကောင်းဆုံးအပူချိန်မှာ ၆၀ ဒီဂရီမှ ၉၀ ဒီဂရီဖာရင်ဟိုက် (၁၅ ဒီဂရီမှ ၃၂ ဒီဂရီစင်တီဂရိတ်) အထိဖြစ်ပါတယ်။

သခွားသီးဟာ သဲဆန်သောမြေမှ စနယ်မြေထိ မြေအမျိုးမျိုးမှာစိုက်ပျိုးနိုင်ပါတယ်။ ရေမ၀ပ်စေဘဲရေစီးရေလာကောင်းတဲ့ မြေမှာပိုမိုဖြစ်ထွန်းပါတယ်။ မြေဆီလွှာph ၅.၅မှ ၆.၅ အတွင်း ပိုမိုဖြစ်ထွန်းပါတယ်။

ဥယျာဉ်၌သခွားသီးမျိုးစေ့ကိုနွေ ဦး ရာသီတွင်စိုက်ပျိုးနိုင်ပါတယ်။အေးသောဒေသများတွင်နောက်ဆုံးနှင်းခဲနေ့ပြီးနောက် ၃ ပတ်မှ ၄ ပတ်အကြာတွင်စိုက်ပျိုးနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မိုးများပြီး စိုထိုင်းဆများသော နေရာများတွင် စိုက်ပျိုးပါက အပင်များရောဂါကျလွယ်တတ်တာကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့်နေရောင်ခြည် ကောင်းစွာရရှိပြီး စိုထိုင်းဆနည်းသောနေရာများတွင် စိုက်ပျိုးပါ။

သခွားသီးစိုက်ပျိုးရန်အတွက်မြေဆီလွှာအပူချိန်သည် ၇၀ ° F (၂၁ ဒီဂရီစင်တီဂရိတ်) ဖြစ်ပါတယ်။

ဥယျာဉ်ထဲသို့မစိုက်ခင် ၆ ပတ်အလိုတွင်သခွားမျိုးစေ့ကိုအိမ်တွင်း၌ အိုးဖြင့်ပျိုးထားနိုင်ပါတယ်။

စိုက်ပျိုးခြင်း နှင့် နေရာခြားခြင်း

သခွားပင်များကို တစ်ကျင်းတွင် တစ်စေ့သာ ထည့်၍ ပင်ကြားတန်းကြား (၂x၂) ပေခွဲထား၍ စိုက်ပျိုးနိုင်ပါတယ်။ သက်လျင်များကို တိုင်ထောင်ပေးပြီး သက်ကြီးမျိုးများ (သခွားချဉ်)ကိုစင်တင်၍ စိုက်ပျိုးရပါမယ်။ တိုင်ထောင်ရာတွင် ကြက်ခြေ ခတ်ထောင်ခြင်း၊ ၄၅ ဒီဂရီစောင်း ထားပြီး ဘောင်နှစ်ဘောင်မှ အပင်များကို တင်ခြင်းစသည့် နည်းများဖြင့်ပြုလုပ်နိင်ပါတယ်။

သဘာ၀မြေသြဇာအသုံးပြုနိုင်ပါတယ်။

သခွားစိုက်ပြိး (၁၅) ရက်မှ (၂၀)ရကအတွင်း ပေါင်းတစ်ကြိမ်လိုက်ပေးရပါမယ်။ သခွားသက်တန်းတလျှောက်တွင် ပေါင်းအခြေအနေအရ(၂)ကြိမ် ၃ကြိမ်  ပေါင်းလိုက်ပေးပါမယ်။

သခွားကိုမိုးတွင်းတွင် စိုက်ပျိုးပါကရေသွင်းပေးရန် မလိုသော်လည်း  ဆောင်းရာသီတွငိစိုက်ပျိုးသူများအတွက် စိုက်ချိန်တွင်တစ်ကြိမ် နှင့်အခြေအနေအရ အစိုဓာတ်ထပ်မံ၍လိုအပ်ပါက ၊ ရေ (၂) ကြိမ်မှ (၄)ကြိမ် အထိပေးရန်လိုပါတယ်။

