မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၀။)

၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ရက်

( ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် )

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း()

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

() နိုင်ငံတော်သမ္မတ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ ကို ဆိုသည်။

() အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ ကို ဆိုသည်။

() ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆိုသည်။

() ကော်မရှင် ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဆိုသည်။

() အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အဖွဲ့ဝင် တစ်ဦးဦးကို ဆိုသည်။

() ကော်မရှင်ရုံး ဆိုသည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးကို ဆိုသည်။

() အတွင်းရေးမှူး ဆိုသည်မှာ ကော်မရှင်ရုံး၏ ရုံးလုပ်ငန်းတာဝန်များကို တာဝန်ခံ ဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူးကို ဆိုသည်။

() အဆိုပြုချက် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက ပုဒ်မ ၃၆ တွင်ဖော်ပြထားသည့် လုပ်ငန်း များ၌ လုပ်ကိုင် လိုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ကော်မရှင်၏ ခွင့်ပြုမိန့်ရရှိရန် သတ်မှတ်သည့်ပုံစံဖြင့် လိုအပ်သည့် စာချုပ်၊ စာရွက်စာတမ်း အထောက်အထားများ ပူးတွဲကာ တင်ပြသော လျှောက်လွှာကို ဆိုသည်။

() ခွင့်ပြုမိန့် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက ရင်းနှီးမြှုပ်နှံရန် တင်ပြလာသော အဆိုပြုချက် နှင့် စပ်လျဉ်း၍ ကော်မရှင်၏ သဘောတူခွင့်ပြုချက်ကို ဖော်ပြသည့်အမိန့်ကို ဆိုသည်။

() အတည်ပြုလျှောက်ထားလွှာ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူကအခန်း (၁၂) မြေအသုံးပြု ခွင့်နှင့် အခန်း (၁၈) ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခံစားနိုင်ရန်အလို့ငှာ ကော်မရှင်၏ အတည်ပြုမိန့် ရရှိရန် သတ်မှတ်သည့်ပုံစံဖြင့် လိုအပ် သည့် အထောက်အထားများ ပူးတွဲကာ တင်ပြသော လျှောက်လွှာကို ဆိုသည်။

() အတည်ပြုမိန့် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက တင်ပြလာသော အတည်ပြုလျှောက်ထား လွှာနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အတည်ပြုချက်ကို ဖော်ပြသည့်အမိန့်ကို ဆိုသည်။

() နိုင်ငံသား ဆိုသည်မှာ ဤဥပဒေအလို့ငှာ နိုင်ငံသား၊ ဧည့်နိုင်ငံသားသို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားများဖြင့်သာ ပါဝင်ဖွဲ့စည်းထား သော စီးပွားရေး အဖွဲ့အစည်းလည်း ပါဝင်သည်။

() မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံသား ကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင် ထားသည့် မြန်မာကုမ္ပဏီ၊ ရုံးခွဲများနှင့် အခြားစီးပွားရေး အဖွဲ့အစည်းများလည်း ပါဝင်သည်။

() နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်အတွင်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံသား မဟုတ်သူကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ နှင့်အညီ ဖွဲ့စည်း တည်ထောင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားကုမ္ပဏီ၊ ရုံးခွဲ၊ အခြား စီးပွားရေးအဖွဲ့အစည်းများနှင့် ပြည်ပ နိုင်ငံတစ်နိုင်ငံမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် အညီ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်း များလည်း ပါဝင်သည်။

() ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုကို ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက် လျက်ရှိသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကိုဆိုသည်။

() ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ဤဥပဒေနှင့်အညီပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့် ပစ္စည်းများကို ဆိုသည်။ ယင်းစကားရပ်တွင် ပုဒ်မ ၄၀ ပါ ရင်းနှီးမြှုပ်နှံမှု များလည်း အပါအဝင် ဖြစ်သည်။

() တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံသူက ဥပဒေနှင့်အညီ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်ပစ္စည်းအပေါ် ထိန်းချုပ်ခွင့် သို့မဟုတ် လွှမ်းမိုးခွင့်နှင့် လုပ်ငန်းစီမံခန့်ခွဲခွင့် တို့ရှိသည့် ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။

() နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက နိုင်ငံတော်အတွင်း ပြုလုပ် သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။

() စီးပွားရေးအဖွဲ့အစည်း ဆိုသည်မှာ

() တည်ဆဲဥပဒေများနှင့်အညီ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန် ဖွဲ့စည်း တည်ထောင်ထားသည့် သို့မဟုတ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ၊ ရန်ပုံငွေအဖွဲ့၊ အစုစပ်၊ တစ်ဦးတည်းပိုင်၊ ဖက်စပ်၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ သို့မဟုတ် အလားတူ အဖွဲ့အစည်းများအပါအဝင် တရားဝင် စီးပွားရေး အဖွဲ့အစည်း များကို ဆိုသည်။

() တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားသည့် အဆိုပါ တရားဝင် စီးပွားရေး အဖွဲ့အစည်း၏ ရုံးခွဲတစ်ခုကိုဆိုသည်။

() လွတ်လပ်စွာ အသုံးပြုနိုင်သည့်ငွေကြေး ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund- IMF) သဘောတူညီချက်စာချုပ် အပိုဒ် ၃၀ () နှင့် ၎င်းကို ပြင်ဆင်သော ပြင်ဆင်ချက်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုများ အတွက် လွှဲပြောင်းပေးခြင်းများနှင့် အဓိက နိုင်ငံခြား ငွေကြေးစျေးကွက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ခြင်း ပြုလုပ်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ သုံးစွဲလျက်ရှိသော ငွေကြေးကို ဆိုသည်။

() ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူ၏ လျှောက်ထားမှုအပေါ် ကော်မရှင်က စိစစ် ခွင့်ပြုနိုင်သည့် ဝင်ငွေခွန်၊ အကောက်ခွန် နှင့် အခြား ပြည်တွင်းအခွန်အကောက်များ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ဆိုသည်။

() ဆောင်ရွက်ချက်များ ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကဖြစ်စေ၊ ယင်းတို့က အခွင့်အာဏာ အပ်နှင်းထားသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက ဖြစ်စေ ချမှတ်ထားသော သို့မဟုတ် အကောင်အထည် ဖော် ဆောင်ရွက်နေသော ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆုံးဖြတ်ချက်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက် များစသည်တို့ကို ဆိုသည်။

အခန်း()

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

(က) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊

() ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာ အကွယ် ပေးရန်၊

() ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊

() လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊

() စွမ်းဆောင်ရည်မြင့်မားသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုး တိုးတက် စေရန်၊

() နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်၊

() နိုင်ငံတစ်ဝန်းလုံးတွင် အခြေခံအဆောက်အအုံများ အပါအဝင်  ပညာရပ်နယ်ပယ် အသီးသီးတို့၌ ဖွံ့ဖြိုး တိုးတက်စေရန်၊

() နိုင်ငံသားများအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင် ဆောင်ရွက်နိုင် စေရန်၊

() နိုင်ငံတကာ စံနှုန်းနှင့်ညီသော စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပေါ်ထွန်းလာ စေရန်။

အခန်း()

ဥပဒေ၏အကျုံးဝင်မှုနယ်ပယ်

၄။ ဤဥပဒေသည် နိုင်ငံတော်အတွင်း စတင်အာဏာတည်သည့်နေ့တွင် လုပ်ငန်းလည်ပတ် လုပ်ကိုင် ဆောင်ရွက် လျက်ရှိသည့် သို့မဟုတ် ဤဥပဒေ အာဏာတည်ပြီးနောက် အသစ်ဖွဲ့စည်း တည်ထောင် လုပ်ကိုင်မည့် ရင်းနှီး မြှုပ်နှံမှုအားလုံးနှင့် အကျုံးဝင်သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေ အာဏာ မတည်မီက ဖြစ်ပွားလျက်ရှိသည့် တည်ဆဲရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှု များ သို့မဟုတ် ဤဥပဒေ အာဏာမတည်မီက ခွင့်ပြုမိန့်ရရှိပြီး လုပ်ငန်းလုပ်ဆောင်မှု ရပ်ဆိုင်း ထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် ဤဥပဒေနှင့် အကျုံးဝင်သက်ဆိုင်မှု မရှိစေရ။

၅။ ဤဥပဒေ၏ အခန်း (၂၁) ခြွင်းချက်ပြုရမည့် အချက်များ၊ အခန်း (၂၂) လုံခြုံရေးဆိုင်ရာ ကင်းလွတ်ခွင့် များမှအပ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက် များသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်။

အခန်း()

ကော်မရှင်ဖွဲ့စည်းခြင်း

၆။ ကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်

(က) နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ဝင်များထဲမှ သင့်လျော်သည့်ပုဂ္ဂိုလ်တစ်ဦး ရွေးချယ် အဆိုပြု၍ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် ဥက္ကဋ္ဌတစ်ဦး၊

() အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် ဒုတိယဥက္ကဋ္ဌတစ်ဦး၊

() အဖွဲ့ဝင်များအဖြစ် အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့်သင့်လျော်သော ပြည်ထောင်စု ဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ဂုဏ်သိက္ခာသမာဓိနှင့် ပြည့်စုံသည့် သင့်လျော်သော ပုဂ္ဂိုလ်များ၊

() ရာထူးအလျောက် ကော်မရှင်ရုံး အကြီးအမှူးဖြစ်သည့် အတွင်းရေးမှူးတစ်ဦး။

၇။ အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပုဒ်မ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင်အနည်းဆုံး ကိုးဦးနှင့် အထက်ဂဏန်း အရေအတွက်ဖြင့် ဖွဲ့စည်းတည်ထောင်ရမည်။

၈။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များသည် ဝန်ကြီးဌာနမှ ခွင့်ပြုသော ချီးမြှင့်ငွေနှင့် စရိတ်ကို ခံစားခွင့်ရှိစေရမည်။

၉။ အတွင်းရေးမှူးမှတစ်ပါး ကော်မရှင်အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်း နှင့်အညီ ဖြစ်သည်။ အတွင်းရေးမှူးသည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်း ဥပဒေအတိုင်း လိုက်နာဆောင်ရွက် ရမည်။

၁၀။ ကော်မရှင်အဖွဲ့ဝင်များသည် တစ်ဆက်တည်း ရာထူးသက်တမ်း နှစ်ကြိမ်ထက် ပိုမိုတာဝန်  ထမ်းဆောင်ခြင်း မရှိစေရ။

၁၁။ အစိုးရအဖွဲ့သည် အစိုးရတာဝန်ယူသည့်နေ့မှစ၍ နှစ်လအတွင်း ကော်မရှင်အား အသစ်ပြန်လည် ဖွဲ့စည်း ရမည်။

