Uncategorized
Taurus ♉ ပြိဿ ရာသီဖွား ? (ဧပြီလ ၂၀ ရက် – မေလ ၂၀ ရက်)
Taurus ( ♉ ) ပြိဿ ရာသီဖွား ?
( ဧပြီလ ၂၀ ရက် – မေလ ၂၀ ရက် )
☀ အဖြူ ထည် ဘုကလန့် ☀
အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်ရရင် အချိုးမပြေ ၊
ဘုကလန့် ပုံစံ နေတတ် ကြပါတယ်။ သူတို့
နဲ့ မခင် ၊ မရင်နှီးသေးသူ တစ်ယောက် ရဲ့
အမြင် မှာတော့ သူတို့က ပေါင်းသင်းချင်
စရာမရှိဘူးလို့အထင်ခံ ရသေး တတ်
ပါတယ်။ အပေါ်ယံကြည့်ပြီး စိတ်ထား
ကို ဆုံးဖြတ်လို့ မရတဲ့ သူတွေပါ ။
☀ ဒေါ်ပွစိ & ဦးလျှာရှည် ☀
ငယ်ရွယ်တုန်းက အေးဆေး တည်ငြိမ် ပြီး
နူးညံ့တဲ့ သူတွေဟာ ကြီးလာတဲ့အခါ
မှာတော့ ပူညံပူညံ အလုပ်ဆုံးသူတွေ
ဖြစ်လာပါတယ် ။
အသက်ကြီးလာ တာနဲ့ အမျှ မိသားစုရဲ့
တာဝန် အားလုံးကို ခေါင်းပေါ်တင်ထား
ရတဲ့အတွက် စိတ်ဖိစီးတာက တစ်မျိုး ၊
အိမ်ထောင် တစ်ခု ရဲ့ ဦးစီး ဖြစ်နေတာ
က တစ်ကြောင်း နဲ့ သွန်သင်ဆုံးမလိုက်၊
ပူညံပူညံ လုပ်လိုက် ဖြစ်နေမှာပါ ။
☀ လေ့လာ တဲ့ စာပေ ☀
စိတ်ရှည်ပြီး ခေါင်းမာ တတ်သူ သူတို့တွေ
ကတော့ ဂန္ထဝင်ဆန်တဲ့ ဝတ္ထု ဇာတ်လမ်းမျိုး
ကို သဘောကျ တတ်ပါတယ် ။ သူတို့ ရဲ့
အလွယ်တကူ အရှုံးမပေးတဲ့ စိတ်က၊
အခြား သူတွေ က ပျင်းစရာကြီး လို့
ထင်ထား တဲ့ စာအုပ်တွေ ကို စိတ်
ရှည်ရှည်နဲ့ ပြီးအောင် ဖတ်ရှုနိုင်တဲ့
စွမ်းရည် ပိုင်ဆိုင်ထားစေပါတယ် ။
☀ အရိုးခံ ပွင့်လင်းသူ ☀
ငြင်းရခုန် ရမယ့် အခြေအနေတွေ ကို
တတ်နိုင် သလောက် ရှောင် တတ်ပြီး
တစ်ခုခု ဆို ဝင်မပြောမိအောင် ကိုယ့်
ကိုယ်ကို ထိန်းတတ်ကြတဲ့ သူတွေပါ။
ဘာလို့လဲ ဆိုတော့ အကြောင်းအရာ
တစ်ခုခုနဲ့ပတ်သက်လို့ ဝင်ပြောမယ်၊
အကြံ ပေး ရမယ် ဆိုရင် စကားလုံး
အလှလေးတွေနဲ့ နားထောင်
ကောင်းအောင် ပြောမနေဘဲ
ပိဿ ာလေးဘေးပစ် ပြောတတ်တဲ့ အကျင့်
ကြောင့် လူတွေက သည်းမခံနိုင် ကြတာ
ကြောင့်ပါ။ ဒါပေမယ့် သူတို့အမုန်းခံပြီး
ဝင်ပြောတဲ့ အကြံက အလိမ်အညာ
လုံးဝ မဟုတ်ဘဲ စိတ်ရင်း အတိုင်း
ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေ
ပြောတဲ့ အကြံကိုလည်း တန်ဖိုး
