Connect with us

ခရမ်းချဉ်ပင်ကို အပင်ပိုးသတ်ဆေးအဖြစ် အသုံးပြုနည်း

AGRICULTURE

ခရမ်းချဉ်ပင်ကို အပင်ပိုးသတ်ဆေးအဖြစ် အသုံးပြုနည်း

ခရမ်းချဉ်ပင်ဟာ မြန်မာ့ဟင်းလျာများတွင် မရှိမဖြစ်အသုံးပြုသည့် မီးဖိုချောင်သုံး သီးနှံပင်ဖြစ်ပါတယ်။

မြန်မာပြည်အထက်ပိုင်းနှင့် ရှမ်းပြည်နယ်များမှာ အကြီးအကျယ်စိုက်ပျိုးကြပါတယ်။ခရမ်းချဉ်၏ မူလပေါက်ရောက်ရာဒေသမှ အမေရိကတိုက် ရှိ ပူပြင်းစိုစွတ်သောအပိုင်း ဖြစ်ပါတယ်။ ၁၆ ရာစုဆန်းစအချိန် တွင် ဥရောပတိုက်သို့ ခရမ်းချဉ်ပင် ရောက်လာခဲ့တာ ဖြစ်ပါတ်​။ယခု အခါ၌ ကမ္ဘာပေါ်တွင် အပူပိုင်းအရပ်များနှင့် သမပိုင်းအရပ်များ ၌ ခရမ်းချဉ်ပင်ကို ဟင်းသီးဟင်းရွက်ပင်အဖြစ်ဖြင့် စိုက်ပျိုး လျက် ရှိကြပါတယ်။

ခရမ်းချဉ်ပင်ဟာ အသင့်အတင့် ပူနွေးသောရာသီဥတု တွင် ပေါက်ပွားသဖြင့် ရာသီဥတု အေးမြသော ဗြိတိသျှကျွန်း နှင့် ဥရောပတိုက်မြောက်ပိုင်းဒေသများ၌ မှန်အမိုးအကာများ အတွင်းတွင် ထိုခရမ်းချဉ်ပင်ကို အပူငွေ့ပေး၍ စိုက်ပျိုးကြရပါတယ်။

ခရမ်းချဉ်ပင်သည် အဆိပ်အတောက်ရှိသော အပင်မျိုးနွယ် ထဲမှ ဖြစ်ခြင်းကြောင့် ၁၉ ရာစုမတိုင်မီက လူတို့သည် ခရမ်း ချဉ်သီးများကို မစားသုံးခဲ့ကြပါဘူး။သို့ရာတွင် ယခုအခါ၌ ခရမ်း ချဉ်သီးကို အသုံးများလာကြပါတယ်။

ပိုးသတ်ဆေးအနေနဲ့ အသုံးပြုမည်ဆိုပါက ခြုံပုတ်အမျိုးအစားကိုသာအသုံးပြုရမည်ဖြစ်ပြီး နွယ်ပင်အမျိုးအစားကိုတော့အသုံးပြုလို့ မရပါဘူး။

အသုံးပြုနိုင်သောအစိတ်အပိုင်း- အရွက် ပင်စည်

အစွမ်းသတ္တိ- တွန်းကန်ဆေး( ပိုးကောင်များ ဥမအုစေရန် တားဆီးနိုင်ပါတယ်)

နှိမ်နင်းနိုင်သောပိုးမွှားများ- ဂေါ်ဖီထုပ်လိပ်ပြာ၊ စိန်ကွက်ဖလံ

ပြုလုပ်နည်း

-အသီးခူးပြီးသော ခရမ်းချဉ်ပင် တစ်ပင်လုံးကို တောက်တောက်စင်း၍ ရေနွေးဆတူနှင့် ၅နာရီကြာစိမ်ထားပါ။

– ထို့နောက် ပိတ်စိမ်းပါးဖြင့် စစ်ချ ညှစ်ယူ၍ ဂေါ်ဖီထုပ် ပန်းဂေါ်ဖီပင်များတွင် ပက်ဖြန်းခြင်းဖြင့် ဂေါ်ဖီထုပ်လိပ်ပြာ၊ စိန်ကွက်ဖလံများကို တားဆီးကာကွယ်နိုင်ပါတယ်။

– အထူးသဖြင့် လိပ်ပြာဖလံအကောင်ကြီးဖြစ်ပြီး ဥများအုကာနီးအချိန်တွင် ပက်ဖျန်းပေးခြင်းဖြင့် အပင်ပေါ်တွင် ဥများ ဥခြင်းမှ ကာကွယ်နိုင်ပါတယ်။

စိုက်ပျိုးထုတ်လုပ်မှု

အနောက်နိုင်ငံများ၌ ခရမ်းချဉ်သီးမှည့်ကို အလုံးလိုက်သော် လည်းကောင်း၊ အရည်အဖြစ်သော်လည်းကောင်း၊ စည်များ ပုလင်းငယ်များတွင် ထည့်သွင်းရောင်းချကြပါတယ်။ ချဉ်ရည်အမျိုး မျိုးကိုလည်း ခရမ်းချဉ်သီးမှည့်များမှ ပြုလုပ်ကြသည်။ အထူး သဖြင့် ဟင်းရွက်စိမ်းလက်သုတ်တွင် ခရမ်းချဉ်သီးကို အသုံး များကြပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.