၁၂။ ကော်မရှင်ရုံးအကြီးအမှူးသည် ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည့် အပြင် ကော်မရှင်က သတ်မှတ်ပေးထားသောအခြား လုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင် ရမည်။

၁၃။ ကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်၏ လုပ်ငန်းတာဝန်များအနက် သီးခြားသတ်မှတ်ပေးသော လုပ်ငန်း တာဝန်တစ်ရပ်ရပ်ကို စာဖြင့်ရေးသား၍ ကော်မရှင်ရုံးအရာထမ်းတစ်ဦးဦးအား တာဝန် ပေးအပ် နိုင်သည်။ ယင်းသို့ တာဝန်ပေးအပ်ရာတွင် တာဝန်ပေးအပ်ခြင်းခံရသူသည် တာဝန်ပေး အပ်သည့် စာတွင်ဖော်ပြထားသော လုပ်ငန်း တာဝန်ကိုသာ ဆောင်ရွက်ရမည်။ အဆိုပါ လွှဲအပ်သည့်စာအား မည်သည့်အချိန်တွင်မဆို စာဖြင့်ပြန်လည်ရုပ်သိမ်း နိုင်သည်။

အခန်း()

ကော်မရှင်မှ နုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် လစ်လပ်နေရာ ဖြည့်စွက်ခန့်ထားခြင်း

၁၄။ ကော်မရှင်ဥက္ကဋ္ဌသည် တာဝန်ထမ်းဆောင်နေစဉ် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက် လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်းကို နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့ထံ စာဖြင့် တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်။

၁၅။ ကော်မရှင်ဥက္ကဋ္ဌမှအပ ကျန်ကော်မရှင်အဖွဲ့ဝင်များ နုတ်ထွက်လိုပါက ကော်မရှင်ဥက္ကဋ္ဌမှ တစ်ဆင့် အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ရာထူးမှ နုတ်ထွက်နိုင်သည်။

၁၆။ အစိုးရအဖွဲ့သည် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးအား အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ပါက တာဝန်မှရပ်စဲနိုင်သည်

(က) ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တာဝန်ကို ဆက်လက် ထမ်းဆောင် နိုင်စွမ်း မရှိတော့သည်အထိ ကျန်းမာရေးချို့ယွင်းခြင်း၊

() ကွယ်လွန်ခြင်း၊

() တရားရုံးတစ်ခုခုက ပြစ်မှုကြောင်းအရ ပြစ်ဒဏ်ချမှတ်ခံရခြင်း၊

() တရားရုံးတစ်ခုခုက လူမွဲအဖြစ်ကြေညာခံရခြင်း၊

() မိမိအားပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း။

၁၇။ အစိုးရအဖွဲ့သည်

(က) ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန် ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်စုံတစ်ရာကြောင့်ဖြစ်စေ ကော်မရှင်အဖွဲ့ဝင် နေရာ လစ်လပ်လျှင် ဤဥပဒေနှင့် နည်းဥပဒေ များပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ အဖွဲ့ဝင် အသစ် ဖြည့်စွက် ခန့်ထားရမည်။

() လစ်လပ်သောရာထူးသည် ကော်မရှင်ဥက္ကဋ္ဌရာထူးနေရာဖြစ်ပါက အသစ်ဖြည့်စွက် ခန့်ထားခြင်း မပြုနိုင်မီ အတွင်း ဒုတိယဥက္ကဋ္ဌကိုဖြစ်စေ၊ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးကို ဖြစ်စေ ဥက္ကဋ္ဌ၏ လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရန်အတွက် ယာယီတာဝန်ပေး ခန့်အပ်နိုင်သည်။

၁၈။ ရာထူးမှနုတ်ထွက်ခြင်း သို့မဟုတ် တာဝန်မှရပ်စဲခံရခြင်းမှတစ်ပါး လက်ရှိတာဝန် ထမ်းဆောင် နေသော ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်အဖွဲ့ဝင် အသစ်ခန့်အပ်ပြီးသည့်အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်။

၁၉။ ပုဒ်မ ပါ ရာထူးသက်တမ်းနှင့် စပ်လျဉ်း၍ မည်သို့ပင်ပါရှိစေကာမူ လစ်လပ်ရာထူးတွင် ပုဒ်မ ၁၇ အရ ဖြည့်စွက်ခန့်ထားခြင်းခံရသည့် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ရာထူး သက်တမ်းသည် ၎င်းအစားထိုးသည့် ကော်မရှင်အဖွဲ့ဝင်၏ ကျန်ရှိသည့် သက်တမ်း အတွက်သာ ဖြစ်ရမည်။

၂၀။ အတွင်းရေးမှူးသည် ကော်မရှင်၏ နေ့စဉ်လုပ်ငန်းတာဝန်များနှင့် ကော်မရှင်၏ ကိစ္စအဝဝနှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ရန်တာဝန်ရှိသည်။

၂၁။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် ကော်မရှင်သို့ တင်ပြလာသည့် အဆိုပြုချက်နှင့်စပ်လျဉ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးစီးပွား ပါဝင်ပတ်သက်မှု ရှိနေသည်ဆိုပါက အဆိုပါ အကျိုး စီးပွား ပါဝင်ပတ်သက်မှု ရှိသည် ဆိုသည့်အကြောင်းကို ကော်မရှင်သို့ အတိအလင်း ထုတ်ဖော် ပြောဆို ရမည်။ အဆိုပါထုတ်ဖော် ပြောဆိုချက်ကို ကော်မရှင်၏ အစည်းအဝေး မှတ်တမ်းတွင် မှတ်တမ်းပြု ရမည်ဖြစ်ပြီး အဆိုပါအဖွဲ့ဝင်သည် ၎င်းအဆိုပြုချက်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ခွင့်၊ လုပ်ငန်း ဆောင်ရွက်မှုနှင့် ဆွေးနွေးမှုတို့တွင် ပါဝင် ဆောင်ရွက်ခြင်း မရှိစေရ။

၂၂။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် ကော်မရှင်သို့ တင်ပြလာသည့် အတည်ပြုလျှောက်ထားလွှာ နှင့် စပ်လျဉ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးစီးပွား ပါဝင်ပတ်သက်မှု ရှိနေသည် ဆိုပါက အဆိုပါ အကျိုးစီးပွား ပါဝင်ပတ်သက်မှုရှိသည်ဆိုသည့် အကြောင်းကို ကော်မရှင်ရုံးသို့ အတိအလင်း ထုတ်ဖော်ပြောဆိုရမည်။ အဆိုပါ ထုတ်ဖော်ပြောဆိုချက်ကို ကော်မရှင်ရုံးတွင် မှတ်တမ်းပြုထားရမည်။ အဆိုပါအဖွဲ့ဝင်သည် ၎င်းအတည်ပြု လျှောက်ထားလွှာနှင့်စပ်လျဉ်း၍ ကော်မရှင်ရုံး၏ လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း မရှိစေရ။

အခန်း()

ကော်မရှင်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၂၃။ ကော်မရှင်သည် မိမိ၏ လုပ်ပိုင်ခွင့်များကို ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။

၂၄။ ကော်မရှင်၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်

(က) နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

() နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများနှင့် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများအတွက် ပေါင်းစပ် ညှိနှိုင်း ကူညီဆောင်ရွက်ပေးရန် အဓိက တာဝန်ရှိသည့် ရုံးဌာနအဖြစ် ဆောင်ရွက်ခြင်း၊

() ရင်းနှီးမြှုပ်နှံသူများနှင့် ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေရေးအတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်း၊

() ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက တာဝန်ယူမှု ရှိသော စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမျှော်မှန်းချက်များ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း တို့ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒများကို အကြံပြုခြင်း၊

() ကော်မရှင်ရုံး ဝန်ထမ်းများအတွက် မူဝါဒလမ်းညွှန်ချက်များ သို့မဟုတ် အကြံပြု တိုက်တွန်းချက် များကို ထုတ်ပြန်ခြင်း၊

() ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့သို့ သုံးလ တစ်ကြိမ် တင်ပြ အစီရင်ခံခြင်း၊

() ကော်မရှင်က ခွင့်ပြုသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှု အခြေအနေများကို အစိုးရ အဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် သို့ နှစ်စဉ် တင်ပြအစီရင်ခံခြင်း၊

() ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားအရလည်းကောင်း၊ သဘာဝ အရင်းအမြစ် အနေအထား အရ လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး အတွက် လည်းကောင်း ပြည်ထောင်စုအစိုးရ အဖွဲ့က ခွင့်ပြုပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ လုပ်ပိုင်ခွင့် ခွဲဝေသတ်မှတ်ပေးခြင်း၊

() ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစေရန်လည်းကောင်း၊ အားပေး အထောက် အကူပြုရန် လည်းကောင်း အစိုးရအဖွဲ့သို့ အကြံပြုတင်ပြဆောင်ရွက်ခြင်း၊

() ရင်းနှီးမြှုပ်နှံသူက သဘာဝသယံဇာတ ပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းကိုဖြစ်စေ တွေ့ရှိလျှင် အကြောင်းကြား ခြင်းမပြုဘဲ လက်ဝယ်သိမ်းဆည်းထားခြင်း၊ ပုံသဏ္ဌာန် ပြောင်းလဲခြင်း၊ ဖျောက်ဖျက်ခြင်း အစရှိသည်တို့ကို ပြုလုပ်ကြောင်း သိရှိရပါက သက်ဆိုင်ရာ တရားဥပဒေ လုပ်ထုံး လုပ်နည်း စည်းကမ်းများနှင့် အညီ အရေးယူခြင်း၊

() ရင်းနှီးမြှုပ်နှံသူနှင့် ၎င်း၏ရင်းနှီးမြှုပ်နှံမှုအား ဤဥပဒေ၊ ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း စာချုပ်ပါ အချက်များ နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ စိစစ်ခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိပါက လိုက်နာ ဆောင်ရွက်စေခြင်းနှင့် လိုက်နာဆောင်ရွက်မှု မရှိသော ရင်းနှီးမြှုပ်နှံသူနှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို ဥပဒေနှင့်အညီ အရေးယူခြင်း၊

() ကင်းလွတ်ခွင့်၊ သက်သာခွင့်များနှင့် ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား များကို ပြန်လည် သုံးသပ်ခြင်းနှင့် သုံးသပ်တွေ့ရှိချက်များအား အစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြခြင်း၊

() အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

၂၅။ ဤဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာ ကော်မရှင် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်

(က) ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့်ကဏ္ဍ၊ ရင်းနှီးမြှုပ်မှုလုပ်ငန်း ဆောင်ရွက်ရန် ကန့်သတ်သည့်၊ တားမြစ် သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို သတ်မှတ်၍ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ခြင်း၊

() နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား များ၊ မတည်ငွေရင်း ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားစွာ သက်ရောက်မှုဖြစ်ပေါ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား များကို အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ခြင်း၊

() ရင်းနှီးမြှုပ်နှံသူက ကော်မရှင်သို့ တင်ပြလာသည့် အဆိုပြုချက်သည် နိုင်ငံတော်၏ အကျိုး စီးပွားကို ဖြစ်ထွန်း စေနိုင်သည့်အပြင် ဥပဒေတစ်ရပ်ရပ်နှင့် ညီညွတ်မှုရှိကြောင်း စိစစ် တွေ့ရှိပါက ခွင့်ပြုမိန့်ကို ရင်းနှီးမြှုပ်နှံသူအား ထုတ်ပေးခြင်း၊ ယင်းအခြေအနေများနှင့် မကိုက်ညီပါက ငြင်းပယ်ခြင်း၊

() ရင်းနှီးမြှုပ်နှံသူက ကော်မရှင်သို့ အတည်ပြုလျှောက်ထားလွှာကို ပြည့်စုံစွာ တင်ပြလာလျှင် လိုအပ်သည့် စိစစ်မှုများပြုလုပ်၍ ဥပဒေတစ်ရပ်ရပ်နှင့် ဆန့်ကျင်မှုမရှိပါက အတည်ပြုမိန့် ကို ရင်းနှီးမြှုပ်နှံသူ အားထုတ်ပေးခြင်း၊

() ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့်သက်တမ်း သို့မဟုတ် အတည်ပြုမိန့်သက်တမ်းကို တိုးမြှင့် ပေးရန်ဖြစ်စေ၊ ပြင်ဆင်ပေးရန်ဖြစ်စေ တင်ပြလာလျှင် စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

() လိုအပ်ပါက ရင်းနှီးမြှုပ်နှံသူထံမှ ၎င်း၏ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် အထောက် အထား များကို ဖြစ်စေ၊ အချက်အလက်များကိုဖြစ်စေ တင်ပြရန် တောင်းခံရယူခြင်း၊

() ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိရန်ကော်မရှင်သို့ ပူးတွဲ တင်ပြခဲ့ သော စာချုပ် စာတမ်း အထောက်အထားများသည် မှန်ကန်မှုမရှိကြောင်း သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် တည်ဆဲ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စီမံဆောင်ရွက်ခြင်း၊

() ရင်းနှီးမြှုပ်နှံသူက ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ ခံစား ခွင့်ပြုရန် တင်ပြလျှောက်ထားလာလျှင် လိုအပ်သလို စိစစ်ခွင့်ပြုပေးခြင်း၊

() အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်ရပ်စလုံးအား ခံစားခွင့် မပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊

() ဤဥပဒေအရ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများ အပါအဝင် အခြား လိုအပ်သော အဖွဲ့အစည်း များထံမှ ကော်မရှင် ၏လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည့် အကူအညီများနှင့် သတင်းအချက်အလက် များကို တောင်းခံ ရယူခြင်း၊

() ဤဥပဒေပါပြဋ္ဌာန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊

() ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားပေါ်မူတည်၍ သင့်လျော်သည့်တည်ဆောက်ရေး ကာလ သို့မဟုတ် ပြင်ဆင်ချိန်ကာလကို စိစစ်ခွင့်ပြုခြင်း၊

() အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသော ယာယီတင်သွင်းခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ အရ ပြည်ပမှတင်သွင်းသော စက်နှင့်စက်ပစ္စည်းကိရိယာများ ယာယီ တင်သွင်း ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို စိစစ်ခွင့်ပြုခြင်း၊

() ဤဥပဒေအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အငြင်းပွားမှု ဖြေရှင်းသည့်အဆင့်သို့ မရောက်ရှိမီ အငြင်းပွားမှုများအား စနစ်တကျ စိစစ်ခြင်း၊ အကြောင်းအရင်းအမြစ် ဖော်ထုတ်ခြင်း၊ တုံ့ပြန်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှု များကို ဖြေရှင်းခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်သော စနစ်တစ်ခု တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း။

၂၆။ ကော်မရှင်ရုံးသည် မှတ်ပုံတင်ခြင်းအပါအဝင် အခြားသော အထွေထွေ ဝန်ဆောင်စရိတ်များကို သတ်မှတ်ခြင်း နှင့် ကောက်ခံခြင်းတို့ကို ပြုလုပ်နိုင်သည်။

၂၇။ ကော်မရှင်သည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကော်မတီများနှင့် အဖွဲ့ငယ် များကို လိုအပ် သလို ဖွဲ့စည်းနိုင်သည်။

၂၈။ ကော်မရှင်သည် မိမိ၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မရှင် ရုံးခွဲများ ကို ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်ဖြင့် လိုအပ်သလို ဖွင့်လှစ်နိုင်သည်။

အခန်း()

အစည်းအဝေးကျင်းပခြင်း

၂၉။ အစည်းအဝေးများကို အောက်ပါအတိုင်း ကျင်းပဆောင်ရွက်ရမည်

(က) ကော်မရှင်၏ ပုံမှန်အစည်းအဝေးများကို တစ်လလျှင် အနည်းဆုံး တစ်ကြိမ် ကျင်းပခြင်း၊

() လိုအပ်ပါက အထူးအစည်းအဝေး ကျင်းပခြင်း။

၃၀။ ကော်မရှင်ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ အစည်း အဝေးသို့ ဥက္ကဋ္ဌ မတက်ရောက်နိုင်သည့်အခါ ဒုတိယဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရ မည်။

၃၁။ အစည်းအဝေး ကျင်းပရာတွင် ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌအပါအဝင် ကော်မရှင်အဖွဲ့ဝင် ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်မှသာ အစည်းအဝေး အထမြောက်သည်။

၃၂။ ကော်မရှင်သည် အစည်းအဝေး တက်ရောက်သည့် အဖွဲ့ဝင်များ၏ ထက်ဝက်ကျော် သဘော တူညီချက်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ယင်းဆုံးဖြတ်ချက်ကို အစည်းအဝေး တက်ရောက်နိုင်ခြင်း မရှိသည့် အဖွဲ့ဝင် များက ကန့်ကွက်ခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင်ပြောင်းလဲရန် အဆိုပြုခြင်း တို့ကို ဆောင်ရွက်ခွင့်မရှိစေရ။

၃၃။ ကော်မရှင်သည် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုလိုအပ်သည့် ကိစ္စရပ်များအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပြင်ပအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများကို အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးပေးရန် ဖိတ်ကြားနိုင်သည်။

၃၄။ ကော်မရှင်သည် အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ၎င်းကို အထောက်အကူပြုမည့် သူများအား တက်ရောက်ရှင်းလင်းတင်ပြခွင့်နှင့် ဆွေးနွေးခွင့်ပြုနိုင်သည်။

၃၅။ ကော်မရှင်အဖွဲ့ဝင်များသည် ၎င်းတို့၏ ထူးခြားသည့် ဆောက်ရွက်ချက်များကို ကော်မရှင်၏ အနီးကပ်ဆုံး ပုံမှန်အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက်ရယူရမည်။

အခန်း()

အဆိုပြုချက် တင်သွင်းခြင်း

၃၆။ ရင်းနှီးမြှုပ်နှံသူသည် နည်းဥပဒေများတွင် ဖော်ပြထားသော အောက်ပါလုပ်ငန်းများအား ကော်မရှင်သို့ အဆိုပြုချက်တင်ပြစေပြီး ခွင့်ပြုမိန့်ရရှိမှသာ ရင်းနှီးမြှုပ်နှံရမည်

(က) နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား များ၊

() မတည်ငွေရင်း ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ၊

() သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေနိုင် သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

() နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

() ကော်မရှင်သို့ အဆိုပြုချက် တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ။

အခန်း()

အတည်ပြုလျှောက်ထားလွှာတင်သွင်းခြင်း

၃၇။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၃၆ ပါ လုပ်ငန်းများမှတစ်ပါး အခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ ကော်မရှင်သို့ အဆိုပြုချက် တင်ပြရန်မလို။ သို့ရာတွင် ဤဥပဒေ၏ အခန်း (၁၂) မြေအသုံးပြုခွင့်နှင့် ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ ပါကင်းလွတ်ခွင့်၊ သက်သာခွင့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ရပ်ထက်ပို၍ဖြစ်စေ၊ အားလုံးကိုဖြစ်စေ ခံစားနိုင်ရန်အလို့ငှာ သတ်မှတ်ပုံစံဖြင့် အတည်ပြု လျှောက်ထားလွှာကို ကော်မရှင်ရုံးသို့ တင်ပြရမည်။

၃၈။ အတည်ပြုလျှောက်ထားလွှာ တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် သို့မဟုတ်လိုင်စင် သို့မဟုတ် ပါမစ် သို့မဟုတ် အလားတူ စာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည်။

၃၉။ ပုဒ်မ ၃၇ အရ တင်ပြလာသော အတည်ပြုလျှောက်ထားလွှာကို ကော်မရှင်ရုံးသည် လိုအပ်သည့် စိစစ် မှုများပြုလုပ်ပြီး ပြည့်စုံပါက လက်ခံခြင်း၊ ပြည့်စုံမှုမရှိပါက ပြင်ဆင်ဖြည့်စွက်၍ ပြန်လည် တင်ပြစေခြင်း ပြုနိုင်သည်။

အခန်း(၁၀)

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ သတ်မှတ်ခြင်း

၄၀။ ရင်းနှီးမြှုပ်နှံမှုတွင် အောက်ပါတို့လည်း အပါအဝင်ဖြစ်သည်

(က) စီးပွားရေးအဖွဲ့အစည်း၊

() ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် အခြားပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊ ငွေသား၊ အပေါင်ပစ္စည်းများ၊ အပေါင်ခံခွင့်နှင့် ပေါင်နှံခွင့်များ၊ စက်ပစ္စည်း၊ စက်ကိရိယာများ၊ စက်အပိုပစ္စည်းများနှင့် ဆက်စပ်အသုံးအဆောင်များ၊

() ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ၊ စတော့(ခ်) များနှင့် ဒီဘင်ချာ ခေါ် ငွေချေးသက်သေခံ လက်မှတ်များ၊

() နည်းပညာကျွမ်းကျင်မှု၊ တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် အပါအဝင် ဥပဒေများနှင့်အညီ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊

() ငွေရေးကြေးရေးဆိုင်ရာ တန်ဖိုးတစ်ရပ်အဖြစ်ထားရှိသည့် ပဋိညာဉ်စာချုပ်အရ ငွေကြေး အခွင့်အရေးများ သို့မဟုတ် ဆောင်ရွက်မှုများ၊

