အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုတတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၈။)

၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်

(၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုတတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) တွင်ပါရှိသော “အသက် ၇၀ နှစ်ထက်မကြီးသူ” ဆိုသည့်စကားရပ်ကို “အသက် ၇၅ နှစ်ထက်မကြီးသူ” ဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။