၁၉၅၁ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂၀၁၄ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၃၀ ။)
၁၃၇၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော်ရ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်
၁။ဤဥပဒေကို၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေတွင်-
(က)ပုဒ်မ၁၊ပုဒ်မခွဲ(၂)ကိုအောက်ပါအတိုင်းအစားထိုးရမည်
“(၂)ဤဥပဒေသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင်အာဏာတည်စေရမည့်အပြင်
အလုပ်အမျိုးအစား၊လုပ်ငန်းအမျိုးအစား၊အလုပ်ဌာနအမျိုးအစားအားလုံးနှင့်
သက်ဆိုင်စေရမည်။”

(ခ)ပုဒ်မ၂၊ပုဒ်မခွဲ(၂)ကိုအောက်ပါအတိုင်းအစားထိုးရမည်-
“(၂)ခွင့်ရက်ဆိုရာတွင်လုပ်သက်ခွင့်ရက်၊ရှောင်တခင်ခွင့်ရက်၊ဆေးလက်မှတ်ခွင့်ရက်နှင့်မီးဖွားခွင့်ရက်တို့ပါဝင်သည်။”

(ဂ)ပုဒ်မ၂၊ပုဒ်မခွဲ(၄)ကိုအောက်ပါအတိုင်းအစားထိုးရမည်-
“(၄)အလုပ်သမားဆိုသည်မှာနေ့စားအလုပ်သမား၊ယာယီအလုပ်သမားနှင့်အမြဲတမ်းအလုပ်သမားအပါအဝင်

စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေ၊
အသက်မွေးဝမ်းကျောင်းအတွက်ဖြစ်စေမိမိ၏လုပ်အားအပေါ်အားကိုးအားထားပြုလုပ်ကိုင်နေသူကိုဆိုလိုသည်။
သို့ရာတွင်အောက်ပါတို့မပါဝင်ချေ-
(က)ကိုယ်ပိုင်အလုပ်၊ကိုယ်ပိုင်စက်မှုလက်မှုလုပ်ငန်းသို့မဟုတ်စီးပွားရေးလုပ်ငန်းသို့မဟုတ်
ကိုယ်ပိုင်အလုပ်ဌာနလုပ်နေသည့်အလုပ်ရှင်ဖြစ်လျှင်ထိုအလုပ်ရှင်၏မိဘ၊ခင်ပွန်း၊ဇနီး၊
သားသမီး၊ညီအစ်ကို(အရင်း)၊ညီအစ်မ(အရင်း)နှင့်မောင်နှမအရင်းများ၊
(ခ)အလုပ်ကဖြစ်စေ၊စက်မှုလက်မှုလုပ်ငန်းကဖြစ်စေသို့မဟုတ်စီးပွားရေးလုပ်ငန်းကဖြစ်စေ၊
အလုပ်ဌာနကဖြစ်စေရရှိသောအမြတ်အစွန်းထဲမှအခကြေးငွေကိုမိမိ၏ဝေစုအဖြစ်ဖြင့်ရရှိသူများ၊
(ဂ)ထမင်းချက်၊အိမ်သန့်ရှင်းရေး၊ကလေးထိန်းနှင့်အစောင့်၊
(ဃ)တည်ဆဲဥပဒေတစ်ရပ်ရပ်အရအကြောင်းအားလျော်စွာအခကြေးငွေနှင့်သော်လည်းကောင်း၊

လစာငွေနှင့်သော်လည်းကောင်းပေးရန်ပြဋ္ဌာန်းထားသည့်ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များရရှိသော
နိုင်ငံ့ဝန်ထမ်းများ။”

