အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆ ။)
၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်
(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်)

 ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။     ဤဥပဒေကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

 

၂။     အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ တွင်ပါရှိသော “အနည်းဆုံး ၇ နှစ်မှ  အများဆုံး ၁၅ နှစ်အထိ” ဆိုသည့် စကားရပ် အစား “အနည်းဆုံး ငါးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

၃။     အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄ တွင်ပါရှိသော “ထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။” ဆိုသည့် စကားရပ်အစား “ငွေဒဏ်ကျပ်သိန်း ငါးဆယ်မှ ကျပ်သိန်းတစ်ရာအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင် ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

၄။     အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၅ တွင်ပါရှိသော “ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။”ဆိုသည့် စကားရပ်အစား “ငွေဒဏ်ကျပ် တစ်ဆယ်သိန်းမှ ကျပ်သိန်းငါးဆယ်အထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင် ပါက ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ချမှတ်ရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

၅။     အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၆ တွင်ပါရှိသော “ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။” ဆိုသည့် စကားရပ်အစား “ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

၆။     အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၇ တွင်ပါရှိသော “ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။” ဆိုသည့် စကားရပ်အစား “ငွေဒဏ် ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင် ဒဏ် သုံးလအထိ ချမှတ်ရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 

 
(ပုံ) သိန်းစိန်
                            
နိုင်ငံတော်သမ္မတ
                      
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
   

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။