Connect with us

Sagittarius ♐ ဓနု ရာသီဖွား (နို၀င်ဘာလ ၂၂ ရက် – ဒီဇင်ဘာလ ၂၁ ရက်)

Sagittarius ( ♐ ) ဓနု ရာသီဖွား ? ( နို၀င်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )

Uncategorized

Sagittarius ♐ ဓနု ရာသီဖွား (နို၀င်ဘာလ ၂၂ ရက် – ဒီဇင်ဘာလ ၂၁ ရက်)

Sagittarius ( ♐ ) ဓနု ရာသီဖွား ?
( နို၀င်ဘာလ ၂၂ ရက် – ဒီဇင်ဘာလ ၂၁ ရက် )

☀ ဦးစိတ်တို & ဒေါ်စိတ်တို ☀

သူတို့တွေလောက် စိတ်မြန်လက်မြန်နဲ့
ဒေါသကြီး တတ်တာ မရှိတော့ ပါဘူး ။
သူတို့ကိုယ်တိုင်က စိတ်မြန်လက်မြန်
နဲ့ သွက်သွက်လက်လက်ပြောဆို
လုပ်ကိုင်တတ်တာကြောင့် တခြား
သူတွေအပေါ် အားမလိုအားမရ
ဖြစ်တာတွေ၊ စိတ်မရှည်တာတွေ
ဖြစ်တတ်ပါတယ် ။

တစ်ခုခု လုပ်ဖို့ အတွက် အစီအစဉ် ဆွဲထား
ပြီး ပြောတဲ့ အတိုင်း မဖြစ်လာတဲ့ အခါမျိုးတွေ
မှာ၊ ကတိဖျက်ခံရတဲ့အခါမျိုးတွေမှာ ထိန်းမနိုင်
သိမ်းမရ ဒေါသ ထွက်တတ် ပါတယ် ။

☀ လေ့လာ တဲ့ စာပေ ☀

အပြောကောင်း သဘောကောင်းပြီး social
ကျတဲ့ သူတို့ဟာ ဟာသဥာဏ်ရှိသူတွေ ဖြစ်
တဲ့ အလျောက် ၊ ကြိုက်တဲ့ စာအုပ်တွေ က
လည်း ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကို ပျော်ရွှင်
စေတဲ့ ဟာသစာပေ အမျိုးအစား
ဖြစ်နေတတ်ပါတယ်။ အပြောင်
အပျက် ဟာသထက် လေးနက်
တဲ့ ဟာသတွေကို ပိုကြိုက်
သူတွေပါ ။

☀ ဘွင်းဘွင်း ရှင်းရှင်း သမား ☀

အမြဲလိုလို အမှန်အတိုင်းပြောတတ်လွန်းလို့
လူမြင်ကပ်ခံရတဲ့သူတွေပါ။ လူတွေရဲ့စိတ်
ကို တန်းသိ၊ စိတ်ရင်းတွေကို သိရှိနိုင်စွမ်း
ရှိတဲ့သူတွေ ဖြစ်ပါတယ်။

ဒါကြောင့် တစ်ဖက်လူဘာတွေးနေလဲ၊
ဟန်ဆောင်နေတာလား၊ မကောင်းတဲ့
စိတ်နဲ့ပြောနေတာလားဆိုတာကိုသိရုံ
တင်မကပဲ ဒဲ့ပဲ ထုတ်ပြီးမေးတတ်၊
ပြောတတ်တဲ့သူတွေဖြစ်လို့
လူမုန်း ခံရသူတွေပါ ။

☀ သွေးသောက် ရောင်းရင်း ကောင်း ☀

စကားတွေတတွတ်တွတ်ပြောတတ်ပြီး
ဘယ်တော့မှမပျင်းစေရအောင် အဖော်
ပြုပေးတတ်တာကတော့ သူတွေပါ။

စိတ်ထဲရှိတဲ့ အတိုင်း အမှန် ကိုသာ ပြော
တတ်ပြီး သင့်ကို ဘယ်တော့မှ လိမ်ညာ
မှာ မဟုတ်တဲ့၊ နောက်ကျော ကို ဓား နဲ့
ထိုးတာမျိုး လုပ်မှာ မဟုတ်တဲ့ တစ်သိန်း
မှာ တစ်ယောက်ရှိတဲ့ သူငယ်ချင်းတွေပါ။

☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀

သူ့ရဲ့ မျက်လုံးတွေကို ဖွင့်ပေးပြီး၊အလင်းရောင်
သစ်၊လောကသစ်ဆီ ခေါ်သွားပေးနိုင်မယ့် သူ
မျိုးပါ။သူ့ နှလုံး သားကို သိမ်းပိုက်ချင်ရင် လုပ်
ရမှာက သူပျော်အောင်၊ သူရယ်အောင်၊ သူ့
ဘ၀၊သူ့ရည်မှန်းချက်တွေအတွက် တစ်ဖက်
တစ်လမ်း ကနေ ကူညီ ပေးနိုင်အောင်
လုပ်ပေးပါ။သူ့အတွက် ပျော်ရွှင်မှုတွေ
ကို ယူဆောင်လာပေးနိုင်အောင်
ကြိုးစားပါ ။

☀ ချစ်တတ်လွန်းသူ ☀

စိတ်ခွန်အားအရမ်းကြီးတဲ့သူတွေဖြစ်ပါတယ်။
သူတို့ရဲ့လွှမ်းမိုးနိုင်စွမ်းကအရမ်းကြီးမား
ပါတယ်။ စိတ်ခံစားချက်ပြင်းထန်ပြီး
စွန့်စားရဲတဲ့စိတ်ဓာတ်ရှိသူတွေပါ ။

သူတို့ရဲ့ အားကြီးတဲ့စိတ်နဲ့ သြဇာညောင်းခြင်း
တွေက ချစ်သူကို တဖြုတ်ဖြုတ်
ကြွေစေပါတယ် ။

☀ အနစ်နာခံ ကြင်နာ တတ် ☀

သူတို့ အတွက် တခြား သူတွေ ၀န်ထုပ်
၀န်ပိုးဖြစ်မှာ၊ သူတို့ကြောင့် စိတ်အနှောင့်
အယှက် ဖြစ်မှာ မျိုးကို အင်မတန် စိုးရိမ်
တတ်ပြီး ဘယ်သူ နဲ့ မဆို အဆင်ပြေ
အောင် နေချင်တဲ့ စိတ်မျိုးရှိကြပါတယ် ။
တခြားသူတွေရဲ့ ခံစားချက်ကို အလေး
ထားလွန်းပြီး သူတို့ရဲ့ အပြုအမူတစ်ခု
ကြောင့် တစ်ဖက်သား စိတ်ညစ်
သွားမှာကိုတောင် ပူပန်
တတ်ကြတဲ့သူတွေပါ ။

☀ နားလည်ရ ခက်တဲ့ ကလိတိတိ ရိတိတိ ☀

သူတို့စိတ်ပျော်နေတဲ့အချိန်မှာ ဘေးက
လူတွေပါပျော်ရပြီး ၊ သူတို့စိတ်ညစ်
နေတဲ့အချိန်တွေမှာဆိုရင်တော့
ဘေးလူတွေပါလိုက်ပြီစိတ်ညစ်
ရတဲ့ သူတွေပါ ။

အရိပ်အကဲသိလွန်းသူလေးတွေဖြစ်ပြီး
တစ်ဖက်သားစိတ်မပျော်မရွှင်ဖြစ်နေရင်
မသိမသာလေး ပျော်အောင် လုပ်ပေး
တတ်ပါတယ်။ စကားပြောနေရင်းက
သူတို့မကြိုက်တာ ပြောလိုက် မိရင်
ရုတ်တရက် ဒေါသထွက် ပေါက်ကွဲ
တတ်ပြီး ခဏလေး အတွင်း မှာပဲ
စိတ်ဆိုးပြန်ပြေသွားတတ်ပါတယ် ။

အကောင်းကြီးကနေရုတ်တရက်စိတ်ဆိုးပြီး
ချက်ချင်းစိတ်ပြန်ပြေတတ်တဲ့သူတို့တွေ
ဟာလည်း ဘေးလူတွေအတွက်တော့
နားလည်ရခက် ထူးဆန်းနေတာပါပဲ ။

