မြန်မာနိုင်ငံ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၃ ။)

၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာနိုင်ငံ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်(က) ဆေးပညာရပ် ဆိုသည်မှာ အနောက်တိုင်းနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်

ဆေးပညာရပ်၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာရပ်၊ သူနာပြုပညာရပ်၊ သားဖွားပညာရပ်၊ ဆေးဝါးပညာရပ်၊ ဆေးဘက်ဆိုင်ရာနည်းပညာရပ်၊ ပြည်သူ့ကျန်းမာရေးပညာရပ်နှင့်

အခြေခံကျန်းမာရေးဆိုင်ရာ ပညာရပ်များကို ဆိုသည်။ ။ ( ခ) လက်မှတ် ဆိုသည်မှာ ပုဒ်မ ၇ ပါ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် သင်တန်းကျောင်းက

အပ်နှင်းသော အသိအမှတ်ပြုလက်မှတ်ကို ဆိုသည်။ ယင်းစကားရပ်တွင် စဉ်ဆက်မပြတ်

ဆေးပညာသင်ကြားရေး (Continuing Medical Education) နှင့် စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (Continuing Professional

Development) များအတွက် ပေးအပ်သည့် လက်မှတ်များ မပါဝင်။ (ဂ) ကြီးကြပ်ရေးကော်မတီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံဆေးပညာရပ်

ဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ကြီးကြပ်ရေးကော်မတီကို ဆိုသည်။ (ဃ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက် ၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်(က) ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ အပ်နှင်းပိုင်ခွင့်ရှိသည့် တက္ကသိုလ်၊

ကောလိပ်နှင့် သင်တန်းကျောင်းများကို ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်နိုင်ရန်၊ (ခ) ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များအပ်နှင်းပိုင်ခွင့်ရှိသည့် တက္ကသိုလ်၊

ကောလိပ်နှင့် သင်တန်းကျောင်းများ၏ အရည်အသွေးကို ထိန်းသိမ်းနိုင်ရန်၊ (ဂ) ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များကို အပ်နှင်းပိုင်ခွင့်ရှိသည့်

တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများသည် နိုင်ငံတော်က ချမှတ်ထားသော

အမျိုးသားပညာရေးမူဝါဒ၊ ကျန်းမာရေးမူဝါဒများနှင့်အညီ ဖြစ်စေရန်၊ (ဃ) ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များကို အသုံးပြုရာတွင် ဥပဒေနှင့် အညီ ဖြစ်စေရန်။

အခန်း(၃) မြန်မာနိုင်ငံ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ကြီးကြပ်ရေးကော်မတီ၊ လုပ်ငန်း

ကော်မတီဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ ၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်(က) မြန်မာနိုင်ငံဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့်လက်မှတ်များ ကြီးကြပ်ရေး

ကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်(၁) ပြည်ထောင်စုဝန်ကြီး

ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (၂) ဒုတိယဝန်ကြီး

ဒုတိယ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ( ၃) အမြဲတမ်းအတွင်းဝန်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ( ၄) ညွှန်ကြားရေးမှူးချုပ်

ပြည်သူ့ကျန်းမာရေးကုသရေးဦးစီးဌာန ( ၅) ဥက္ကဋ္ဌ

အဖွဲ့ဝင် မြန်မာနိုင်ငံဆေးကောင်စီ ( ၆ ) ဥက္ကဋ္ဌ

မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ (၇) ဥက္ကဋ္ဌ

အဖွဲ့ဝင် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီ ( ၈) ဥက္ကဋ္ဌ

မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီအဖွဲ့ဝင်

( ၉) ပါမောက္ခချုပ် တစ်ဦးစီ

အဖွဲ့ဝင် ဆေးတက္ကသိုလ်များ (၁၀) ပါမောက္ခချုပ်

အဖွဲ့ဝင် တပ်မတော်ဆေးတက္ကသိုလ် (၁၁) ပါမောက္ခချုပ် တစ်ဦးစီ

အဖွဲ့ဝင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ (၁၂) ပါမောက္ခချုပ် တစ်ဦးစီ

အဖွဲ့ဝင် ဆေးဝါးတက္ကသိုလ်များ (၁၃) ပါမောက္ခချုပ် တစ်ဦးစီ

အဖွဲ့ဝင် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ (၁၄) ပါမောက္ခချုပ် တစ်ဦးစီ

အဖွဲ့ဝင် သူနာပြုတက္ကသိုလ်များ (၁၅) ပါမောက္ခချုပ်

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် (၁၆) ပါမောက္ခချုပ်

အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (၁၇) ပါမောက္ခချုပ်

အဖွဲ့ဝင် အခြေခံကျန်းမာရေးတက္ကသိုလ် (၁၈) ညွှန်ကြားရေးမှူးချုပ်

အတွင်းရေးမှူး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသော ကြီးကြပ်ရေးကော်မတီကို လိုအပ်ပါက ပြင်ဆင်

ဖွဲ့စည်းနိုင်သည်။ ၅။ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ အပ်နှင်းခြင်းနှင့်စပ်လျဉ်းသည့်

မူဝါဒများ ချမှတ်ခြင်း၊ ( ခ) လုပ်ငန်းကော်မတီနှင့် လိုအပ်သောအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ( ဂ) လုပ်ငန်းကော်မတီနှင့် အဖွဲ့ များ၏ ဆောင်ရွက်မှုများကို ကြီးကြပ်ခြင်း၊ (ဃ) ဤဥပဒေအရ ဆေးပညာရပ်ဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ အပ်နှင်းပိုင်ခွင့်ရှိသည့်

တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများကို အသိအမှတ်ပြုခြင်း၊ (င) သက်ဆိုင်ရာ ဆေးပညာရပ်အလိုက် ဖွင့်လှစ်ထားသော တက္ကသိုလ်၊ ကောလိပ်နှင့်

သင်တန်းကျောင်းများမှ အပ်နှင်းသော ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များသတ်မှတ်မှုကို

စိစစ်ခြင်း။ ၆။ (က) ကြီးကြပ်ရေးကော်မတီသည် လုပ်ငန်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်

(၁) ညွှန်ကြားရေးမှူးချုပ်

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (၂) ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ထမ်းရေးရာ)

အဖွဲ့ဝင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (၃) ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)

အဖွဲ့ဝင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (၄) ညွှန်ကြားရေးမှူး (သတင်းအချက်အလက်)

အဖွဲ့ဝင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (၅) ညွှန်ကြားရေးမှူး (သူနာပြု) ၊

အဖွဲ့ဝင် | ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) အတွင်းရေးမှူး

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (၇) ညွှန်ကြားရေးမှူး(လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု) တွဲဖက်

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အတွင်းရေးမှူး(၁) (၈) ညွှန်ကြားရေးမှူး (စည်းမျဉ်း၊ စည်းကမ်း/စစ်ဆေးရေး) တွဲဖက်

| ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အတွင်းရေးမှူး(၂) ( ခ) ကြီးကြပ်ရေးကော်မတီသည် ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီကို

လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ (ဂ) လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်

(၁) လိုအပ်သောအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ (၂) ဤဥပဒေအရ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ အပ်နှင်းပိုင်ခွင့်

ရှိသည့် တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများ၏ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ အပ်နှင်းမှုအခြေအနေကို – (ကက) စိစစ်၍ ကြီးကြပ်ရေးကော်မတီသို့ တင်ပြလမ်းညွှန်မှုခံယူခြင်း၊ ( ခခ ) လိုအပ်ပါက သက်ဆိုင်ရာပညာရှင်များ၏ အကြံဉာဏ်ကို ရယူညှိနှိုင်း

စိစစ်၍ ကြီးကြပ်ရေးကော်မတီသို့ တင်ပြလမ်းညွှန်မှုခံယူခြင်း။ (၃) ကြီးကြပ်ရေးကော်မတီက ပေးအပ်သော တာဝန်ကို ဆောင်ရွက်ခြင်း။ အခန်း(၄) ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များအပ်နှင်းပိုင်ခွင့်ရှိသည့် တက္ကသိုလ်၊

ကောလိပ်နှင့် သင်တန်းကျောင်းများ ၇။ အောက်ဖော်ပြပါ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများသည် သက်ဆိုင်ရာ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များကို အပ်နှင်းပိုင်ခွင့်ရှိသည်(က) ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေအရ တည်ထောင်ထားသော

တက္ကသိုလ်များ၊ ( ခ) ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့်

သင်တန်းကျောင်းများ၊ (ဂ) ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်သော ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများ။

| အခန်း(၅)

တားမြစ်ချက်၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ ၈။ မည်သူမျှ အောက်ပါပြုလုပ်မှုတစ်ခုခုကို မပြုရ(က) ပုဒ်မ ၇ ပါ အပ်နှင်းပိုင်ခွင့်ရှိသည့် တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများမှအပ

အခြားဌာန၊ အဖွဲ့ အစည်း သို့မဟုတ် ပုဂ္ဂိုလ်က ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့်

လက်မှတ်များကို အပ်နှင်းခြင်း၊ ( ခ) ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရာတွင် အားထုတ်ခြင်း သို့မဟုတ်

အားပေးကူညီခြင်း။ ၉။ မည်သူမျှ ပုဒ်မ ၇ ပါ အပ်နှင်းပိုင်ခွင့်ရှိသည့် တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများက အပ်နှင်းသည့် ဘွဲ့၊ ဒီပလိုမာ သို့မဟုတ် လက်မှတ်မရရှိဘဲ အဆိုပါဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာ၊ လက်မှတ်အခေါ်အဝေါ်များကို မိမိအမည်နှင့် ယှဉ်တွဲ၍ သုံးစွဲဖော်ပြခြင်း မပြုရ။ ၁၀။ မည်သူမဆို ပုဒ်မ ၈ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ၁၁။ မည်သူမဆို ပုဒ်မ ၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၂၅ သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ ထိ ငွေဒဏ်လည်း ချမှတ်ရမည်။ ။ ၁၂။ မည်သူမဆို ပုဒ်မ ၁၁ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက် ယင်းပြစ်မှုကို ထပ်မံဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ

ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိ ငွေဒဏ်လည်း ချမှတ်ရမည်။ အခန်း(၆)

အထွေထွေ ၁၃။ ဝန်ကြီးဌာနသည်

(က) ကြီးကြပ်ရေးကော်မတီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်။ ( ခ) နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့်စရိတ်ကို

မိမိဘဏ္ဍာရန်ပုံငွေမှ ကျခံရမည်။ ၁၄။ ဤဥပဒေ ပုဒ်မ ၁၁ ပါ ပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။ ၁၅။ ဤဥပဒေပါ ပြစ်မှုကို ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ဖြင့်သာ တရားစွဲဆိုရမည်။ ၁၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် – (က) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေ၊

စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။ ( ခ ) ဝန်ကြီးဌာနနှင့် ကြီးကြပ်ရေးကော်မတီတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်

နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ ၁၇။ The Burma Medical Degrees Act (India Act VI, 1916)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။