ဇယား (၄)

ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက် ပုံစံ

(ပုဒ်မ ၁၂၅ ကို ရည်ညွှန်းသည်)

ကျွန်ုပ် ——————— သည် ပြည်သူ့လွှတ်‌တော်/အမျိုးသားလွှတ်‌တော်/ တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်‌တော် ‌ကိုယ်စားလှယ်အဖြစ်
ရွေးချယ်ခံရပြီး ဖြစ်သဖြင့် နိုင်ငံ‌တော်ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ထိန်းသိမ်းကာကွယ် ‌စောင့် ‌ရှောက်ပြီး နိုင်ငံ‌တော်၏ ဥပ‌ဒေများကိုလည်း လိုက်နာပါမည်။ ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံ‌တော်နှင့် နိုင်ငံသားများအ‌ပေါ် သစ္စာ‌စောင့်သိရို‌သေပါမည်။ ပြည်‌ထောင်စု မပြိုကွဲ‌ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ‌ရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲ‌ရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင်‌ဆောင်ရွက်ပါမည်။ ထို့ပြင်ယခုကျွန်ုပ်ထမ်း‌ဆောင်မည်ဖြစ်‌သော တာဝန်ဝတ္တရားများကို ‌ဖြောင့်မတ်မှန်ကန်စွာ ‌ဆောင်ရွက်မည်ဟု ‌လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်။/ ကျမ်းသစ္စာဆိုပါသည်။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။