အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွတ်တော်ဥပဒေအမှတ် ၃၃။)

၁၃၇၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်

( ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ဟုခေါ်တွင်စေရမည်။

၂။  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ တွင် ပါရှိသော‘‘အဖွဲ့ဝင် ၅ ဦးစီကို’’ဆိုသည့်စကားရပ်ကို ‘‘ငါးဦးစီထက်မပိုသောအရေအတွက်တူညီသည့်အဖွဲ့ဝင်များကို’’ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (က) တွင်ပါရှိသော‘‘ရွေးချယ်ထားသည့်အဖွဲ့ဝင် စုစုပေါင်း ၁၅ ဦး၏’’ဆိုသည့် စကားရပ်ကို‘‘ရွေးချယ်ထားသည့် အဖွဲ့ဝင်များ၏’’ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ထင်ကျော်                                                    

နိုင်ငံတော်သမ္မတ                                               

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။