☀ မျက်နှာ ပွင့်လန်း အံ့မခန်း စန်း ☀

လူအများကြားထင်ပေါ်တဲ့နေရာမှာ သူတို့ကို
ဘယ်သူမှမမီပါဘူး ။ စကားပြော ကောင်းပြီး
ချစ်စရာ အမူအရာလေးတွေ ရှိပြီး အဲ့ဒါတွေ
ကိုလည်း သူတို့က တမင် လုပ်ယူနေတာ
မဟုတ်ပါဘူး ။

အကြောင်းအရာတစ်ခုကို စိတ်ဝင်စားဖွယ်
ဖြစ်အောင် ဘယ်လို ပြောရမလဲ ကောင်း
ကောင်းသိတဲ့ သူတွေ ဖြစ်ပြီး ဘယ်လို
လူမျိုး ကိုမဆို အဆင်ပြေအောင်ပြောဆို
ပေါင်းသင်းတတ်တဲ့ တစ်ဖက်သားကို
သက်တောင့်သက်သာဖြစ်အောင်
ပြောဆိုတတ်တဲ့ သူတွေ ဖြစ်တာ
ကြောင့် လူချစ်လူခင်လည်း
ပေါတဲ့သူတွေပါ ။

ပေါင်းသင်းဆက်ဆံရအဆင်ပြေလွန်း
တာကြောင့် တခြားသူတွေထက်
အောင်မြင်လူသိများနိုင်ချေလည်း
အများဆုံးဖြစ်နေရတာပါ ။

သူတို့ကို မကြိုက်တဲ့သူ မရှိလောက်အောင်ပါပဲ။
ခင်ဖို့လည်း အရမ်းကောင်းပါတယ်။ လူတွေကို
ဘယ်လိုပျော်ရွှင်အောင်လုပ်ပေးရမလဲဆိုတာ
ကောင်းကောင်း သိပြီး အမြဲလိုလို ရယ်စရာ
တွေပြောနေတတ်တဲ့သူတွေပါ။ တစ်ဖက်လူ
ကို အဆင်ပြေအောင်၊ နေရမခက်အောင်
လုပ်နိုင်စွမ်းရှိတဲ့သူတွေပါ ။

လူတွေကို ကူညီတတ်တဲ့သူတို့ရဲ့ အကျင့်လေး
ဟာ တစ်ဖက်သားကို အထူးတလည်ဆွဲဆောင်
နေစရာမလိုပဲ ကြွေကျသွားစေပါတယ် ။

☀ လောကီ အပူ စိတ်ပျက်သူ ☀

ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူလေးတွေဖြစ်ပြီး
ဘဝကို အရမ်းလေးလေးနက်နက်ပုံစံမျိုးနဲ့
မဖြတ်သန်း ချင်တဲ့ သူတွေ ဖြစ်ပါတယ် ။
လက်ထပ်တယ်ဆိုတာက ပေါ့ပေါ့တန်တန်
သဘောထားလို့ရတဲ့အကြောင်းအရာမျိုး
မဟုတ်တာကြောင့် အေးရာအေးကြောင်း
လေးပဲနေချင်တဲ့ သူတို့တွေ အတွက်
မစဉ်းစားချင်တဲ့ကိစ္စတစ်ခု
ဖြစ်နေတာပေါ့ ။

လွတ်လပ်မှု ကို ကြိုက်လွန်းတဲ့ သူတို့တွေ
အတွက် လက်ထပ်ခြင်းက ထောင်ချောက်
တစ်ခုလို ခံစား ရစေပါတယ် ။ သူတို့ ကို
အရမ်းအလိုလိုက်ပြီးချစ်တဲ့သူမျိုးနဲ့တွေ့မှ
လက်ထပ်ဖို့စဉ်းစားကြမယ့်သူတွေပါ ။

