၁) သင်စိုက်ပျိုးမည့်နေရာရဲ့ အပူချိန်နဲ့စိုထိုင်းမှုကိုကြည့်ပါ
ငှက်ပျော်ပင်ဟာ အပူချိန် (၁၀°-၄၀°) စင်တီဂရိတ်အတွင်းကောင်းစွာပေါက်ရောက်ပါတယ်။ ပျှမ်းမျှအပူချိန် (၂၆.၇) စင်တီဂရိတ်နှင့် လစဉ် မိုးရေချိန် (၁၀) စင်တီမီတာခန့်သည် အကောင်းဆုံးဖြစ်ပါတယ်။ ဆီးနှင်းကျခြင်းသည် အပင်ကြီးထွားမှုကို ထိခိုက်စေပါတယ်။ လေပူများပြင်းထန်စွာ တိုက်ခတ်ပါက ငှက်ပျောပင်များအား အနာတရဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် လေကာပင်များ စိုက်ပျိုးရန်လိုအပ်ပါတယ်။
(၂)သင့်ခြံထဲမှာရှိတဲ့ နေရောင်အရဆုံးဧရိယာကိုရှာပါ။
နေ့တိုင်း ၁၂ နာရီတိုက်ရိုက်တောက်ပသောနေရောင်ခြည်နှင့်ငှက်ပျောပင်များကြီးထွားမှုဟာအကောင်းဆုံးဖြစ်ပါတယ်။
(၃) စိုက်ပျိုးမယ့်နေရာဟာ ရေကောင်းစွာစီးဆင်း စိမ့်၀င်ဖို့လိုပါတယ်
မြေသားနက်ရှိုင်း၍ ရေစိမ့်စီးမှု ကောင်းသော နှုန်းမြေဖြစ်ပြီးမြေဆီဩဇာ ပြည့်စုံသောမြေဟာ ငှက်ပျော်ပင်စိုက်ပျိုးဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ မြေအချဉ်အငံဓာတ် အနည်းငယ်မြင့်သောမြေများ၊ ဆားဓာတ်ပါဝင်မှု(၀.၀၅%) ထက် များသော ဆားပေါက်မြေများတွင် မစိုက်ပျိုးသင့်ပါ။ထို့ကြောင့် နုန်းဆန်သောမြေသား၊ နုံးဆန်သော ရွံ့မြေသား၊ မြေချဉ်ငံဓာတ် Ph ၆ မှ ၇.၅ အတွင်း စိုက်ပျိုးသင့်ပါတယ်။ ရွံ့စေးမြေ၊ သဲမြေ၊ ဆားပေါက်မြေ၊ ထုံးပေါက်မြေ မဖြစ်သင့်ပါ။ အစိုဓာတ်ရှိပြီး မြေဆီ မြေနှစ်ကောင်းရမည့်အပြင် ရေသွင်းရေထုတ် ကောင်းမွန်တဲ့မြေနေရာ တစ်ခု ဖြစ်ရပါမယ်။
(၄)နေရာအလုံလောက်ရမည့် နေရာမျိုးကိုရွေးချယ်ပါ
ငှက်ပျော်သီးအပင်မြင့်မျိုးများကို အနည်းဆုံး (၂.၁×၂.၁) မီတာ (၇) ပေ ပတ်လည်အထိ ပင်ကြားတန်းကြား အကွာအဝေး ထားစိုက်ပျိုးရပါမယ်။ အပင်သိပ်သည်းစွာစိုက်ပျိုးမည်ဆိုပါကစ (၁.၅×၁.၅) မီတာပတ်လည် စိုက်ပျိုးလျှင် တစ်ဧကအပင် (၁၇၉၉)ပင် ဝင်ဆံ့သဖြင့် အထွက်နှုန်းမြင့်မားစေပါတယ်။ အအေးလွန်ကဲသည့် ဆောင်းရာသီနှင့် မိုးများစွာရွာသည့်ကာလမှလွဲ၍ ကျန်တဲ့အချိန်များတွင် စိုက်ပျိုးနိုင်ပါတယ်။
(၅)မြေနေရာပြုပြင်ခြင်း
ငှက်ပျောစိုက်ခင်းသစ်များ တည်ထောင်ရန်အတွက် ကြိုတင်၍နေရာများကို
ဆောင်းဦးကပင် ခုတ်ထွင်ရှင်းလင်းပြီး ပေါင်းမြက်၊ သစ်ကိုင်း စသည်တို့ခြောက်
သွေ့လာသည်နှင့်အမျှ မတ်လတွင်မီးရှို့ခြင်း၊ သစ်ငုတ်ဝါးများကို တူးဖော်ခြင်း၊
သစ်ပင်ငုတ်များအပေါ်သို့ စုပုံ၍ ထပ်မံမီးရှို့ခြင်းစသည်များကြိုတင်ပြုပြင်လုပ်ကိုင်
ထားရပါမယ်။အချို့ရေဝပ်သောအပိုင်းများတွင် မြောင်းပေါက်များ တူးထားပေးရပါမယ်။
(၆)အပင်ပြုစုရာတွင် သတိထားဂရုစိုက်ရမည့် အချက်များ
