Capricorn ( ♑ ) မကာရ ရာသီဖြား ?
( ဒီဇင်ဘာလ ၂၂ ရက် – ဇန်နဝါရီလ ၁၉ ရက် )
☀ လေ့လာ တဲ့ စာပေ ☀
ဘယ်ဘာသာရပ်မဆို တတ်သိ နားလည်
နေတတ် ကြတဲ့ သူတို့ ဟာ စာ မျိုးစုံ ကို
ဖတ်လေ့ရှိကြပါတယ်။ အထူးသဖြင့်
ဖတ်လိုက်လို့ အကျိုးမယုတ်တဲ့
စာအုပ်မျိုးကို ရွေးချယ်လေ့
ရှိတယ် ။
စိတ်ကူးယဉ် ဝတ္ထု ထက် ဖြစ်ရပ်မှန် True
Story ဇာတ်လမ်းတွေ၊ လူတွေ၊ ဗဟုသုတ
ရစရာတွေကို ပိုကြိုက်သူတွေပါ ။
☀ ကြောက်စရာ သွေးအေး ရက်စက် သူ ☀
လူတစ်ဖက်သား ရဲ့ လိုအပ်ချက် ကို
ကောင်းကောင်းသိနိုင်တဲ့သူမျိုးဖြစ်ပြီး
ကိုယ့်ဘက် က ပေးနိုင် သလောက်
မပေးဘဲ နေနိုင်လွန်း သူတွေ လို့
ပြောရမှာပါ ။
ကိုယ့် ဆီက ဂရုစိုက်မှု လိုချင်တဲ့ သူကို
ဂရုမစိုက်ဘဲနေနိုင်တာမျိုး၊ ကိုယ့်အတွက်
အရေးပါ နေလည်း အရေးမပါ သလို
နေနိုင်တာမျိုး ၊ ကိုယ့်ကို စိတ်ဒုက္ခ
ပေးတဲ့ သူကို တစ်ချက်မှ လှည့်
မကြည့်ဘဲ အေးအေးဆေးဆေး
လက်တွဲဖြုတ်နိုင်တာမျိုးပါ ။
☀ အားနာစိတ်လေး ☀
သူတစ်ပါးကို ငြင်းပစ်လိုက်ရမှာ ၊ နိုး လို့
ပြောလိုက်ရမှာ အားနာတတ်သူတွေ ဖြစ်
ကြပါတယ်။ တခြားသူက အကူအညီ
လာတောင်းရင် မလုပ်ပေးနိုင်ဘူး
ဆိုရင်တောင် ငြင်းလိုက် ရမှာ
အားနာ တတ်ကြ ပါတယ် ။
သူတို့ကြောင့် တစ်ဖက်လူ
အဆင်မပြေဖြစ်သွားမှာ
အရမ်း စိုးရိမ် တတ်ကြ
ပါတယ် ။
☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀
သင်လုပ်ပေးရမှာက သူတို့ကိုယ်သူတို့
တော် တယ် ၊ ထက်တဲ့ သူ လို့ ထင်ရ
အောင် လုပ်ပေးရမှာပါ။သူ့ကို အားပေး
ပါ။ သူ့ဘက် ကနေ မားမား မတ်မတ်
ရပ်တည်ပေးပါ။သူ့လိုအပ်နေတာက
သူ့ဘ၀အတွက် လမ်းပြပေးနိုင်မယ့်
ဓူဝံကြယ်လို ချစ်သူမျိုးပါ ။
☀ တသသ ချစ် ☀
အရမ်းကိုလွတ်လပ်တဲ့သူတွေပါ။ ဘဝကို
လွတ်လွတ် လပ်လပ် နဲ့ ပျော်ပျော် ရွှင်ရွှင်
ဖြတ်သန်းနိုင်တဲ့သူတွေ ဖြစ်ပြီး လိင်ကိစ္စ
ဟာ သူတို့အတွက် မရှိမဖြစ်မဟုတ်ပါဘူး။
ဒီအချက်ကပဲ သူတို့ကို အရမ်းဆွဲဆောင်မှု
ရှိစေတာပါ ။
သူတို့ဟာ ဘယ်တော့မှတွယ်ကပ်နေမှာ
မဟုတ်သလို ချစ်သူကို ချစ်တဲ့စိတ်တစ်ခု
တည်းနဲ့ ပြုသမျှ နုမယ့်သူတွေမဟုတ်
ပါဘူး။ တစ်ယောက်တည်းလည်း
အေးအေးဆေးဆေးနေတတ်တဲ့
သူတို့ကို တမ်းတမ်းစွဲဖြစ်နေတာ
မဆန်းပါဘူးနော် ။
☀ ကြင်ဖော်ဖက်ကောင်း ☀