☀ တွေးပူ ရတဲ့ အကြောင်းတရား ☀

လွတ်လပ်မှု ပျောက်ဆုံး မှာကို
ကြောက်တယ်

လွတ်လပ်ပြီး ကိုယ်ပိုင် စွန့်စားမှုဥာဉ် ရှိကြ
သူတွေပါ။ ချည်နှောက်ခံရခြင်း ဟာ သူတို့
အတွက် အဆိုးဆုံး အကြောက်တရားပါ ။
ဒါ့ကြောင့် ရေရှည် လက်တွဲ ဖို့ ဆုံးဖြတ်
ထားတဲ့ ချစ်သူ ကို နောက်ပိုင်း မှာ ယခု
လိုမျိုး ကိုယ့်ကိုယ် ချည်နှောင် မခံရစေ
ဖို့ အတွက် အသေအချာ ရွေးချယ်ပြီး
ညှိနှိုင်း ဖို့ လိုအပ် ပါတယ် ။

☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀

စွန့်စားရတာကိုသဘောကျတဲ့ သူတို့တွေ
အဖို့ နေ့ရက်တွေ ကို တစ်ပုံစံတည်း
ဖြတ်သန်းနေရတာက ပင်ပန်းစရာပါ။
ဒါကြောင့် စိတ်ညစ်ညူ း လာ၊ ပင်ပန်း
လာရင် တောင် တက်တာ လို ၊
တောတွင်း ခရီး ထွက်တာ လို
မျိုး လုပ်ပေး သင့် ပါတယ် ။

☀ ဒီလိုလေး ချစ်မိ တတ်တယ် ☀

သူတို့ရဲ့ဘဝလက်တွဲဖော်ကို တကယ်ချစ်တဲ့
သူတွေ ကိုသာ ရွေးချယ် တတ်ကြ ပါတယ် ။
ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာအရရော၊ လက်တွေ့
ဘဝမှာပါ အထောက်အပံ့ပေးနိုင်တဲ့ချစ်သူမျိုး
ကို ရတတ်ကြပြီး သူတို့ကိုယ်တိုင်ကလည်း
ဒီလိုရလာတဲ့အချစ်ရေးကို တန်ဖိုးထား
တတ်ကြပါတယ် ။ဘယ်လောက်ပဲ
အလုပ် များများ ၊ ဘယ်လောက်ပဲ
မအားလပ်ပေမယ့် ချစ်သူအတွက်
မရမက အချိန်ပေး တတ်ကြတဲ့၊
ချစ်သူကို ဦးစားပေးဖို့ဝန်မလေး
တတ်တဲ့ သူတွေ လို့လည်း
ပြောလို့ ရပါတယ် ။ ကိုယ့်
ကိုချစ်တာပဲဆိုပြီး တစ်ဖက်
သတ်အနိုင်မယူတတ်သလို
တစ်ဖက်သား အပေါ်
လေးစားမှု အပြည့် နဲ့
ဆက်ဆံ တတ်တဲ့
သူတွေပါ ။

☀ ဝိဥာဉ်များ နဲ့ ကခုန်ခြင်း ☀

စိတ်မာတတ်ကြပါတယ်။ ပြောရဲဆိုရဲသတ္တိ
ရှိကြသူတွေလည်းဖြစ်ကြပါတယ်။ သူတို့
ကို တိုက်ခိုက်လာတာမျိုးရှိနေရင်လည်း
တော်ရုံနဲ့ မပြိုလဲတတ်ကြပါဘူး ။

သူတို့တွေက အပေါ်ယံမှာတော့ စိတ်မာ
ပေမယ် တစ္ဆေသရဲကြောက်တတ်ကြ
သူတွေဖြစ်ပါတယ်။ သရဲကြောက်တာ
ကိုတော့ ကြောက်တယ်လို့ ၀န်မခံ
တတ်တဲ့ သူတွေပေါ့ ။

☀ ညှို့အား ပြည့် ဖမ်းစားသူ ( မ ) ☀

တွေ့တဲ့သူတိုင်း သမင်လည်ပြန်ငေးကြည့်ရတဲ့
သူတွေပါ။ ရင်သပ်ရှုမောဖွယ်ကောင်းလောက်
အောင် ညှို့အားပြင်းတဲ့ သူတွေ ဖြစ်ပါတယ် ။
ဒီအားသာချက်ကိုအသုံးပြုပြီး လိုချင်တာ ကို
မရရအောင် ယူတတ်တဲ့ သူတွေပါ ။ သူတို့ရဲ့
အလှအပစက်ကွင်းထဲကနေ ရုန်းမထွက်နိုင်ပဲ
အရာအားလုံးကိုလိုက်လျောပေးလောက်
အောင် လွှမ်းမိုးနိုင်စွမ်းကြီးမားသူတွေ
ဖြစ်ပါတယ် ။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Uncategorized