() အကျိုးအမြတ်ခွဲဝေသည့် သဘောတူစာချုပ်များ သို့မဟုတ် ထုတ်လုပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဆောက်လုပ်ခြင်း၊ အလုံးစုံတာဝန်ယူဆောင်ရွက်သည့် စနစ်အပါအဝင် သဘောတူစာချုပ် ပါ အခွင့်အရေးများ၊

() သဘာဝသယံဇာတပစ္စည်းများ ရှာဖွေခြင်းနှင့် စမ်းသပ်တိုင်းတာခြင်း၊ ထုတ်လုပ်ခြင်း ဆိုင်ရာ အခွင့်အရေး များအပါအဝင် သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် ပဋိညာဉ်စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ အခွင့်အရေးများ။

၄၁။ အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် သတ်မှတ်သည်

(က) နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ် ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် သို့မဟုတ် ပေါ်ပေါက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

() သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှအပ ပြည်ပမှ စမ်းသပ်ဆဲဖြစ်သော သို့မဟုတ် အသုံးပြုရန်၊ စိုက်ပျိုး မွေးမြူရန်၊ အတည်ပြုချက်မရရှိသေးသော နည်းပညာများ၊ ဆေးဝါးများ၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ၊ အသုံးအဆောင်များ သယ်ဆောင်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

() နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

() ပြည်သူတို့အပေါ် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

() သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

() တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားသော ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

၄၂။ အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဖြစ် သတ်မှတ်သည်

(က) နိုင်ငံတော်ကသာ ဆောင်ရွက်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

() နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်နိုင်ခွင့်မရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

() နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းရှိ နိုင်ငံသားလူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် နိုင်ငံသားပိုင်လုပ်ငန်း တစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်သာ ဆောင်ရွက်နိုင် သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

() သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

၄၃။ ကော်မရှင်သည် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ပုဒ်မ ၄၂ ပါ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများအား အများပြည်သူသိရှိစေရန် အစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် အမိန့်ကြော်ငြာစာ သတ်မှတ် ကြေညာရမည်။

၄၄။ ကော်မရှင်သည် ပုဒ်မ ၄၂ အရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို အခါအားလျော်စွာ ပြန်လည်သုံးသပ်ပြီးနောက် လျှော့ပေါ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုရန် လိုအပ်လာလျှင် အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ၍ ပြင်ဆင် သတ်မှတ် ကြေညာရမည်။

၄၅။ ကော်မရှင်သည် ပုဒ်မ ၄၄ အရ ပြန်လည်သုံးသပ်ရာတွင် အစိုးရအဖွဲ့က ပြုလုပ်ထားသော နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကတိကဝတ်များကို သွေဖည်မှု မရှိစေရန် အလေးထား၍ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်နိုင်သည်။

၄၆။ ကော်မရှင်သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ လုံခြုံရေးအခြေအနေ၊ စီးပွားရေးအခြေအနေ၊ သဘာဝ ပတ်ဝန်းကျင် အခြေအနေနှင့် လူမှုအကျိုးစီးပွားကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများကို ခွင့်ပြုမိန့်ထုတ်ပေးရန် ဆောင်ရွက်သည့်အခါ အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်။

အခန်း (၁၁)

ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း

၄၇။ အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများအပေါ် ဆက်ဆံဆောင်ရွက်ရာတွင်

(က) ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာတို့တွင် တစ်နည်းနည်းဖြင့် သတ်မှတ်ပြဋ္ဌာန်း ထားခြင်းမှတစ်ပါး ဤဥပဒေပါ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လုပ်ငန်းတိုးချဲ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခြား အစီအစဉ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအပေါ် ပေးအပ် ထားသည့် ဆက်ဆံဆောင်ရွက်မှုများထက် လျော့နည်းမှု မရှိစေရ၊

() တူညီသော အခြေအနေမျိုးတွင် နိုင်ငံတစ်ခုမှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၊ ၎င်းတို့၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့်လုပ်ငန်း ဖွဲ့စည်းတည်ထောင်ခြင်း၊ လုပ်ငန်း ရယူခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြား အစီအစဉ်များအပေါ် အခြားနိုင်ငံ တစ်ခုခုမှ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အပေါ် ပေးအပ် ထားသည့် ဆက်ဆံဆောင်ရွက်မှုထက် လျော့နည်းခြင်း မရှိစေရ၊

() ပုဒ်မခွဲ () ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအား အောက်ပါ ကိစ္စရပ်များ အလို့ငှာ ပေးအပ်နိုင်သော ခံစားခွင့်များ၊ ဦးစားပေးခြင်းများ သို့မဟုတ် အထူး အခွင့်အရေးပေးခြင်းတို့အတွက် လိုက်နာရန် တာဝန်ရှိသည်ဟု မမှတ်ယူစေရ

() အကောက်ခွန်ယူနီယံ (Customs Union) လွတ်လပ်သော ကုန်သွယ်ရေးဇုန်၊ စီးပွားရေး ယူနီယံနှင့် နိုင်ငံတကာ သဘောတူညီမှုများအရ ဖြစ်ပေါ်လာသော အကောက်ခွန်ယူနီယံ (Customs Union) လွတ်လပ်သော ကုန်သွယ်ရေးဇုန်နှင့် စီးပွားရေးယူနီယံ၊

() နိုင်ငံတကာသဘောတူညီချက်များ၊ နှစ်နိုင်ငံ သို့မဟုတ် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ သဘောတူစာချုပ် များနှင့် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပေးအပ်သည့် ပိုမိုသာလွန်သော ဆက်ဆံ ဆောင်ရွက်မှုများ၊ ဒေသတွင်းနိုင်ငံများအကြား ချုပ်ဆိုသည့် သဘောတူစာချုပ် များ သို့မဟုတ် အစီအစဉ် များ၊ အခြားနိုင်ငံများနှင့်ချုပ်ဆိုသည့် သဘောတူ စာချုပ်များ သို့မဟုတ် အစီအစဉ်များနှင့် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပေးအပ်သည့် ပိုမိုသာလွန်သော ဆက်ဆံ ဆောင်ရွက်မှု များ သို့မဟုတ် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များနှင့် အားလုံး ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဖြစ်စေ ပါဝင် ပတ်သက်နေသော အစီအစဉ်များ။

၄၈။ အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများကို အောက်ဖော်ပြပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သာတူညီမျှ ဆက်ဆံဆောင်ရွက်မှုပြုရန် အာမခံသည်

(က) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ကြီးမားစွာ ထိခိုက် နစ်နာ စေသည့် ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များ ရပိုင်ခွင့်၊

() ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို အစိုးရအဖွဲ့မှ ခွင့်ပြု ထားသည့် လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ပါ စည်းကမ်းသတ်မှတ်ချက် များကို ပြောင်းလဲခြင်း အပါအဝင် အခြားသော အလားတူ လုပ်ဆောင်မှုများနှင့်စပ်လျဉ်း၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်နှင့် အယူခံခွင့်။

၄၉။ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် ပုဒ်မ ၇၆ ပါ ပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်းမရှိစေရ။

အခန်း(၁၂)

မြေအသုံးပြုခွင့်

၅၀။

(က) ဤဥပဒေအရ ခွင့်ပြုမိန့် ရရှိထားသော သို့မဟုတ် အတည်ပြုမိန့် ရရှိထားသော ရင်းနှီးမြှုပ်နှံသူသည် ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံဖြစ်ပါက ပိုင်ရှင်ထံမှ လည်းကောင်း၊ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ၊ နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံဖြစ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှ လည်းကောင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အလို့ငှာ သတ်မှတ်ချက်များနှင့်အညီ နှစ်ရှည်မြေ သို့မဟုတ် အဆောက် အအုံ ငှားရမ်းခွင့်ရှိသည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံသူသည် မိမိပိုင်မြေ သို့မဟုတ် အဆောက်အအုံတွင် တည်ဆဲဥပဒေ များနှင့်အညီ ရင်းနှီးမြှုပ်နှံနိုင်သည်။

() နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူသည် အစိုးရ သို့မဟုတ် အစိုးရအဖွဲ့အစည်းများထံမှ ဖြစ်စေ၊ ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံပိုင်ရှင်ထံမှဖြစ်စေ ကော်မရှင် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိသည့်နေ့မှစ၍ ကနဦး နှစ် ၅၀ အထိ သတ်မှတ်ချက်နှင့်အညီ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းနိုင်သည်။

() အထက်ဖော်ပြပါ ပုဒ်မခွဲ () အရ ခွင့်ပြုထားသော မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းကာလ သို့မဟုတ် မြေ သို့မဟုတ် အဆောက်အအုံ အသုံးပြုခွင့်ကာလ သက်တမ်း ကုန်ဆုံးပြီးနောက် ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တစ်ဆက်တည်း သက်တမ်းတိုးခွင့် ၁၀ နှစ် နှင့် ယင်းသက်တမ်း ကုန်ဆုံးပြီး ထပ်မံ၍ ၁၀ နှစ် သက်တမ်း တိုးမြှင့်နိုင်သည်။

() ရင်းနှီးမြှုပ်နှံသူသည် မြေငှားရမ်းခြင်း စာချုပ်အား စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းအက် ဥပဒေနှင့်အညီ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်။

() အစိုးရအဖွဲ့သည် မြေအသုံးချမှု သို့မဟုတ် မြေငှားရမ်းမှုများအတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအား ပိုမိုကောင်းမွန်သော သတ်မှတ်ချက်များနှင့် အခွင့်အရေးများကို ခွင့်ပြုပေးနိုင်သည်။

() ကော်မရှင်သည် နိုင်ငံတော် တစ်ဝန်းလုံးတွင် ဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နည်းပါးပြီး ဆက်သွယ်သွားလာရေး ခက်ခဲသောဒေသများတွင် ရင်းနှီး မြှုပ်နှံသူများအတွက် ဤဥပဒေပါ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းခွင့် ကာလ သို့မဟုတ် မြေ သို့မဟုတ် အဆောက်အအုံ အသုံးပြုခွင့်ကာလထက် ပိုမို ခံစားခွင့်ပြု ရာတွင် အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်။

အခန်း(၁၃)

အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်း

၅၁။ ရင်းနှီးမြှုပ်နှံသူသည်

(က) နိုင်ငံတော်အတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုတွင် သတ်မှတ်အရည်အချင်း ကိုက်ညီသည့် မည်သည့် နိုင်ငံသား ကိုမဆို အကြီးတန်းစီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးအဖြစ် ဥပဒေများနှင့်အညီ ခန့်အပ်နိုင်သည်။

() အဆင့်ဆင့်သော စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူ နေရာတို့တွင် နိုင်ငံသား များအား ခန့်အပ် နိုင်ရန်အလို့ငှာ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်၍ အစားထိုး ခန့်ထားရမည်။