ပေါင်းမြက်ရှင်းလင်းရာတွင် အမြစ်ထိခိုက်မှု မရှိစေရန် ဂရုစိုက်ဆောင်ရွက်ရပါမယ်။ မိုးရာသီတွင် ရေစိမ့်ဆင်းမှု ကောင်းရန်နှင့် အပင်ခြေတွင်ရေမဝပ်စေရန် အပင်ခြေကိုမြေဖို့ပေးသင့်ပါတယ်။ သို့ရာတွင် နွေနှင့်ဆောင်းရာသီတွင် အပင်များကိုရေပေးသွင်းနိုင်ရန် ဆောင်ရွက်ရပါမယ်။ သီးခိုင်ထွက်လာလျှင် ဝါးဖြင့် တိုင်ထောက်ပေးပါ။ နေလောင်ခြင်း၊ ဖုန်တင်ခြင်းမရှိစေရန်နှင့် အသီးအရောင်လှပစေရန် အပြာရောင် ပလတ်စတစ်အိတ်ဖြင့်စွပ်ပေးနိုင်ပါတယ်။
ခြောက်သွေ့ဆွေးမြေ့နေသောအရွက်များနှင့် အပင်အစိတ်အပိုင်းများအားဖယ်ရှားပေးရပါမယ်။ အသီးကြီးထွားရန် ငှက်ပျောဖူး (အဖိုဖူး) အားဖြတ်ပေးပါ။ စီးပွားရေးတွက်ခြေကိုက်ရန် ငှက်ပျောခင်းအား (၃-၅) နှစ်အထိသာထားပြီးအသစ်ပြန်စိုက်ပျိုးသင့်ပါတယ်။ အသီးခိုင်ခုတ်ပြီး (၃၀-၄၅) ရက်အထိပင်စည်မကို အရင်းမှ မခုတ်ဘဲ နည်းနည်းချင်း ဖြတ်ပေးရပါမယ်။ ပင်စည်မ မှ အစာအာဟာရများသည် ကြီးထွားနေသောလမိုင်းအပင် (သားတက်) ကြီးထွားမှုအတွက် အထောက်အကူဖြစ်စေပါတယ်။
(၇) ရေသွင်းခြင်း၊ ရေထုတ်ခြင်းတို့ပြုလုပ်ရပါမယ်
မိုးရေချိန် ၅၀ လက်မကျော်လွန်သည့်နေရာများ၌ ရေသွင်းပေးရန်မလိုအပ်ပါဘူး။ ငှက်ပျောပင်သည် ရေနစ်ခြင်းကို မခံနိုင်သည့်အတွက် မြေပြန့်များတွင် စိုက်ပျိုးသည့်အခါက
မြောင်းတန်းများပြုလုပ်ပြီး မြောင်းပေါက်များတွင် စိုက်ပျိုးသင့်ပါတယ်။ ရေထုတ်မြောင်းများ ပိတ်ဆို့မှသာလျှင် ပြုပြင်ပေးနိုင်ပါတယ်။ကုန်းစောင်းစိုက် ငှက်ပျောသည် မြေပြိုရေစားခြင်းတားဆီးနိုင်ရန် ပင်အိုပင်ပျိုများ ခုတ်ထွင်ရှင်းလင်းပြီး ကွန်တိုအရစ်လိုက်ထားရှိခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။
(၈)လစဉ်ပင်စည်မှ တိုတောင်းတဲ့အကွာအဝေးတွင် ဓာတ်မြေသြဇာထည့်နိုင်ပါတယ်။
အပင်ငယ်များအတွက် လစဉ် ၀.၁ မှ ၂.၂ ကီလိုဂရမ် (၀.၂၅ မှ ၅.၅ ပေါင်) လိုအပ်ပြီးအရွယ်ရောက်ပြီးအပင်များအတွက် ၀.၇ မှ ၉.၉ ကီလိုဂရမ် (1.5-2 ပေါင်) အထိမြင့်တက်ပြီး ကျွေးနိုင်ပါတယ်။ သင်၏အပင်ကြီးထွားလာသည်နှင့်ဓာတ်မြေသြဇာလည်းတဖြည်းဖြည်းတိုး၍ကျွေးပေးနိုင်ပါတယ်။
ဓာတ်မြေသြဇာများကိုများသောအားဖြင့်နိုက်ထရိုဂျင်၊ ဖော့စဖရပ် (ပိုတက်စီယမ်) နှင့်ပိုတက်စီယမ်ပမာဏတို့ကိုကိုယ်စားပြုသည့်နံပါတ်သုံးခု (N-P-K) ဖြင့်တံဆိပ်ကပ်ထားတတ်ပါတယ်။ ငှက်ပျောသီးတွင်ပိုတက်စီယမ်များစွာလိုအပ်သော်လည်းအခြားအာဟာရများလည်းအရေးကြီးပါတယ်။ ထို့ကြောင့်မျှတသောဓာတ်မြေသြဇာ (အကြမ်းအားဖြင့်တူညီသောနံပါတ်သုံးခု) သို့မဟုတ်သင်၏မြေဆီလွှာတွင်ချို့တဲ့မှုကိုဖြေရှင်းသည့်ဓာတ်မြေသြဇာကိုသုံးနိုင်ပါတယ်။
(၉) ကျရောက်တတ်သောရောဂါများနှင့် ပိုးမွှားများ
ပနားမားညှိုးသေရောဂါ၊ ရွက်ပျောက်ရောဂါ၊ ငှက်ပျောအမြစ်ထိုးပိုး၊ပျပိုးတို့ ကျရောက်တတ်ပါတယ်။ ဂရုတစိိုက်ထိန်းသိမ်းပေးဖို့လိုပါမယ်။