ထားရမှာပါ ။
☀ ဘွင်းဘွင်းရှင်းရှင်း တုတ်ထိုးအိုးပေါက် ☀
စိတ်ထဲမှာ ရှိတဲ့ အတိုင်း ပါးစပ် က မထိန်းနိုင်ဘဲ
ပြောတတ်လွန်းလို့ သူတို့ ကိုယ်တိုင် က ငြင်းရ
ခုန်ရမယ့် အခြေအနေမျိုးကို တတ်နိုင်သလောက်
ရှောင်ရှား တတ်ကြ ပါတယ် ။ ကိုယ် ကိုယ်တိုင်
လိမ်ပြောရတာမျိုး၊ သူငယ်ချင်း ဒါမှမဟုတ်
တစ်ယောက်ယောက်ကလိမ်ပြောခိုင်းတာ
မျိုးကို လုံးဝမကြိုက်ဘဲ သူများတွေကိုယ့်ကို
ချစ်လာအောင်၊ အထင်ကြီး လာအောင်
စကားလုံးတွေအလှဆင်ပြီး ပြောနေမှာ
မဟုတ်ပါဘူး။ တမင်အကန်တွေချည်း
ပြောသလားမှတ်ရလောက်အောင်
တဲ့တိုးဆန်လွန်းတဲ့ သူတွေပါ ။
☀ ရေငုံ နှုတ်ပိတ် ဂျစ်တိုက်သူ ☀
သူတို့စိတ်ဆိုးသွားရင် ဘာမှမပြောဘဲ
နေတတ်ပေမယ့်၊ အဲ့ဒီလို ဘာမှမပြော
တော့တဲ့ အချိန် မှာ ဘာဖြစ်နေလဲ
သွားမေး လိုက်ရင် သူတို့စိတ်ထဲ
မကျေနပ်တာတွေကို တစ်ခုပြီး
တစ်ခုထုတ်ပြောပြီး ဘယ်တုန်း
က မှန်းမသိတော့တဲ့ ကိစ္စတွေ
ပါပါလာတတ်ပါတယ်။
ဒါပေမယ့် သူတို့စိတ်ကောက်နေတာကို
မသိသလိုလုပ်ပြီးကျော်သွားဖို့တော့
မကြိုးစားပါနဲ့၊ ဘယ်တော့မှစိတ်
မပြေတော့ဘဲနေပါလိမ့်မယ် ။
☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀
သူတို့အဓိကလိုချင်တာက ယုံကြည် မှုပါ။
သင့်ဘက် ကနေသာ သူ့ ကို ယုံကြည်မှု
ပေးလိုက်ပါ ။ သင်အနားမှာ ရှိနေရင် သူ့
အတွက် Safe ဖြစ်တယ်ဆိုတဲ့ ခံစားချက်
ကိုသာပေးလိုက်ပါ။ သ၀န်တိုတတ်လို့
သူသ၀န်တိုစေမယ့် အပြုအမှုတွေ
မလုပ်ပါနဲ့။ယုံကြည်မှု၊ စိတ်ချမှုတွေ
နဲ့သာ သူ့စိတ်ကို အပိုင်သိမ်းပါ ။
☀ ကြင်ဖော်ဖက်ကောင်း ☀
အရမ်း ချစ်တတ်တဲ့ သူတွေ ဖြစ်ပါတယ်။
ဒါကြောင့် ခိုင်မြဲစွာချစ်တတ်တဲ့သူတွေပါ။
အချစ်ကိုအရမ်းတန်ဖိုးထားပြီး အမြဲတမ်း
ဦးစားပေးနိုင်တဲ့သူတွေပါ။ အိမ်ထောင်
တစ်ခုကို တည်ဆောက်လိုက်ပြီဆိုရင်
လည်း ဘယ်လိုအခက်အခဲတွေပဲ
ရှိလာပါစေ ရင်ဆိုင် ကျော်လွှား
နိုင်တဲ့ သူတွေပါ ။ ဘယ်လို
ပြသနာမျိုးကိုမဆို ညှိညှိ
နှိုင်းနှိုင်းနဲ့ အဆင်ပြေ
အောင် ဖြေရှင်း ပေး
နိုင်စွမ်းရှိတဲ့သူတွေပါ ။
☀ တိတ်တခိုး ချစ် ☀
