BUSINESS

စပိန်၏ခရီးသွားလာရေးစည်းမျဉ်းများနှင့် အခွင့်အရေး

Published on

စပိန်မှယူကေသို့ရောက်ရှိလာသည့် ခရီးသွားများအတွက်၁၄ရက်ကြာ စောင့်ကြပ်ကြည့်ရှုမည့်အစိုးရ၏အစီအစဉ်သည်အားလပ်ရက်ခရီးသွားကုမ္ပဏီများအနေဖြင့် “မသေချာမရေရာမှုများနှင့်ရှုပ်ထွေးမှုများ”ကို ဖြစ်ပေါ်စေသည်။တနင်္ဂနွေနေ့တွင်ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲနှစ်ခုအနက် ပထမဆုံးတစ်ခုမှာ စပိန်နိုင်ငံ၏မည်သည့်နေရာကမဆို ယူကေသို့လာရောက်သူအားလုံးအား၁၄ရက် ကြာ စောင့်ကြပ်ကြည့်ရှုခြင်းခံရမည်ဟု Department for Transport (DfT)က ကြေငြာလိုက်သည်။ထို့အပြင် စပိန်ပြည်မကြီးသို့ သွားရောက်ရမည့်အရေးမကြီးသည့် ခရီးစဉ်များအားရပ်နားရန် Foreign Office (FCO)က အကြံပေးထားသည်။သို့သော်Balearic and Canary Islandsများမပါဝင်ပေ။

FCOသည် Corona Virusနှင့်ပက်သက်၍ ယူကေခရီးသွားများအတွက် ကမ္ဘာတစ်ဝှမ်းရှိ အန္တရာယ်များသောနေရာများနှင့် ပြဿနာများကို သတိပေးရန်ကျယ်ပြန့်သောလုပ်ဆောင်ချက်အနေဖြင့် ဗိုင်းရပ်စ်သည်ယူကေခရီးသွားများအတွက်ခြိမ်းခြောက်မှုရှိမရှိဆန်း စစ်နေသည်။သို့သော် DfT၏ အကြံပေးချက်သည် အင်္ဂလန်နှင့်သက်ဆိုင်ပြီး ခရီးသွားများအတွက် သီးခြားရပ်တည်ခြင်းမရှိပဲပြန် လည်လာနိုင်သည့် နိုင်ငံများစာရင်းကိုပေးရန် ရည်ရွယ်ထားသည်။စကော့တလန်၊ ဝေလနယ်နှင့် မြောက်အိုင်ယာလန်ရှိ လွတ်လပ်သော အစိုးရအေဂျင်စီများသည် ၎င်းတို့၏ကိုယ်ပိုင်အမြင်များဖြင့် မတူညီသောလမ်းညွှန်ချက်များကို ပေးပိုင်ခွင့်ရှိကြသည်။သို့ရာတွင် စပိန်နိုင်ငံအား Quarantineအစီအစဉ်မှ ကင်းလွတ်သည့်နိုင်ငံများစာရင်းမှ ဖယ်ထုတ်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်