() ကျွမ်းကျင်မှုမလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်။

() နိုင်ငံခြားသားနှင့် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများ ခန့်ထားရာတွင် အလုပ်သမားဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည်။

() အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အခွင့်အရေးနှင့် တာဝန်များကို လည်းကောင်း၊ အလုပ်အကိုင်ဆိုင်ရာ စည်းကမ်းချက်များ ကို လည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံး လုပ်ခလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊ နစ်နာကြေး၊ အလုပ်သမားလျော်ကြေး၊ လူမှုဖူလုံရေးနှင့် အလုပ်သမားများ နှင့်သက်ဆိုင်သည့် အခြားအာမခံထားရှိခြင်းတို့ အပါအဝင် အလုပ်သမား ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးများ ရရှိရေးအတွက် ဆောင်ရွက်ပေးရမည်။

() ရင်းနှီးမြှုပ်နှံမှုတွင် အလုပ်ရှင်အချင်းချင်း၊ အလုပ်သမား အချင်းချင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အလုပ်သမားနှင့် အတတ်ပညာရှင် သို့မဟုတ် ဝန်ထမ်းတို့အကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို တည်ဆဲဥပဒေများနှင့်အညီဖြေရှင်းရမည်။

အခန်း(၁၄)

ရင်းနှီးမြှုပ်နှံမှုကို အာမခံခြင်း

၅၂။ အစိုးရအဖွဲ့သည် ဥပဒေနှင့်အညီ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံပိုင်ပြုလုပ်ခြင်း မပြုဟု အာမခံသည်။ အောက်ပါအခြေအနေများနှင့်အညီ ဆောင်ရွက်ခြင်းမှအပ ရင်းနှီးမြှုပ်နှံမှုကို သိမ်းယူခြင်းကို ဖြစ်စေ၊ သွယ်ဝိုက်သိမ်းယူခြင်းကိုဖြစ်စေ၊ ရပ်ဆိုင်းစေခြင်း သဘော သက်ရောက်သော ဆောင်ရွက်မှုများကို ဖြစ်စေ မပြုလုပ်ဟု အာမခံသည်

(က) နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် အမှန်တကယ် လိုအပ်ခြင်း၊

() ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ခြင်း၊

() တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊

() သိမ်းယူသည့် ရင်းနှီးမြှုပ်နှံမှုအားမျှတ၍ ပြည့်စုံလုံလောက်သော လျော်ကြေးကို မြန်ဆန်စွာ ပေးချေခြင်း။

၅၃။ မျှတ၍ ပြည့်စုံလုံလောက်မှုရှိသော လျော်ကြေးသတ်မှတ်ရာတွင် လျော်ကြေးပမာဏသည် သိမ်းဆည်းသည့် ရင်းနှီးမြှုပ်နှံမှု၏ စျေးကွက်တန်ဖိုးနှင့် ညီမျှရမည်ဖြစ်ပြီး သိမ်းဆည်းသည့် ကာလ၌ ဖြစ်ပေါ်နေသည့် စျေးကွက် တန်ဖိုးဖြင့် သတ်မှတ်ရမည်။ သို့ရာတွင် ၎င်းလျော်ကြေး ပမာဏအား သတ်မှတ်ရာတွင် အများပြည်သူအကျိုးနှင့် ရင်းနှီးမြှုပ်နှံသူ၏ အကျိုးစီးပွားအကြား မျှတသော အခြေအနေအပေါ် အခြေခံရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၏ လက်ရှိနှင့် ယခင် အနေအထား၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူရခြင်း၏ အကြောင်းအရင်း၊ ရင်းနှီးမြှုပ်နှံမှု၏ မျှတသော စျေးကွက်တန်ဖိုး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူ ရခြင်း၏ ရည်ရွယ်ချက်၊ ရင်းနှီးမြှုပ်နှံသူမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကာလတစ်လျှောက် ရရှိခဲ့သည့် အမြတ်ငွေ များနှင့် ရင်းနှီးမြှုပ်နှံမှု သက်တမ်းတို့ကိုပါ ထည့်သွင်းစဉ်းစားရမည်။

၅၄။ ဤဥပဒေ၏ အခန်း (၂၁) နှင့် အခန်း (၂၂) ပါပြဋ္ဌာန်းချက်များ အပါအဝင် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်သည့် စီးပွားရေးဆိုင်ရာ ထိန်းညှိရန် ရည်ရွယ်ချက်အတွက် သို့မဟုတ် လူမှုအကျိုးစီးပွား အထောက် အကူပြုစေရေး ရည်ရွယ်ချက်များအတွက် လုပ်ဆောင်သည့် ခွဲခြားမှု မရှိသည့်ဆောင်ရွက်ချက်များသည် ဤအခန်း၏ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင် သက်ဆိုင်ခြင်း မရှိစေရ။

၅၅။ ပုဒ်မ ၅၂ ကို လိုက်နာကျင့်သုံးရာတွင် လုပ်ကိုင်ဆောင်ရွက်မှုများသည် အဆိုပါပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် သွယ်ဝိုက်၍ ရင်းနှီးမြှုပ်နှံမှု သိမ်းယူခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူက တင်ပြလာလျှင် အစိုးရအဖွဲ့သည် အောက်ဖော်ပြပါ အချက်အလက်များကို ထည့်သွင်းစဉ်းစား၍ ကိစ္စရပ်တစ်ခုချင်းအလိုက် စုံစမ်း စစ်ဆေးမှုပြုခြင်း၊ အချက်အလက်ကို စိစစ်ခြင်းတို့ကို ဆောင်ရွက်ရမည်

(က) ရင်းနှီးမြှုပ်နှံမှု၏ စီးပွားရေးတန်ဖိုးကို ကြီးမားပြင်းထန်စွာ ထိခိုက်နစ်နာစေရန် တမင်ဖန်တီး ရည်ရွယ်ဆောင်ရွက်ခြင်း ရှိ၊ မရှိ၊

() အစိုးရမှ ရင်းနှီးမြှုပ်နှံသူသို့ ယခင်စာဖြင့် ရေးသားထားသည့် ကတိကဝတ်များ၊ သဘောတူ စာချုပ်၊ လိုင်စင် သို့မဟုတ် အခြားတရားဝင် စာရွက်စာတမ်းများကို ချိုးဖောက်မှု ရှိ၊ မရှိ၊

() ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် အစိုးရအဖွဲ့၏ ရည်ရွယ်ချက်အပါအဝင် ၎င်း၏ လုပ်ဆောင်ချက်များသည် အများပြည်သူ အကျိုးစီးပွားနှင့် ကိုက်ညီမှု ရှိ၊ မရှိ။

အခန်း (၁၅)

ဘဏ္ဍာငွေများ လွှဲပြောင်းခြင်း

၅၆။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ဤဥပဒေအရ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်လျက် ရှိသည့် အောက်ပါဘဏ္ဍာငွေများကို ပြည်ပသို့ လွှဲပြောင်းနိုင်သည်

(က) မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် မတည်ရင်းနှီးငွေစာရင်း ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ထားသည့် မတည်ရင်းနှီးငွေများ၊

() ဤဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမှ ထွက်ပေါ်လာသော အကျိုးအမြတ်များ၊ အခြေပစ္စည်းမှ အမြတ်အစွန်းများ၊ အစုပေါ်အမြတ်များ၊ ခိုင်ကြေးများ၊ မူပိုင်ခများ၊ လိုင်စင်ကြေးများ၊ နည်းပညာအကူအညီထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများ၊ အစုရှယ်ယာနှင့် အခြားလက်ရှိဝင်ငွေများ၊

() ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ စုစုပေါင်း ရောင်းချမှု သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရောင်းချမှု သို့မဟုတ် လုပ်ငန်း တစ်ခုခု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှု စာရင်း ရှင်းလင်း ဖျက်သိမ်းခြင်းတို့မှ ထွက်ပေါ် လာသည့် အမြတ်အစွန်းများ၊

() ချေးငွေသဘောတူစာချုပ် အပါအဝင် ပဋိညာဉ်စာချုပ်အရ  ပေးချေရမည့်ငွေများ၊

() ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ၊

() ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပစ္စည်းသိမ်းယူခြင်းတို့မှ လျော်ကြေးအဖြစ် ရရှိသည့် ငွေကြေးများ၊ အခြား လျော်ကြေးငွေများ၊

() နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ ခန့်အပ်ထားသည့် နိုင်ငံခြားသား ကျွမ်းကျင်သူ ဝန်ထမ်းများ၏ လုပ်ခလစာနှင့် ဝင်ငွေ။

၅၇။ ချေးငွေလွှဲပြောင်းခြင်း သို့မဟုတ် ချေးငွေရယူခြင်းတို့နှင့် စပ်လျဉ်း၍ သတ်မှတ်စည်းမျဉ်းများ နှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် လွှဲပြောင်း သို့မဟုတ် ရယူရမည်။

၅၈။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် ဤဥပဒေအရ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ် လျက်ရှိသည့် အောက်ပါကိစ္စရပ်များတွင် နိုင်ငံတော်အတွင်းမှ ပြည်ပသို့ လွတ်လပ်စွာ ဖြင့် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ လွှဲပြောင်းနိုင်သည်

(က) ခိုင်ကြေးများ၊ လိုင်စင်ကြေးများ၊ နည်းပညာအကူအညီ ထောက်ပံ့မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများနှင့် မည်သည့်ပြင်ပအဖွဲ့အစည်းကိုမဆို ပေးရန်ရှိသည့် အတိုးငွေများ၊

() ချေးငွေသဘောတူစာချုပ်အပါအဝင် ပဋိညာဉ်စာချုပ်အရ ပေးချေရမည့်ငွေများနှင့် အာမခံလျော်ကြေးငွေများ၊

() စီရင်ချက်အမိန့်၊ အနုညာတ စီရင်ဆုံးဖြတ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ သူမှ ပေးရန်ရှိသည့် သဘောတူညီချက် အပါအဝင် အငြင်းပွားမှု ဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ။

၅၉။ ဘဏ္ဍာငွေလွှဲပြောင်းမှုများ အားလုံးသည် လွှဲပြောင်းမည့် ပမာဏအပေါ် မူတည်၍ သတ်မှတ် ထားသည့် အခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ အခွန်ထမ်းဆောင်ပြီးမှသာ လွှဲပြောင်းရမည်။

၆၀။ တရားဝင်ခွင့်ပြုမိန့်ဖြင့် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ကျွမ်းကျင်သူ ဝန်ထမ်းများသည် ဝင်ငွေခွန် ဥပဒေအရ ပြဋ္ဌာန်းထားသည့် အခွန်ထမ်းဆောင်မှုဆိုင်ရာ ဝတ္တရားများအရ လွှဲပြောင်းမည့် ငွေကြေးပမာဏအပေါ် မူတည်၍ အခွန်အခများ ပေးဆောင်ပြီးသောငွေကို မည်သည့် နုတ်ယူခြင်းမျှမရှိဘဲ နိုင်ငံတော်အတွင်းရှိ နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှတစ်ဆင့် ငွေလွှဲနိုင်သည်။

