Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၂။)

၁၃၇၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်

(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ဤဥပဒေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ပါရှိသော “လာဘ်ပေး လာဘ်ယူမှု” ဆိုသည့် စကားရပ်ကို “အဂတိလိုက်စားမှု” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ “လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး” ဆိုသည့် စကားရပ်ကို “အဂတိလိုက်စားမှု တိုက်ဖျက်ရေး” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီး အစားထိုးရမည်။

၃။အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၄ ကို အောက်ပါအတိုင်း အစား ထိုးရမည် –

“၁၄။    နိုင်ငံတော်သမ္မတသည် ပဏာမစိစစ်ရေး အဖွဲ့ဝင်များ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်ခံစားခွင့်များကို သတ်မှတ်ပေးခြင်း သို့မဟုတ် ပြင်ဆင် ပြောင်းလဲခြင်း ပြုနိုင်သည်။”

၄။   အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၇၀ ကို အောက်ပါအတိုင်း အစား ထိုးရမည် –

“၇၀။    (က)ကော်မရှင် ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဆင့် အဖြစ် လည်းကောင်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ဒုတိယ ဝန်ကြီးအဆင့် အဖြစ်လည်းကောင်း သတ်မှတ်ရမည်။

(ခ)ပုဒ်မခွဲ (က) နှင့်အညီ သတ်မှတ်သော အဆင့်အတန်းနှင့် လျော်ညီသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့် ရှိစေရမည်။

(ဂ)ဤဥပဒေအရ ဖွဲ့စည်းသည့် လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်း အဖွဲ့ဝင်များ၊ ပဏာမ စိစစ်ရေး အဖွဲ့ဝင်များ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များ၊ စစ်ဆေးရေးမှူးနှင့် ကော်မရှင်ရုံး၏ အရာထမ်း၊ အမှုထမ်းများသည် ပြည်သူ့ဝန်ထမ်းများ ဖြစ်သည်ဟု မှတ်ယူ ရမည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်                         

နိုင်ငံတော်သမ္မတ                   

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်    

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။