(ဃ)ပုဒ်မ၂၊ပုဒ်မခွဲ(၇)၌ပါရှိသော“မှတ်ပုံဝင်ဆရာဝန်”ဆိုသည့်စကားရပ်ကို“မှတ်ပုံတင်ဆရာဝန်”ဆိုသည့်
စကားရပ်ဖြင့်လည်းကောင်း၊“မြန်မာနိုင်ငံပရဆေးဆိုင်ရာအက်ဥပဒေ”ဆိုသည့်စကားရပ်ကို
“မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ”ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊
“တည်ဆဲတရားပဒေတစ်ရပ်ရပ်”ဆိုသည့်စကားရပ်ကို“တည်ဆဲဥပဒေတစ်ရပ်ရပ်”ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊
“နိုင်ငံတော်သမ္မတ”ဆိုသည့်စကားရပ်ကို“ကျန်းမာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး”ဆိုသည့်စကားရပ်ဖြင့်လည်းကောင်းအသီးသီးအစားထိုးရမည်။
(င)ပုဒ်မ၂၊ပုဒ်မခွဲ(၈)ကိုအောက်ပါအတိုင်းအစားထိုးရမည်-“
(၈)အလုပ်ပိတ်ရက်ဆိုသည်မှာရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့်အများပြည်သူအလုပ်ပိတ်ရက်တို့ကိုဆိုသည်။”
၃။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေပုဒ်မ၃၊ပုဒ်မခွဲ(၁)၊ပုဒ်မခွဲ(၂)နှင့်ပုဒ်မ၁၄၊ပုဒ်မခွဲ(၁)
တို့၌ပါရှိသော“အများအလုပ်ပိတ်ရက်”ဆိုသည့်စကားရပ်ကို“အများပြည်သူအလုပ်ပိတ်ရက်”
ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
၄။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေပုဒ်မ၃၊ပုဒ်မခွဲ(၁)၌ပါရှိသော
“ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိအစိုးရရုံးများအတွက်ရုံးပိတ်ရက်များ”ဆိုသည့်စကားရပ်ကို“
ပြည်ထောင်စုအစိုးရအဖွဲ့ကအမိန့်ကြော်ငြာစာဖြင့်နှစ်စဉ်ထုတ်ပြန်ကြေညာသည့်
အများပြည်သူအလုပ်ပိတ်ရက်များ”ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
၅။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေပုဒ်မ၃၊ပုဒ်မခွဲ(၃)၏နောက်တွင
်ပုဒ်မခွဲ(၄)အဖြစ်အောက်ပါအတိုင်းဖြည့်စွက်ရမည်-
“(၄)အလုပ်ရှင်သည်အလုပ်သမားများအတွက်ရက်သတ္တတစ်ပတ်လျှင်အနည်းဆုံးတစ်ရက်ကို
အခကြေးငွေသို့မဟုတ်လစာငွေအပြည့်ဖြင့်အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်၍ခွင့်ပြုပေးရမည်။”
၆။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေပုဒ်မ၆၊ပုဒ်မခွဲ(၂)၌ပါရှိသော
“မှတ်ပုံဝင်ဆရာဝန်”ဆိုသည့်စကားရပ်ကို“မှတ်ပုံတင်ဆရာဝန်”ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
၇။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေပုဒ်မ၆၊ပုဒ်မခွဲ(၃)ကိုပယ်ဖျက်ရမည်။
၈။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေပုဒ်မရ၏နောက်တွင်
ပုဒ်မရ-ကအဖြစ်အောက်ပါအတိုင်းဖြည့်စွက်ရမည်-
“၇-က။ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားများအားမီးမဖွားမီရက်သတ္တပတ်ခြောက်ပတ်နှင့်
မီးဖွားပြီးရက်သတ္တပတ်ရှစ်ပတ်ကိုသက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊လစာငွေနှင့်ဖြစ်စေ
မီးဖွားခွင့်ရက်အဖြစ်ဖြင့်ခွင့်ပြုရမည်။
မီးဖွားခွင့်ရက်ကိုဆေးလက်မှတ်ခွင့်ရက်နှင့်ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။
”၉။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေပုဒ်မ၁၂၊ပုဒ်မခွဲ(၂)၌ပါရှိသော“နိုင်ငံတော်သမ္မတ”
ဆိုသည့်စကားရပ်ကို“အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး”
ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
၁၀။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေပုဒ်မ၁၃၌ပါရှိသော“နိုင်ငံတော်သမ္မတသည်”
ဆိုသည့်စကားရပ်ကို“အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသည်
ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်”
ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
၁၁။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေပုဒ်မ၁ရကိုပယ်ဖျက်ရမည်။
၁၂။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေပုဒ်မ၁၈ကိုအောက်ပါအတိုင်းအစားထိုးရမည်-
“၁၈။ဤဥပဒေပါပြဋ္ဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အလုပ်သမား၊
အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည်-
(က)လိုအပ်သောနည်းဥပဒေ၊စည်းမျဉ်းနှင့်စည်းကမ်းများကိုပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်။
(ခ)လိုအပ်သောအမိန့်ကြော်ငြာစာ၊အမိန့်၊ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်နိုင်သည်။
”၁၃။၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ
(၁၉၅၁ခုနှစ်၊အက်ဥပဒေအမှတ်၅၈)ပါဇယားကိုပယ်ဖျက်ရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။