မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၇)

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၉ ။)

၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်

(၂၀၁၇ ခုနစ်၊ သြဂုတ်လ ၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (၂၀၁၇) ဟု ခေါ်တွင် စေရမည်။

၂။ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃-က တွင်-

(က) ပုဒ်မခွဲ (၁) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(1) Notwithstanding anything contained in any other laws except the Nay Pyi Taw Development Law, in the case of instruments (conveyance, gift and mortgage-deed) affecting immovable property situated wheresoever in the whole of the Republic of the Union of Myanmar, proper stamp duties charged by Articles 23, 33 and 40 (a) respectively of Schedule I annexed to this Act shall be increased by an additional stamp duty of 2 per centum for a consideration equal to the market-value of the property so situated.”

( ခ ) ပုဒ်မခွဲ (၂) တွင်ပါရှိသော “The Ministry of Finance of the Union Government”ဆိုသည့် စကားရပ်ကို “The Ministry of Planning and Finance of the Union Government”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “to the Township Development Funds” ဆိုသည့်စကားရပ်ကို”to the respective Region or State Funds” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည် ။

၃။ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား ၁၊ အမှတ်စဉ် (၁၅) တွင်ပါသော “one and a half per centum” ဆိုသည့်စကားရပ်ကို “0.5 per centum” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အမှတ်စဉ် (၂၃) တွင်ပါရှိသော “Three per centum” ဆိုသည့်စကားရပ်ကို “Two per centum” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ အမှတ်စဉ် (၃၅) (ဂ) တွင်ပါရှိသော “kyat 600”ဆိုသည့် စကားရပ်ကို “kyat 300” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အမှတ်စဉ် (၆၂) တွင်ပါရှိသော “0.3 per centum” ဆိုသည့်စကားရပ်ကို “0.1 per centum” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်းအသီးသီးအစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။