တိုင်းရင်းဆေးဝါးဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၈ ။)

၁၃၇၅ ခုနှစ်၊ တပို့တွဲလကွယ်နေ့
(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို တိုင်းရင်းဆေးဝါးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ ၂ တွင်-
(က) ပုဒ်မခွဲ (က) ၌ “တိုင်းရင်းဆေးဝါး ဆိုသည်မှာ လူနှင့်တိရစ္ဆာန်တို့အတွက် ရောဂါ ရှာဖွေရန်၊ ကာကွယ်ရန်၊ ကုသရန်၊ ကျန်းမာရေး တိုးတက်စေရန် တိုင်းရင်းဆေးပညာကို အခြေခံ၍ ခန္ဓာကိုယ်အတွင်း သို့မဟုတ် ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အသုံးပြုရန် အနောက်တိုင်းဆေးများ မပါဝင်ဘဲ ပြည်တွင်းတွင် ဖော်စပ်သည့် ပစ္စည်းကို ဆိုသည်။ ” ဟု အစားထိုးရမည်။
(ခ) ပုဒ်မခွဲ(ဌ)၌ ပါရှိသော “ဆေးမြီးတို”
  ဆိုသည့်စကားရပ်ကို “အလွယ်တကူ ဖော်စပ် သုံးစွဲနိုင်သော အရပ်သုံးဆေးဝါး” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။
(ဂ) ပုဒ်မခွဲ(ဍ)ကို ပယ်ဖျက်ရမည်။
(ဃ) ပုဒ်မခွဲ(ဎ)၊ (ဏ)၊ (တ) နှင့် (ထ) တို့ကို ပုဒ်မခွဲ (ဍ)၊ (ဎ)၊ (ဏ) နှင့် (တ) တို့အဖြစ် ပြောင်းလဲသတ်မှတ်ရမည်။

၃။ တိုင်းရင်းဆေးဝါး ဥပဒေပုဒ်မ ၃၁ တွင်ပါရှိသော “ငွေဒဏ်ကျပ် ၃၀၀၀၀ အထိ ဖြစ်စေ” ဆိုသည့် စကားရပ်ကို “ငွေဒဏ်ကျပ်သုံးသိန်းအထိဖြစ်စေ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။ တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ ၃၂ တွင်-
(က) ပုဒ်မခွဲ(က) ၌ပါရှိသော “ငွေဒဏ်ကျပ် ၃၀၀၀၀ အထိဖြစ်စေ” ဆိုသည့် စကားရပ်ကို “ငွေဒဏ်ကျပ်သုံးသိန်းအထိဖြစ်စေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
(ခ) ပုဒ်မခွဲ(ခ)၌ပါရှိသော “ငွေဒဏ်ကျပ် ၁၀၀၀၀ အထိဖြစ်စေ” ဆိုသည့် စကားရပ်ကို “ငွေဒဏ်ကျပ် တစ်သိန်းအထိဖြစ်စေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။ တိုင်းရင်းဆေးဝါးဥပဒေ ပုဒ်မ ၃၃ တွင်ပါရှိသော “ငွေဒဏ် ကျပ် ၅၀၀၀ အထိ ဖြစ်စေ” ဆိုသည့် စကားရပ်ကို “ငွေဒဏ်ကျပ် ငါးသောင်းအထိ ဖြစ်စေ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၆။ တိုင်းရင်းဆေးဝါးဥပဒေ ပုဒ်မ ၄၃ တွင် ပုဒ်မခွဲ(က)၌ပါရှိသော “လုပ်ထုံး လုပ်နည်းများ” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ (ခ) ၌ “ညွှန်ကြားချက်” ဆိုသည့် စကားရပ်၏နောက်တွင် “နှင့်လုပ်ထုံးလုပ်နည်းများ” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 

(ပုံ)သိန်းစိန်               
နိုင်ငံတော်သမ္မတ
        
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။