ခံစားချက်လိုက်ပြုမူ တတ်တဲ့သူတွေ ဖြစ်တာ
ကြောင့် စိတ်ထဲမှာ တစ်ခုခု ဖြစ်နေရင်
အရမ်း သိသာ ပါတယ် ။ ပျော်နေရင်
လည်း သိသာသလို၊ ဝမ်းနည်းနေရင်
လည်း အရမ်း သိသာ ပါတယ် ။
တစ်ယောက်ယောက် ကို ချစ်မိသွားရင်လည်း
ဖုံးမရဖိမရဖြစ်လောက်တဲ့အထိ ဟန်မဆောင်
နိုင်ကြပါဘူး။ အဲ့ဒီလို ကိုယ်ချစ်မိတဲ့သူကြောင့်
ပျော်တာ၊ ဝမ်းနည်းတာ စတဲ့ခံစားချက်တွေ
ဖြစ်နေရတာကို ပင်ပန်းတယ် လို့ ထင်လာ
ကြတာ ကြောင့် တတ်နိုင် သလောက် မချစ်
မိအောင်နေတတ်တယ်၊ ချစ်မိသွားရင်လည်း
လွယ်လွယ်နဲ့ ဝန်မခံတတ်ဘူး ။
☀ တသသ ချစ် ☀
လှပရုံသာမက ဆွဲဆောင်မှု အရမ်း
ရှိပါတယ် ။ သူတို့ လာပြီ ဆိုရင်
အားလုံးက သမင် လည်ပြန်
ငေးကြည့်ရလောက်အောင်
ကို လှပတဲ့သူတွေပါ ။
သူတို့ရဲ့အချစ်ကို တော်တော်နဲ့ရဖို့မလွယ်
ပါဘူး။ ဒါပေမယ့် သူတို့ဟာ ချစ်ပြီဆိုရင်
လည်း တစ်သက်လုံးစာ ရည်ရွယ်တာပါ။
သူတို့ရဲ့ အလှမှာ နစ်မြော သွားတဲ့ သူတွေ
အဖို့ တော်တော်နဲ့ ရုန်းထွက်ဖို့မလွယ်တော့
သလို၊ သူတိုိ့ုအပေါ် အချစ်တွေက တစ်နေ့
တခြားပိုပိုပြီးတော့ တိုးလာမှာဖြစ်ပါတယ် ။
☀ သွေးသောက် ရောင်းရင်း ကောင်း ☀
သင့်ရဲ့ ပြဿနာမှန်သမျှကိုနားထောင်ပေးရုံမက
လမ်းမှန်ရောက်အောင် တွန်းပို့ပေးနိုင်တဲ့
သူတွေပါ။ သဘောထားကွဲလွဲတာတွေ
အတွက် စိတ်ဆိုးမှာမဟုတ်ဘဲ၊ အငြင်း
ပွားတာတွေကို အသာတကြည်လက်ခံ
ပေးဦးမှာပါ။ စိတ်သဘောထားနူးညံ့ပြီး
သင့်ကိုနာကျင်အောင်လုပ်မှာမဟုတ်
လို့ အကောင်းဆုံးသူငယ်ချင်းအဖြစ်
သတ်မှတ်ရမှာပါ။
☀ ပြတ်သား ရဲရင့် သူ ☀
ဆုံးဖြတ်ချက် ရဲရင့်ပြတ်သားလွန်း လို့
ပြတ်သားသူကြီးလို့တော့ ခေါ်ယူ လို့
ရပါတယ် ။
အချစ်ရေး မှာ ဆိုလည်း သူတို့ကို
မချစ်တော့ တဲ့ လူ တစ်ယောက်
အကြောင်းပြချက်တွေ နဲ့ မတား
ထားတတ်ဘဲ ပြတ်သား
တတ်ကြပါတယ် ။
☀ မုသား ကင်းမဲ့ ဇုန် ☀
သူတို့လိမ်ပြောလိုက်ရင် ချစ်ရတဲ့သူတွေရဲ့
အထင်အမြင်သေးသွားမှာကို မလိုလားလို့
အမှန်တွေပဲ အမြဲပြောလေ့ ရှိကြပါတယ် ။
အမှန်တွေပြောလွန်းလို့ တခါတလေ သူတို့
ပြောလိုက်တဲ့စကားကို တစ်ဖက်သားကမခံ