၆၁။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၅၆ တွင် ဖော်ပြထားသည့် ဘဏ္ဍာငွေများ လွှဲပြောင်းခြင်း ပြုလုပ်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၏ ငွေလုံးငွေရင်းစာရင်း သို့မဟုတ် သာမန်စာရင်းတွင် အကျုံးဝင်သည့် ငွေများကို နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှတစ်ဆင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ လွတ်လပ်စွာ သုံးစွဲနိုင်သည့် ငွေကြေးဖြင့် လွှဲပြောင်းနိုင်သည်။

၆၂။ အစိုးရအဖွဲ့သည် အောက်ပါအခြေအနေ တစ်ရပ်ရပ်နှင့်ဆက်စပ်သော နိုင်ငံခြားငွေလွှဲပြောင်းမှုကို ဟန့်တားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းပြုနိုင်သည်

(က) လူမွဲစာရင်းခံခြင်း သို့မဟုတ် မြီရှင်များ၏ အခွင့်အရေးများကို ကာကွယ်ရန် လိုအပ်သည့် အခြေအနေ၊

() ပြစ်မှု သို့မဟုတ် ပြစ်မှုမကင်းသည့် နည်းလမ်းဖြင့်ရရှိသည့် ငွေများအား တရားဝင်ငွေ အဖြစ် လွှဲပြောင်းသည့် အခြေအနေ၊

() ငွေကြေးဆိုင်ရာ အစီရင်ခံခြင်း သို့မဟုတ် လွှဲပြောင်းမှုဆိုင်ရာ မှတ်တမ်းများအား ဥပဒေကြောင်းအရ အတည်ပြုရန် သို့မဟုတ် ငွေကြေးအာဏာပိုင် အဖွဲ့အစည်းများကို ပံ့ပိုးကူညီရန် လိုအပ်သည့်အခြေအနေ၊

() တရားစီရင်ရေး သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် အမိန့်များ သို့မဟုတ် စီရင်ချက်များနှင့်အညီဆောင်ရွက်ရမည့် အခြေအနေ၊

() အခွန်ကိစ္စရပ်များ၊

() လူမှုဖူလုံရေး ဝန်ထမ်းများ၏ အငြိမ်းစားယူမှု သို့မဟုတ် မဖြစ်မနေ ငွေစုဆောင်းရေး အစီအစဉ်များ၊

() အလုပ်သမားများ၏ရပိုင်ခွင့်များ နစ်နာဆုံးရှုံးရသည့်အခြေအနေ။

၆၃။ အစိုးရအဖွဲ့သည် နိုင်ငံတော်အတွင်း၌ ရင်းနှီးမြှုပ်နှံသူနှင့် ယင်း၏ ရင်းနှီးမြှုပ်နှံမှုအတွက် အသုံးပြုရန် လိုအပ်သည့် မတည်ငွေရင်း သို့မဟုတ် အသုံးစရိတ်များနှင့် နိုင်ငံခြားချေးငွေများကို တည်ဆဲဥပဒေနှင့် အညီ ပြည်ပမှ ငွေလွှဲပြောင်း ရယူခွင့်ပြုသည်။

၆၄။ ပြည်ပငွေပေးငွေယူခြင်းဆိုင်ရာ သို့မဟုတ် ပြည်ပငွေကြေး အခက်အခဲများ ဆိုးရွားစွာ ဖြစ်ပေါ် နေသည့် အခြေအနေတွင် အစိုးရအဖွဲ့သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတော်၏ အခြားနိုင်ငံတကာ ကတိကဝတ် များနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် ငွေပေးချေမှု သို့မဟုတ် လွှဲပြောင်းပေးမှုဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ်နိုင်သည် သို့မဟုတ် ထိန်းသိမ်းနိုင်သည်။

အခန်း(၁၆)

ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ

၆၅။ ရင်းနှီးမြှုပ်နှံသူသည်

(က) နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ရိုးရာ ယဉ်ကျေးမှုတို့ကို လေးစားလိုက်နာရမည်။

() ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန်အတွက် ကုမ္ပဏီ သို့မဟုတ် တစ်ဦးတည်းပိုင် သို့မဟုတ် တရားဝင်စီးပွားရေး အဖွဲ့အစည်းများ သို့မဟုတ် အဆိုပါတရားဝင်စီးပွားရေး အဖွဲ့အစည်း ရုံးခွဲများကို ဥပဒေနှင့်အညီ ဖွဲ့စည်း တည်ထောင်၍ မှတ်ပုံတင်ရမည်။

() တည်ဆဲဥပဒေများနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာ စာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့် အခွန်ဆိုင်ရာ တာဝန်ရှိမှု အပါအဝင် ၎င်းတို့အား ထုတ်ပေးထား သော အထူးပြုလိုင်စင်၊ ခွင့်ပြုမိန့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ် များတွင် ပါဝင်သည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

() လုပ်ငန်းသဘာဝအရဖြစ်စေ၊ အခြားလိုအပ်ချက်အရဖြစ်စေ သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရဌာနနှင့် အဖွဲ့အစည်းများမှ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် ရယူရန် လိုအပ်လျှင် ဖြစ်စေ၊ မှတ်ပုံတင်ရန် လိုအပ်လျှင်ဖြစ်စေ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရမည်။

() မိမိငှားရမ်းခွင့်ရရှိထားသော သို့မဟုတ် အသုံးပြုခွင့်ရရှိထားသော မြေ၏ မြေပေါ် မြေအောက်တွင် ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်မှုမရှိသော၊ မူလသဘောတူ စာချုပ်တွင် မပါဝင်သော သဘာဝ တွင်းထွက်ပစ္စည်းများ သို့မဟုတ် ရှေးဟောင်းပစ္စည်း များနှင့် ရတနာသိုက် အစရှိသည်တို့ကို တွေ့ရှိပါက ကော်မရှင်ထံသို့ ချက်ချင်း သတင်းပေး အကြောင်းကြားရမည်။ ကော်မရှင်ကခွင့်ပြုလျှင် ယင်းမြေပေါ်၌ ဆက်လက် လုပ်ကိုင်နိုင်ပြီး ခွင့်မပြုလျှင် ရင်းနှီးမြှုပ်နှံသူက ရွေးချယ်တင်ပြသည့် နေရာတစ်ခုအား အစားထိုး ခွင့်ပြုချက်ရယူ၍ ပြောင်းရွှေ့ဆောင်ရွက်ရမည်။

() မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏ သဘာဝ မြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့် အနေအထားအား သိသာထင်ရှားစွာ ပြောင်းလဲမှုကို ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရ။

() မိမိ၏ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့် နိုင်ငံတကာတွင် ကျင့်သုံးသည့် အကောင်းဆုံး စံချိန်စံညွှန်းများနှင့်အညီ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ နစ်နာမှုမဖြစ်စေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက် ပျက်စီးမှု မဖြစ်ပေါ်စေရန် လိုက်နာဆောင်ရွက် ရမည်။

() ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင် သည့် လုပ်ငန်း ဆိုင်ရာ စာရင်းဇယားများ၊ နှစ်ပတ်လည် ငွေစာရင်းများနှင့် လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာနှင့် ပြည်တွင်းအသိအမှတ်ပြု စာရင်းကိုင် စံနှုန်းများနှင့်အညီ ကောင်းမွန်စွာ ပြုစုမှတ်တမ်းတင် ထားရှိရမည်။

() အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအပြီး ပိတ်သိမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရပ်ဆိုင်းခြင်း၊ လုပ်သား အင်အား လျှော့ချခြင်းတို့အတွက် အလုပ်သမားများအား တည်ဆဲဥပဒေများနှင့်အညီ နစ်နာကြေးပေးပြီးမှသာ ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်း ပိတ်သိမ်းရမည်။

() ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု ယာယီပိတ်သိမ်းရပါက ပိတ်သိမ်းထား ရသည့် ကာလ အတွင်း အလုပ်သမားများအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြား ချက်များ၊ လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့်အညီ လုပ်ခ၊ လစာပေးရမည်။

() အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းဆုံးရှုံးမှု၊ ရောဂါ ရရှိမှု၊ သေဆုံးမှုတို့ ဖြစ်ပွားသော အလုပ်သမားများအတွက် သက်ဆိုင်ရာ အလုပ်သမား သို့မဟုတ် အမွေဆက်ခံခွင့်ရှိသူအား တည်ဆဲ ဥပဒေနှင့်အညီ ရထိုက်သည့် နစ်နာကြေးနှင့် လျော်ကြေးကို ပေးရမည်။

() မိမိ၏ရင်းနှီးမြှုပ်နှံမှုတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ကျွမ်းကျင် ပညာရှင်များနှင့် ကြီးကြပ်သူများ၊ မိသားစုဝင်များသည် တည်ဆဲဥပဒေများ၊ နည်း ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစား လိုက်နာရန် ကြပ်မတ်ရမည်။

() အလုပ်သမားရေးရာ ဥပဒေများကို လေးစားလိုက်နာရမည်။

() ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိရမည်။

() ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်ချက် အရ ဆောင်ရွက်ခြင်းမှတစ်ပါး ရင်းနှီးမြှုပ်နှံမှုနှင့် မသက်ဆိုင်သော သစ်တောများ ခုတ်ထွင်ခြင်း၊ သဘာဝသယံဇာတ များ တူးဖော်ခြင်းစသည့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေခြင်းနှင့် လူမှုစီးပွားအပေါ် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါက အဆိုပါ ဆုံးရှုံးနစ်နာမှု အတွက် ထိရောက်သည့် လျော်ကြေးကို နစ်နာသူထံသို့ ပေးလျော်ရမည်။

() ကော်မရှင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စစ်ဆေးကြည့်ရှုရန် ကြိုတင်အကြောင်းကြား လာပါက မည်သည့်နေရာကိုမဆို ဝင်ရောက်စစ်ဆေးရန် ခွင့်ပြုပေးရမည်။

() သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ သည် ဆန်းစစ်ခြင်းများ မလုပ်ဆောင်မီ ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ကို ဦးစွာရယူရမည်။ ဤသို့ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရယူထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် ၎င်းတို့ လုပ်ငန်းဆောင်ရွက်နေသည့် ကာလတစ်လျှောက်လုံး လိုအပ်သည့် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ချက်များ ဆောင်ရွက်မှု  အခြေအနေများကို ကော်မရှင်သို့ တင်ပြရမည်။