  • Uncategorized

    Libra Horoscope အောက်တိုဘာလ 17 2023

    By

    သင်ချစ်ရတဲ့သူကို အဆိုပြုဖို့ အလေးအနက် စဉ်းစားချိန်ရောက်ပါပြီ။ အခုမလုပ်ရင် အရမ်းနောက်ကျသွားနိုင်တယ်။ တစ်ယောက်ယောက်ကို ဆွဲဆောင်နိုင်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ခံစားချက်တွေကို ထိန်းထားဖို့ အကြံပြုလိုပါတယ်။ မင်းရဲ့ချဉ်းကပ်မှုကို သေချာဂရုစိုက်ပါ ဒါမှမဟုတ်ရင်...

  • Uncategorized

    Pisces Horoscope အောက်တိုဘာလ 17 2023

    By

    မင်းရဲ့စိတ်ဝင်စားမှုတွေ၊ ဆန္ဒတွေ၊ ဝါသနာတွေကို မျှဝေပေးမယ့်သူတစ်ယောက်ကို မင်းဆွဲဆောင်လိမ့်မယ်။ မင်းဟာ အငွေ့အသက်အပြည့်နဲ့ ရှေ့ဆက်နေပြီး မင်းကိုရပ်တန့်သွားတဲ့အရာတိုင်းကို နာကြည်းသွားလိမ့်မယ်။ မင်းကို စိတ်အေးလက်အေးနဲ့ လိမ္မာပါးနပ်စွာ ရုန်းထွက်ဖို့ အကြံပြုလိုပါတယ်။ မင်းရဲ့...

  • Uncategorized

    Aquarius Horoscope အောက်တိုဘာ 17 2023

    By

    ယေဘူယျအားဖြင့် သင်သည် အလွန်တက်ကြွပြီး အစွမ်းထက်သည်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းရဲ့အလုပ်များတဲ့အချိန်ဇယားတွေကြောင့် ဒီနေ့ပင်ပန်းနွမ်းနယ်မှုက မင်းကို နှေးကွေးသွားစေလိမ့်မယ်။ လုံလောက်စွာ အနားယူပါ မကြာခင် နေကောင်းလာပါလိမ့်မယ်။ ဖခင်တစ်ယောက်ရဲ့ တာဝန်က...

  • Uncategorized

    Capricorn Horoscope အောက်တိုဘာလ 17 2023

    By

    ဒီနေ့တွေ့တဲ့လူတွေကို သင်က လှုံ့ဆော်ပေးပါလိမ့်မယ်။ မင်းရဲ့ တက်ကြွလန်းဆန်းတဲ့ စွမ်းအင်တွေနဲ့ မင်းပတ်ဝန်းကျင်က ချစ်ခြင်းမေတ္တာတွေနဲ့ အလှတရားတွေက သူတို့ကို လှုံ့ဆော်ပေးတယ်။ ဒီနေ့ မင်းရဲ့ လုပ်ရပ်တွေက မင်းကို ကတိကဝတ်မရှိ၊...

  • Uncategorized

    Capricorn Horoscope အောက်တိုဘာလ 17 2023

    By

    ဒီနေ့တွေ့တဲ့လူတွေကို သင်က လှုံ့ဆော်ပေးပါလိမ့်မယ်။ မင်းရဲ့တက်ကြွတဲ့စွမ်းအင်တွေနဲ့ မင်းပတ်ဝန်းကျင်က ချစ်ခြင်းမေတ္တာတွေနဲ့ အလှတရားတွေက သူတို့ကို လှုံ့ဆော်ပေးတယ်။ ဒီနေ့ မင်းရဲ့လုပ်ရပ်တွေက မင်းကို ကတိကဝတ်မရှိ၊ ဂနာမငြိမ်ဖြစ်နေလို့ ဒီနေ့ မင်းနဲ့ဆက်ဆံတဲ့သူတွေကို...

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.