မရပ်နိုင်ဖြစ်ပြီး သဘောထားကွဲလွဲမှုလေး
တွေကို မကြာခဏတွေ့ရတတ်ပါတယ် ။
☀ ရူပါရုံ ☀
ဆွဲဆောင်မှုအရှိစေဆုံးအရာကတော့
စကားပြောဟန်ပါပဲ။ သူတို့ဟာ စကား
အရမ်းတတ်တဲ့သူတွေဖြစ်ပြီး သူတို့
ပြောလိုက်တဲ့ စကားလေးတွေက
တစ်ဖက်သားရင်ထဲကို အေးမြ
သွားစေနိုင်တဲ့သူတွေပါ ။
စကားပြောကောင်းပြီး စကားလုံးအသုံး
အနှုန်းလေးတွေ အရမ်းတော်တဲ့သူတို့
တွေက စကားပြောလေလေ
ဆွဲဆောင်မှုရှိလေလေ
ဖြစ်ပါတယ် ။
☀ အထီးကျန် ချစ် ☀
လူတစ်ယောက်ကို ချစ်မိရင် တစ်ဘဝလုံးစာ
ရည်ရွယ်ပြီး ချစ်တတ်တဲ့သူတွေကတော့
သူတွေပါ ။ ဒီလူတစ်ယောက်အတွက်ပဲ
စိတ်ထဲမှာရှိပြီး သစ္စာဖောက်ဖို့ လုံးဝ
မတွေးတဲ့သူမျိုးပေါ့ ။
ဒါပေမယ့် အဲ့ဒီတစ်ယောက်နဲ့ဝေးသွား
ရရင်လည်း ဖြေမဆည်နိုင်အောင်ပြိုလဲ
နေတာမျိုးမဖြစ်ဘဲ ကိုယ့်ကိုယ်ကို
ကောင်းကောင်းတည့်မတ်ပြီး
နေနိုင်ကြပါတယ် ။
☀ ဘာမထီဘွားများ ☀
စိတ်အနှောက်အယှက်ဖြစ်အောင်လာလုပ်တဲ့
သူတွေကို ပိုပြီးစိတ်ညစ် သွားအောင် လုပ်နိုင်
တဲ့ သူတွေ ပါ။ တစ်ဖက်လူကဘယ်လောက်ပဲ
တိုက်ခိုက်တိုက်ခိုက် ဂရုမစိုက်ဘဲ၊ မျက်နှာ
တစ်ချက်မပျက်ဘဲ နေနိုင်လွန်းတာကြောင့်
ရေခဲတုံးလို အေးစက်တဲ့ သူတွေ လို့
တောင်ပြောရမှာပါ ။
☀ တွေးပူ ရတဲ့ အကြောင်းတရား ☀
ကြိုတင် မသိရှိ နိုင်ခြင်း ဟာ သူတို့တွေ
ရဲ့ အကြောက်တရား ဖြစ်ပါတယ်
သူတို့က ရတက်မအေး ရတဲ့ ကမ္ဘာကြီး မှာ
ဘယ်လို လှိုင်းလုံးတွေ နဲ့ ကြုံတွေ့ နိုင်တဲ့
အတွေ့အကြုံမျိုး ကိုမှ သူတို့ မလိုလား
ကြပါဘူး ။ ဒီလို စိုးရိမ်မှု က သူတို့ရဲ့
တက်လမ်း ကို ပိတ်စေပါတယ် ။
ဒါ့ကြောင့် ဘဝ ဆိုတာ ဟာ ပန်းသီး အခွံ
နွှာစား ရသလို သို့မဟုတ် ထိုင်စောင့်
နေရတဲ့ အရာ မဟုတ်ကြောင်း
အရာရာ ဟာ ဖြစ်ပြီး ပျက်
နေတာကြောင့်
ကိုယ် မမြင် နိုင်တဲ့ အရာ ကို စိုးရိမ်
ကြောက်လန့်နေမယ့်အစား လက်ခံ
လိုက်ဖို့ လိုပါတယ် ။
☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀
တခြား လူတွေ ရဲ့ အမြင် ကို ခေါင်းထဲ ထည့်
နေတာက သူတို့တွေ ကို ပိုပင်ပန်း စေတဲ့