သခွားသီးများကို( ၄၅) ရက်မှ စတင် ဆွတ်ခူးနိုင်ပါတယ်။ မျိုးအလိုက် ဈေးကွက်ကြိုက် နှစ်သက်သော အရွယ်တွင်ဆွတ်ခူးနိုင်ပါတယ်။ရင့်မှည့်သောသခွာသီးများကို ဆွတ်ခူးရန် အရေးကြီးပါတယ်။ နုသော သခွားသီးများကို ဆွတ်ခူးပါက အစိုဓါတ်များနိုင်ပြီး သခွားသီးမှည့်ပါက အသီးအောက်ခြေရှိ အညှာအက်ကွဲလာပါတယ်။

သခွားပင်မှာ အဓိက ကျရောက်တတ်တဲ့ ရောဂါတွေကတော့ သခွားကျိုင်းကောင်၊ ဖရုံကျမ်းပိုး၊ ပြပိုးတို့ပဲ ဖြစ်ပါတယ်။ ပြပိုးနဲ့ ကျိုင်းကောင်တို့ကတော့ အပင်ငယ်တွေအပြင် အသီး အရွက်တွေကိုပါ ပျက်စီးစေရုံသာမက ရွက်ပျောက် ဗိုင်းရပ်နဲ့ ညှိုးသေ ဘက်တီးရီးယား ရောဂါတွေကိုပါ ကျရောက်စေပါတယ်။ သခွားပင်မှာ ကျရောက်တတ်တဲ့ ရောဂါတွေကတော့ ဒေါင့်တန်းရောဂါ၊ ညှိုးသေရောဂါ၊ ပင်ဆီလောင်မီးရောဂါ၊ ဗိုင်းရပ်နဲ့ မှိုကပ်ရောဂါတွေပဲ ဖြစ်ပါတယ်။ ရောဂါပိုး ကာကွယ်ရန်အတွက်ကတော့ ရောဂါဒဏ် ခံနိုင်တဲ့မျိုးကို စိုက်ပျိုးခြင်း၊ သီးနှံများကို အလှည့်ကျ စိုက်ပျိုးပေးခြင်၊ ပြပိုးနဲ့ ကျိုင်းကောင်တို့ကို ဆေးဖျန်း နှိမ်နှင်းခြင်း စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

ဖားဥမှိုရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ပင်စည်အစေးထွက်ရောဂါ၊ ဒေါင်းနီးရွက်ခြောက် ရောဂါများလညကျရောက်တတ်သဖြင့် မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းတွင် မှတ်ပုံတင်ထားသော မှိုသတ်ဆေးများဖြင့် ကာကွယ်နှိမ် နင်းနိုင်ပါတယ်။ ရောဂါကျရောက်သော အပင်အစိတ်အပိုင်းများကို ဖယ်ရှားပြီး မီးရှိို့ဖျက်ဆီးခြင်းလည်းပြုလုပ်နိုင်ပါတယ်။

သခွားပင်များအား ဒီဒီတီ ၊ ဘီအိပ်စီ ၊ အင်ဒရင်းဆေးများမပက်ဖျန်းသင့်ပါဘူး။ ပက်ဖျန်းမိပါက အရွက်များလောင်ကျွမ်းပျက်စီးနိုင်ပါတယ်။

သိုလှောင်ခြင်း

သခွားသီးများကိုခူးယူဖြတ်တောက်ပြီး ရေခဲသေတ္တာထဲတွင် ၇ ရက်မှ ၁၀ ရက်အထိထားနိုင်ပါတယ်။

မှန်လုံအိမ်သခွားသီးကတော့ ရေခဲသေတ္တာထဲတွင် ၁ ရက်မှ ၂ ရက်အထိထားနိုင်ပါတယ်။ အပူချိန်အရမ်းမနိမ့်လွန်းကြောင်းသေချာအောင်လုပ်သင့်ပါတယ်။သို့မှသာသခွားသီးအေးခဲပြီးမပျော့သွားမှာဖြစ်ပါတယ်။

အေးခဲနေသောသခွားသီးများကို ကြွပ်ဆပ်နေစေဖို့ပလတ်စတစ်ဖြင့်သို့မဟုတ်ဇစ်ပါသောအိတ်အကြည်ဖြင့်သိုလှောင်ပါ

သခွားချဥ်များကို တစ်နှစ်ထိ သိုလှောင်နိုင်ပါတယ်

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.