၆၆။ ကော်မရှင်သည် ပုဒ်မ ၆၅၊ ပုဒ်မခွဲ () ပါ ဆန်းစစ်ချက်အပေါ် မူတည်၍ အဆိုပါ ရင်းနှီးမြှုပ်နှံမှု များအား ဆက်လက် ဆောင်ရွက်စေခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းအပါအဝင် လိုအပ်သည်များ စီမံဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။

၆၇။ ရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၆၅ တွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့် တာဝန်ရှိမှု အားလုံးကို ဤဥပဒေအာဏာ သက်ဝင်သည့်နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည်။

၆၈။ ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုကာလမကုန်ဆုံးမီ ရင်းနှီးမြှုပ်နှံမှုရပ်စဲပါက ၎င်း၏ ရင်းနှီးမြှုပ်နှံမှု အတွက် အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်မျိုးစလုံး တို့ဖြင့် ပြည်ပမှတင်သွင်းခဲ့သော စက်ယန္တရားများ၊ ပစ္စည်း ကိရိယာများ၊ မော်တော်ယာဉ်များနှင့် ပြည်ပမှ တင်သွင်းခဲ့သည့် ပစ္စည်းများ အားလုံးရောင်းချခြင်း၊ ပြန်လည်တင်ပို့ခြင်း၊ စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်ရာတွင် ကော်မရှင်၏ ခွင့်ပြုချက်နှင့်အညီ တင်သွင်းစဉ်က ခံစားခဲ့သော အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်မျိုးစလုံးကို ပြန်လည်ပေးဆောင်ပြီးမှသာ ဆောင်ရွက်ရမည်။

၆၉။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်မှ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိပြီးမှသာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းများနှင့် လိုအပ်သည့် ပဋိညာဉ်စာချုပ်များအား ချုပ်ဆိုခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများအား ဆောင်ရွက်ခွင့်ရှိသည်။

၇၀။ ပုဒ်မ ၆၉ တွင် ဖော်ပြထားသည့် ပဋိညာဉ်စာချုပ်များ သက်တမ်းတိုးမြှင့်ခြင်း၊ ပြင်ဆင်ခြင်း တို့အတွက် ကော်မရှင်၏ ခွင့်ပြုချက်ရယူရမည်။

၇၁။ ရင်းနှီးမြှုပ်နှံသူသည် ၎င်း၏ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစား အလိုက် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျန်းမာရေးဆိုင်ရာ ဆန်းစစ်ချက်၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုဆန်းစစ်ချက်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်တို့ကို ဆောင်ရွက်ရမည်။

၇၂။ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရယူထားသော ရင်းနှီးမြှုပ်နှံမှုအား လုပ်ငန်းသက်တမ်း ကာလအတွင်း အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစုရှယ်ယာ လွှဲပြောင်းခြင်း၊ လုပ်ငန်း လွှဲပြောင်းခြင်းတို့ကို ကော်မရှင်သို့ အသိပေးတင်ပြရမည်။

အခန်း(၁၇)

အာမခံထားရှိခြင်း

၇၃။ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံလုပ်ငန်း တစ်ခုခုတွင် နည်းဥပဒေ၌ ဖော်ပြသတ်မှတ်ထားသော အာမခံအမျိုးအစားများကို အာမခံထား ရှိရမည်။

အခန်း(၁၈)

ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ

၇၄။ ကော်မရှင်သည် နိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်စေခြင်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေး အတွက်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် လည်းကောင်း အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ရပ်ထက်ပို၍ဖြစ်စေ ခံစားခွင့်ပြုရန် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် စိစစ်၍ ခွင့်ပြုပေးနိုင်သည်။

၇၅။ (က) ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများအား ဇုန် () အဖြစ် လည်းကောင်း၊ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသောဒေသများအား ဇုန် () အဖြစ် လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသော ဒေသများအား ဇုန် () အဖြစ်လည်းကောင်း၊ အစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ကာ ဇုန် () အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သော နှစ်အပါအဝင် တစ်ဆက်တည်း နှစ်အထိလည်းကောင်း၊ ဇုန် () အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သော နှစ် အပါအဝင် တစ်ဆက်တည်း နှစ် အထိလည်းကောင်း၊ ဇုန် () အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း နှစ် အထိလည်းကောင်း ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုနိုင်သည်။

() အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်သည် ဇုန်သတ်မှတ်ခြင်းကို သက်ဆိုင်ရာ ဒေသများ၏ ဖွံ့ဖြိုး တိုးတက်မှုအပေါ် မူတည်၍ အခါအားလျော်စွာ လိုအပ်သလို ပြောင်းလဲ သတ်မှတ်နိုင်သည်။

() ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ရန် ကော်မရှင်က အမိန့် ကြော်ငြာစာ ထုတ်ပြန် ထားသည့် ကဏ္ဍများအတွက်သာ ခွင့်ပြုရမည်။

၇၆။ အခန်း (၁၁) ပါ ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း ပြဋ္ဌာန်းချက်များအပြင် အစိုးရ အဖွဲ့သည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် နိုင်ငံသားပိုင် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအား အထောက်အပံ့ များ၊ ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများ၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်း တို့ကို ဆောင်ရွက်နိုင်သည်။ ထို့အပြင် မြန်မာ နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်နေသည့် နေရာ သို့မဟုတ် စီးပွားရေး လုပ်ငန်း အမျိုးအစားများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များတွင် ကင်းလွတ်ခွင့် နှင့် သက်သာခွင့်များကို ခွင့်ပြုပေးနိုင်သည်။

၇၇။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက တင်ပြလျှောက်ထားလာလျှင် အောက်ပါအကောက်ခွန်နှင့် အခြား ပြည်တွင်းအခွန်အကောက်များ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ကို စိစစ်ခွင့်ပြု ပေးနိုင်သည်

(က) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှုကာလ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှု ကာလအတွင်း အမှန်တကယ်လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောက်ရေးပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်းအခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

() ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ပို့ကုန်ထုတ်လုပ်ရန် အတွက် တင်သွင်းသော ကုန်ကြမ်းပစ္စည်းများ၊ တစ်ပိုင်းတစ်စ ထုတ်လုပ်ပြီးသော ကုန်ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

() ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ပစ္စည်းထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခဲ့လျှင် တင်ပို့သည့်ကုန်ပစ္စည်း ပမာဏအတွက် ပြည်ပမှ တင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများ နှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများအပေါ်တွင် ကောက်ခံခဲ့သော အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံး ကို ဖြစ်စေ ပြန်လည် ထုတ်ပေးခွင့်၊

() ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပမာဏတိုးမြှင့်ပြီး မူလရင်းနှီးမြှုပ်နှံသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့လုပ်ကိုင် ပါက ယင်းသို့တိုးချဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင်တန်ဆာ ပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောက်ရေး ပစ္စည်းများအပေါ်တွင် အကောက်ခွန် ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။

၇၈။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် အောက်ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို လိုအပ်သလို စိစစ်ခွင့်ပြုနိုင်သည်

(က) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှ ရရှိသည့် အမြတ်ငွေကို အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် ဖြစ်စေ၊ ၎င်း၏ အခြားအမျိုးအစားတူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင်ဖြစ်စေ တစ်နှစ်အတွင်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေ အပေါ်တွင် ဝင်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

() ဝင်ငွေခွန်စည်းကြပ်ရန် အလို့ငှာ စက်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက်အအုံ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံး အခြား မတည်ပစ္စည်းများအပေါ်တွင် သတ်မှတ်အချိန်ကာလ ထက် လျော့နည်းသော ပစ္စည်း တန်ဖိုးလျှော့တွက်နှုန်းထားဖြင့် စီးပွားဖြစ် စတင်သောနှစ်မှ စတင်၍ တွက်ချက်ခံစားခွင့်၊

() နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အမှန်တကယ်လိုအပ်၍ နိုင်ငံတော်အတွင်း ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ကုန်ကျစရိတ်ကို အခွန် စည်းကြပ်ထိုက်သော ဝင်ငွေမှနုတ်ပယ်ခွင့်။

၇၉။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ဝင်ငွေအပေါ်တွင်ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန်နှုန်းထားများအတိုင်းဝင်ငွေခွန်ပေးဆောင်ရမည်။

၈၀။ ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ တွင် ပြဋ္ဌာန်းထားသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များမှအပ အခြားအခွန်ဆိုင်ရာ ကိစ္စရပ်များအား သက်ဆိုင်ရာအခွန်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

၈၁။ ပုဒ်မ ၇၅၊ ၇၇၊ ၇၈ နှင့် ၈၀ တို့ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင် နေသော စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်ခြင်း မရှိစေရ။

အခန်း(၁၉)

အငြင်းပွားမှုဖြေရှင်းခြင်း

၈၂။ ဤဥပဒေကိုထိရောက်စွာ အကောင်အထည်ဖော်ရာတွင် ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဿနာရပ် များအား တရားဝင်အငြင်းပွားမှု အဆင့်သို့ မရောက်ရှိမီ ဖြေရှင်းနိုင်ရန်၊ အငြင်းပွားမှု ဖြစ်ပွားခြင်းမှ ကာကွယ်ရန် နှင့်သက်ဆိုင်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် နစ်နာမှုဖြေရှင်းသည့် နည်းလမ်းတစ်ရပ်ကို စီမံချမှတ်ရမည်။

၈၃။ ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အကြား သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ အချင်းချင်းအကြား ဖြစ်ပွားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို တရားရုံး သို့မဟုတ် အနုညာတခုံရုံးတို့တွင် တရား မစွဲဆိုမီ အငြင်းပွားသူများသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ထိုက်သင့်သည့် ကြိုးပမ်းမှုများကို အသုံးပြုရမည်။

၈၄။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်း၍ ပြေလည်မှု မရရှိပါက

(က) သက်ဆိုင်ရာ စာချုပ်တွင် အငြင်းပွားမှုဖြေရှင်းနည်း သတ်မှတ်ထားခြင်းမရှိလျှင် စီရင်ပိုင်ခွင့် ရှိသော တရားရုံး သို့မဟုတ် အနုညာတ ခုံရုံး၌ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

() သက်ဆိုင်ရာစာချုပ်တွင် အငြင်းပွားမှုဖြေရှင်းနည်း သတ်မှတ်ထားခြင်းရှိလျှင် ယင်း သတ်မှတ်ထားသည့် ဖြေရှင်းနည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

အခန်း (၂၀)

စီမံခန့်ခွဲရေးပြစ်ဒဏ်

၈၅။ ကော်မရှင်သည်

(က) ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် သည့် သို့မဟုတ် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့် ရင်းနှီး မြှုပ်နှံသူအပေါ်တွင် အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ သို့မဟုတ် တစ်ရပ်ထက် ပိုသော ပြစ်ဒဏ်များကိုဖြစ်စေ ချမှတ်နိုင်သည်