ချစ်ရတဲ့သူနဲ့ ဘဝ တစ်ခု အတူတူ ထူထောင်
ရတာကို နှစ်သက်တဲ့သူတွေပါ။ သစ္စာတရား
ကိုအရမ်းတန်ဖိုးထားတဲ့ သူတွေဖြစ်ပါတယ်။
ချစ်သူ ရဲ့ အားနည်းချက်တွေ အားလုံး ကို
လက်ခံ ပေးနိုင်တဲ့ သူတွေ ဖြစ်ပြီး
ဘယ်တော့မှ စိတ်ပျက်သွားမယ့်
သူတွေ မဟုတ် တာကြောင့်
လက်တွဲဖော် အဖြစ် သူတို့
ကို ရွေးချယ် လိုက်ရင်
အမြဲတမ်း စိတ်
ချမ်းသာ ရမှာပါ ။
☀ တစ်ကိုယ်တည်းသမား ☀
ပေါင်းသင်းဆက်ဆံရေးမညံ့တဲ့အထဲ
မှာပါပြီး သူစိမ်းတစ်ယောက်နဲ့တွေ့
ရင်လည်း အဆင်ပြေအောင်
လိုက်လျောညီထွေ ပြောဆို
တတ်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့စိတ်ထဲမှာတော့
ကျဉ်းကျပ်နေပြီး တစ်ယောက်တည်း
သက်တောင့်သက်သာရှိမယ့်အချိန်
ကိုပဲ တွေးနေတတ်ကြပါတယ်။
သူတို့အတွက် အကြိုက်ဆုံးခံစားချက်
ကတော့ အပြင်ကနေ အိမ်ပြန်ရောက်
လာပြီး တစ်ယောက်တည်းနားနေရတဲ့
အချိန်ပါပဲ။
☀ လူမှာ အဝတ် တောင်း မှာ အကွပ် ☀
ဖက်ရှင်အတွက်အချိန်အများကြီးပေးပြီး
စဉ်းစားတတ်တဲ့ သူတွေ မဟုတ်ပါဘူး ။
အပြင် ထွက်တော့မယ် ဆိုရင် အချိန်
ခဏလေးအတွင်းမှာ ဘာနဲ့ဘာကို
တွဲဝတ်မယ် လို့စဉ်းစားပြီး ချက်ချင်း
ကောက်ဝတ် ထွက်သွား တတ်တဲ့
သူတွေပါ ။
ဒါဟာ ဖက်ရှင် အမြင် မရှိလို့ မဟုတ်ဘဲ ၊
ဒီအတွက် အချိန် များများပေးပြီး စဉ်းစားဖို့
မလိုလောက်အောင် အမြင်ရှိလို့ပါ။ သူတို့
တွေကတော့ စိတ်ပါရင် ကောင်းကောင်း
မွန်မွန် ဝတ်စား ပြင်ဆင် တတ်ပေမယ့်
စိတ်မပါရင်တော့ ဝတ်ချင်တာတွေ
ကောက်ဝတ်ပြီး အပြင်သွား
တတ်တဲ့သူတွေပါ ။
☀ အတေး အမှတ် ကင်းသူ ☀
စိတ်ရင်းကောင်းပြီး တစ်ပါးသူကို ကူညီ
တတ်တဲ့စိတ်ရှိကြပါတယ်။ သူတို့က
တစ်ဖက်လူကို အရမ်းဒေါသထွက်လို့
စိတ်ဆိုးရင်တောင်မှ တစ်ရက်တောင်
မပြည့်ဘဲ ခဏလေးနဲ့ စိတ်ပြေတတ်
သူတွေဖြစ်ပါတယ်။ သူတို့ကြောင့်
တစ်ပါးသူ စိတ်ထိခိုက်မှာကိုလည်း
မလိုလားသူတွေဖြစ်ပါတယ်။
☀ ချစ်နှောင်ကြိုး က ရုန်းပြေးသူ ☀
အရမ်းစိတ်ကြီးပြီး စိတ်ဓာတ်ခိုင်မာတဲ့သူ
တွေပါ။ လိုချင်တာကိုမရရအောင်ယူ
တတ်ပြီး၊ လုပ်ချင်တာကိုလည်း
မရရအောင်လုပ်တတ်တဲ့သူ
တွေဖြစ်ပါတယ်။
သူတို့ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ ပြန်ပြင်
မယ့်သူတွေ မဟုတ်ပါဘူး။ ဒါကြောင့်
သူတို့ကိုချုပ်ခြယ်လို့မရတာပါ။
☀ ပြတ်သား ရဲရင့် သူ ☀