အချက်ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဆိုရှယ်
မီဒီယာတွေ ကို အဆက်အသွယ် ဖြတ်
လိုက်ပြီး ခရီးလေး ဘာလေး ထွက်တာ
မျိုး၊ သူငယ်ချင်းတွေ နဲ့ ဒိတ်တာမျိုး က
ကောင်းကောင်း အပန်းပြေ စေတဲ့
နည်းလေးပဲ ဖြစ်ပါတယ် ။
☀ တဘွစာ အာမခံ ချစ်တတ်သူ ☀
ချစ်တတ်လွန်းပြီး သစ္စာရှိတဲ့ နေရာမှာတော့
ဘယ်သူမှမမီပါဘူး။ သူတို့နဲ့ ချစ်သူဖြစ်တဲ့
အခါ အချစ်စစ်ဆိုတာ ဒီလိုပါလားလို့ ခံစား
သွားရမှာပါ။ ပြဿ နာဖြစ်အောင် ဖန်တီးမယ့်
သူတွေမဟုတ်ဘဲ၊ ပြဿနာတစ်ခုခုဖြစ်လာပြီ
ဆိုရင်တောင် ဒိုင်ခံဖြေရှင်းပေးမယ့်သူတွေ
လို့ပြောရမှာပါ ။
ချစ်တဲ့သူကို ပျော်စေချင်တဲ့စိတ်ပဲအမြဲရှိပြီး
အချစ် နဲ့ပတ်သက်ရင် သူတို့ ရင်ထဲ က
လာတဲ့ အရိုးသားဆုံး အရာတွေ သာ
သူတို့ချစ်သူကိုပေးမယ့်သူတွေဖြစ်လို့
ရေရှည်လက်တွဲဖို့ အသင့်တော်ဆုံး
အဖြစ် သတ်မှတ်ရမှာပါ ။
☀ ညှို့အား ပြည့် ဖမ်းစားသူ ( မ ) ☀
အပြစ် ကင်းစင် လွန်းတဲ့ မျက်နှာ နဲ့ ဆွဲဆောင်မှု
ရှိလွန်းတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေ ကို
ပိုင်ဆိုင်ထားသူတွေဖြစ်တာကြောင့် ဆွဲဆောင်
မှုအားကြီးသူတွေပါ။ လူပုံအလယ်မှာ ထင်းနေ
တဲ့အလှပိုင်ရှင်တွေဖြစ် တာကြောင့် ရောက်တဲ့
နေရာတိုင်းမှာ လူတွေရဲ့ အာရုံကိုဖမ်းစားထား
နိုင်သူတွေပါ။ စိတ်ထားကောင်းတဲ့သူတွေဖြစ်
တာကြောင့်အတွင်းရော အပြင်မှာ လှပတဲ့
သူတွေပါ ။
☀ ပေးဆပ်ခြင်း အနုပညာ ☀
အကူအညီ လိုတဲ့ လူတိုင်း ကို ကူညီ ပေးချင်
တဲ့ စိတ်၊ စိတ်ဓာတ်ကျ အားငယ်နေတဲ့ သူကို
နှစ်သိမ့်အားပေးချင်တဲ့စိတ်မျိုးရှိတဲ့သူ၊ ကိုယ်နဲ့
လုံးဝမသိတဲ့ သူစိမ်းတစ်ယောက်ရဲ့ ရင်ထဲက
ခံစားချက်ကိုတောင်မြင်နိုင်၊ခံစားပေးနိုင်တဲ့
သူမျိုးဖြစ်တာကြောင့် မိသားစုနဲ့သူငယ်ချင်း
တွေအပေါ်ဆို ပြောစရာတောင်မလိုတော့
ပါဘူး။ ကိုယ့်အပေါ်မကောင်းရင်တောင်
အလွယ်လေးခွင့်လွှတ်ပေးတတ်လွန်းလို့
မကြာခဏအလိမ်ခံရတတ်တဲ့သူတွေပါ ။
credit: https://www.facebook.com/Jotika-Online-Book-Shop-102064448975538/photos/pcb.104250822090234/104250305423619