() သတိပေးခြင်း၊

() လုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်း၊

() အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ယာယီရပ်ဆိုင်းခြင်း၊

() ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊

() နောင်တွင်မည်သည့်ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်မျှ ထုတ်ပေးမည် မဟုတ်သော နာမည်ပျက် စီးပွားရေး လုပ်ငန်း စာရင်း၌ ထည့်သွင်းခြင်း။

() ပုဒ်မခွဲ (က) အရ စီမံခန့်ခွဲမှုပြစ်ဒဏ် မချမှတ်မီ စီမံခန့်ခွဲမှုပြစ်ဒဏ်နှင့် စပ်လျဉ်းသည့် ကြိုတင်အကြောင်းကြား စာကို ရင်းနှီးမြှုပ်နှံသူထံသို့ အကြောင်းကြားရမည်။ ရင်းနှီး မြှုပ်နှံသူသည် ၎င်းအပေါ်ချမှတ်မည့် စီမံခန့်ခွဲမှု ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ စာဖြင့် ရေးသား မေးမြန်းဖြေရှင်းနိုင်ခွင့် ရှိရမည်။

() ပုဒ်မခွဲ (က) အရ စီမံခန့်ခွဲမှုပြစ်ဒဏ်ချမှတ်ရာတွင် ထိုသို့ ချမှတ်ရသည့် အကြောင်းအရင်း ကို ယင်းချမှတ်သည့် ဆုံးဖြတ်ချက်နှင့်အတူဖော်ပြပေးရမည်။

၈၆။ (က) ကော်မရှင်က ပုဒ်မ ၈၅ အရ ချမှတ်သည့် ဆုံးဖြတ်ချက် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိသည့် ရင်းနှီးမြှုပ်နှံသူသည် အစိုးရအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း အယူခံလျှောက်ထားနိုင်သည်။

() အစိုးရအဖွဲ့သည် ကော်မရှင်က ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အတည်ပြုခြင်း ပြုနိုင်သည်။

() အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

၈၇။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ ပြုစုတင်ပြသော အဆိုပြုချက်၊ စာရင်းဇယားများ၊ စာချုပ်စာတမ်း အထောက်အထားများ၊ ငွေရေးကြေးရေး၊ အလုပ်သမား ခန့်ထားရေးဆိုင်ရာ အထောက်အထားများ စသည်တို့ကို မရိုးမဖြောင့်သော သဘောဖြင့် မမှန်ဖော်ပြကြောင်း သို့မဟုတ် ထိမ်ချန်ကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် ပြစ်မှုကြောင်းအရ အရေးယူခြင်းခံရမည်။

၈၈။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၄၁ ပါ တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ခြင်း အပါအဝင် ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်လျှင် ဤဥပဒေအရ အရေးယူမည့်အပြင် လိုအပ်ပါက တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ အရေးယူခြင်းခံရမည်။

အခန်း(၂၁)

ခြွင်းချက်ပြုရမည့် အချက်များ

၈၉။ ဤဥပဒေပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ အစိုးရအဖွဲ့၏ ဆင်ခြင်တုံတရားဖြင့် ချမှတ်ထားသော သို့မဟုတ် ထိန်းသိမ်းထားသော မျှတမှုရှိသည့် အောက်ပါ ဆောင်ရွက်ချက်များကို တားမြစ် သည်ဟု မှတ်ယူခြင်းမပြုရ

(က) ပြည်သူ့ကိုယ်ကျင့်တရား ကာကွယ်ရန် သို့မဟုတ် အများပြည်သူ အကျိုးငှာ ထိန်းသိမ်းရန် လိုအပ်ချက်၊

() လူသား၊ တိရစ္ဆာန် သို့မဟုတ် အပင်များ၏ သက်တမ်း သို့မဟုတ် ကျန်းမာရေး ကာကွယ်ရန် လိုအပ်ချက်၊

() ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်တွင် ငွေကြေးအပ်နှံသူများ၊ ငွေကြေးစျေးကွက်တွင် ပါဝင် ဆောင်ရွက်သူများ၊ အာမခံထားရှိသူများ၊ အာမခံတောင်းသူများ သို့မဟုတ် ယုံမှတ် အပ်နှံမှုတာဝန်ရှိသည့် ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုက ၎င်းမှတာဝန်ရှိသည့် လူပုဂ္ဂိုလ် များကို ကာကွယ်ခြင်း၊

() ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ လုံခြုံမှု၊ ရပ်တည်နိုင်မှု၊ တည်မြဲမှုနှင့် တည်ငြိမ်မှုကို အာမခံခြင်း၊

() နိုင်ငံတော်၏ ဘဏ္ဍာရေးစနစ် တည်တံ့ခိုင်မြဲမှုနှင့် တည်ငြိမ်မှုကို အာမခံခြင်း၊

() ရင်းနှီးမြှုပ်နှံသူနှင့်ပတ်သက်၍ မျှတ၍ ထိရောက်မှုရှိသောစည်းကြပ်ခြင်း သို့မဟုတ် တိုက်ရိုက်အခွန်များ ကောက်ခံခြင်းအား သေချာစေရန် ရည်ရွယ်ခြင်း၊

() အနုပညာဆိုင်ရာ၊ သမိုင်းဆိုင်ရာ သို့မဟုတ် ရှေးဟောင်းတန်ဖိုးရှိသော အမျိုးသား အမွေအနှစ်ရတနာများ ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်း၊

() ပြည်တွင်း၌ ထုတ်လုပ်မှု သို့မဟုတ် သုံးစွဲမှုများကြောင့် ထိခိုက်မှုဖြစ်စေပါက ယင်းသို့ မဖြစ်စေရန် သဘာဝသယံဇာတများအား ထိန်းသိမ်းရန် ဆောင်ရွက်ခြင်း။

အခန်း (၂၂)

လုံခြုံရေးဆိုင်ရာကင်းလွတ်ခွင့်များ

၉၀။ (က) ဤဥပဒေပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ အစိုးရအဖွဲ့က လုံခြုံရေးအလို့ငှာ လိုအပ်သော ဆောင်ရွက် ချက်များ ပြုလုပ်ခြင်းကို တားမြစ်သည်ဟု မမှတ်ယူရ။

() ဤဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များသည် အစိုးရအဖွဲ့က နိုင်ငံတော်၏ အရေးပါသော လုံခြုံရေးကိစ္စကို ကာကွယ်ရန်အတွက် လိုအပ်သည်ဟု ယူဆရသည့် အောက်ဖော်ပြပါ ဆောင်ရွက်ချက် တစ်စုံတစ်ရာ လုပ်ဆောင် ခြင်းကို တားဆီးခြင်း မရှိစေရ

() တပ်မတော် သို့မဟုတ် အခြားလုံခြုံရေးအဖွဲ့အား လက်နက်၊ ခဲယမ်းမီးကျောက် နှင့် စစ်လက်နက်ကိရိယာ၊ တန်ဆာပလာများ ထောက်ပံ့ရန်အတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆောင်ရွက်သော ဆောင်ရွက်ချက်များ၊

() နိုင်ငံတကာ ဆက်ဆံရေးတွင် စစ်ဖြစ်ပွားခြင်းနှင့် အခြားအရေးပေါ် အခြေအနေ များအရ လိုအပ်သလို ဆောင်ရွက်ခြင်း။

အခန်း (၂၃)

အထွေထွေ

၉၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် နိုင်ငံတော်က အတည်ပြု လက်ခံထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ အချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်ကွဲလွဲ ပါက ထိုဆန့်ကျင်သည့် ပြဋ္ဌာန်း ချက်အတွက် အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘော တူညီချက်ပါ အချက်များကို လိုက်နာရမည်။

၉၂။ ဤဥပဒေပြဋ္ဌာန်းပြီးနောက် လိုအပ်သော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းခြင်း မပြုနိုင်သေးမီကာလအတွင်း ဤဥပဒေနှင့် မဆန့်ကျင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁/၂၀၁၂) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများကို ဆက်လက် ကျင့်သုံးနိုင်သည်။

၉၃။ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၁၀/ ၁၉၈၈) သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁။) သို့မဟုတ် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈။) တို့ကို အခြေခံ၍ ကော်မရှင်က ပေးအပ်ထားသည့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်သည် အဆိုပါ ခွင့်ပြုမိန့်၏ သတ်မှတ် သက်တမ်းကုန်ဆုံးသည့် အချိန်အထိ ဆက်လက် အကျိုးသက်ရောက်စေရမည်။

၉၄။ အခြားဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့် အညီသာ ဆောင်ရွက်ရမည်။

၉၅။ ဤဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း သက်သေ အထောက်အထားခိုင်လုံသည့် ကိစ္စတစ်ရပ်ရပ်အတွက် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးကို ဖြစ်စေ၊ ကော်မတီ သို့မဟုတ် အဖွဲ့ငယ်၏ အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးဦးကို ဖြစ်စေ တရားမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့် သော်လည်းကောင်း တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။

၉၆။ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများသည် ဤဥပဒေအရ လုပ်ငန်းတာဝန်များကို ထမ်းဆောင် ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည်။

၉၇။ ကော်မရှင်အဖွဲ့ဝင်များသည် မိမိရရှိထားသည့် သတင်းအချက်အလက်များကို ဤဥပဒေပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန် ကိစ္စများမှတစ်ပါး အခြားကိစ္စရပ်များတွင် အသုံးမပြုရ။

၉၈။ ပုဒ်မ ၈၅ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ အယူခံခြင်းမှတစ်ပါး ဤဥပဒေအရ အပ်နှင်းသော လုပ်ပိုင်ခွင့်နှင့်အညီ ကော်မရှင်က ချမှတ်သော အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်သည်။

၉၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည်

(က) ကော်မရှင်၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်။

() ကော်မရှင်၏ ကုန်ကျစရိတ်များကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျခံ ရမည်။

၁၀၀။ ဤဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်

(က) ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ကို ထုတ်ပြန်နိုင်သည်။

() ကော်မရှင်သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၁၀၁။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၁။) နှင့် မြန်မာနိုင်ငံ သားများရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈။) တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ရုပ်သိမ်းလိုက် သော်လည်း ယင်းဥပဒေအရ တည်ထောင် ထားရှိသည့် ကော်မရှင်သည် ဤဥပဒေအရ ဆက်ခံမည့် ကော်မရှင်အား တာဝန်ဝတ္တရားများ လွှဲအပ်ပေးသည့်နေ့ အထိ လုပ်ငန်းများကို ဆောင်ရွက်ခွင့် ရှိစေရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်                                             

နိုင်ငံတော်သမ္မတ                                          

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။