၁၉၅၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး)

အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂ ။)

၁၃၇၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်

( ၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ၁၉၅၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ၁၉၅၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး) အက်ဥပဒေ ပုဒ်မ ၇ ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၇။

မည်သူမဆို –

(က)

နိုင်ငံတော်အထိမ်းအမှတ်ကို ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်ဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် အမိန့်တစ်ရပ် ရပ်နှင့်ဖြစ်စေ ဆန့်ကျင်၍ ဆင်ယင်ပြသလျှင်၊ သို့မဟုတ်

(ခ )

ဥပစာတစ်ခုခု ပိုင်ဆိုင်သူ၊ အငှားနေထိုင်သူ၊ အငှားချထား ခံရသူ၊ လက်ရှိနေထိုင်သူ သို့မဟုတ် ထိန်းသိမ်းရသူဖြစ်၍ အဆိုပါ ဥပစာပေါ်တွင် လည်းကောင်း၊ အဆိုပါဥပစာမှသော် လည်းကောင်း နိုင်ငံတော်အထိမ်းအမှတ်ကို ဤအက် ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်ဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် အမိန့်တစ်ရပ်ရပ်နှင့် ဖြစ်စေ ဆန့်ကျင်၍ ဆင်ယင်ပြသခြင်းကို သိလျက်နှင့် ခွင့်ပြုလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။”

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။