အပြင်ပိုင်းတော့ စိတ်ပျော့တယ် လို့
ထင်ရ တတ်ပေမယ့် တစ်ခုခု ကို
ဆုံးဖြတ်တော့မယ့် အခါ ရဲရဲဝံ့ဝံ့
ဆုံးဖြတ် တတ်တဲ့ သတ္တိရှိသူ
တွေပါ ။ သူတို့က လူအများ
ထင်ထားတဲ့ စိတ်ပျော့တာနဲ့
ဆန့်ကျင့်ဘက်ကို လုပ်ပြ
တတ်ကြသူတွေ
ဖြစ်ပါတယ် ။
☀ မုသား ကင်းမဲ့ ဇုန် ☀
လိမ်ပြောလို့လည်း အခြေအနေတစ်ခုက
ဘယ်လောက်ကောင်းသွားမှာလဲ ဆိုတဲ့
အတွေးမျိ်ုးရှိတဲ့သူတွေပါ။ စကားတွေကို
လိမ်ညာပြောပြီး အခြေအနေတွေကို
ရှုပ်ထွေးအောင် လုပ်မယ့်အစား
တခြားလမ်းကိုပဲ ရွေးမယ်
ဆိုတဲ့သူတွေပါ ။
ဒါကြောင့် သူတို့ကို ချစ်မိတဲ့သူတွေအနေ
နဲ့ အလိမ်အညာခံရမှာကို လုံး၀
တွေးပူစရာ မလိုပါဘူး ။
☀ တွေးပူ ရတဲ့ အကြောင်းတရား ☀
အများ နဲ့ သက်ဆိုင်ပြီး အခက်တွေ့မှု
အလုပ် ကြိုးစား တတ်ကြပြီး အလုပ်မှာ
အလွန် အားစိုက် ထုတ်ကြ ပေမယ့်
လူတွေက ငြင်းပယ်ခြင်း လုပ်ဆောင်
မှု မှားယွင်းခြင်း ကို ခံရတဲ့ အခါ
အလွန် အမင်း အရှက် သည်း
တတ်ကြပြီး အဆင်မပြေမှုတွေ
ဆက်တိုက် ကြုံတွေ့ ကြရ
ပါတယ် ။
ဒါ့ကြောင့် အချိန်တိုင်းမှာ လူတွေ က ကိုယ့်
ကို နှစ်သက်မှာမဟုတ်ဖူးဆိုတဲ့ အမှန်တရား
နဲ့ လူတိုင်းဟာအမှားပြုလုပ်နိုင်တယ် ဆိုတဲ့
အမှန်တရား ကို လက်ကိုင် ထားဖို့ လိုအပ်
ပါတယ် ။
☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀
တာ၀န်တွေ အားလုံး ကိုယ့် ခေါင်းပေါ်
မှာ လို့ ယူဆထား တတ်သူတွေ
ဖြစ်တာကြောင့် တော်တော်လေး
စိတ် ပင်ပန်း ရတဲ့ သူတွေ ပါ ။
စိတ် ပင်ပန်း ငြီးငွေ့မှုတွေ ဖြစ်လာပြီိ ဆိုတာ
နဲ့ လုပ်လက်စတွေ ကို ရပ်ထား လိုက်ပြီး
ကိုယ် ကြိုက်နှစ်သက်တဲ့ အရာတွေ ကို
အကျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
လုပ်ပစ် လိုက်ပါ ။ ဒါက သင့် ကို
မယုံနိုင် လောက်အောင် အပန်း
ပြေစေ နိုင်ပါတယ် ။
☀ ညှို့အား ပြည့် ဖမ်းစားသူ ( မ ) ☀
ညှို့အားပြင်းတဲ့ သူတွေ ဖြစ်ရုံသာ မက လူ
တစ်ယောက် ကိုယ့် ကို ကြွေ သွားအောင်
ဘယ်လို လုပ်ရမလဲဆိုတာ ကောင်းကောင်း
နားလည်ထားတဲ့သူတွေပါ။ လမ်းလျှောက်ပုံ ၊
စကားပြောပုံ၊ အကြည့်တွေ က အစ တဖြုတ်
ဖြုတ်ကြွေ သွားလောက်အောင် ဖမ်းစားထား
နိုင်သူတွေဖြစ်ပါတယ်။ ရောက်တဲ့နေရာတိုင်း
မှာ တစ်ယောက်မဟုတ် တစ်ယောက်
ကတော့ သူ့ကိုကြွေပါတယ် ။