BUSINESS

Corona Virusကြောင့်Tui ခရီးသွားလုပ်ငန်းသည်စပိန်ပြည်မကြီးအားလပ်ရက်ခရီးစဉ်များအားဖျက်သိမ်း

Published on

ဗြိတိန်နိုင်ငံ၏အကြီးဆုံးသောခရီးသွားလုပ်ငန်းTuiသည်စပိန်ပြည်မကြီး၏အားလပ်ရက်ခရီးစဉ်အားလုံးကိုသြဂုတ်လ၉ရက်အထိဖျက်သိမ်းလိုက်သည်။စပိန်နိုင်ငံမှဗြိတိန်သို့လာရောက်သူများအတွက် အစိုးရမှ၁၄ ရက်ကြာQuarantineအစီအစဉ်ကိုပြဌာန်းပြီးသည့်နောက်ပြောင်းရွှေ့သွားခြင်းဖြစ်သည်။စီစဉ်ထားသည့်အတိုင်းတနင်္လာနေ့မှစ၍Balearicနှင့်Canary ကျွန်းများသို့သွားရောက်လည်ပတ်နိုင်ကြောင်းကုမ္ပဏီမှပြောကြားခဲ့သည်။Quarantineဆုံးဖြတ်ချက်သည်လေကြောင်းလုပ်ငန်းများအတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်ပြီးForeign and Commonwealth Office(FCO)မှ စပိန်ပြည်မသို့ မဖြစ်မနေသွားရန်လိုအပ်သောခရီးစဉ်များမှအပ ကျန်ခရီးစဉ်များအားရပ်နားရန် အကြံပြုခဲ့သည်။ စပိန်ပြည်မ၊ Canary ကျွန်းများနှင့် Majorca ၊ Ibiza စသည့် Balearic ကျွန်းများမှပြန်လာသူများသည် Quarantine အစီအမံများအား လိုက်နာရမည်ဖြစ်သည်။

ဇွန်လအစောပိုင်းတွင်ဗြိတိန်ခရီးသွားများအတွက်ကြိုတင်ပြင်ဆင်မှုကိုစတင်ခဲ့သော်လည်း လေကြောင်းလိုင်းနှင့်ခရီးသွားလာရေးလုပ်ငန်းများ၏ဖိအားများကြောင့်အစိုးရနှင့်အစိုးရအာဏာပိုင်များသည်စည်းမျဉ်းမှကင်းလွတ်သည့်နိုင်ငံများစာရင်းကိုထုတ်ပြန်ခဲ့သည်။သောကြာနေ့တွင်ပေးပို့သောသတင်းအရစပိန်တွင် Corona ဗိုင်းရပ်စ်ကူးစက်မှုအသစ် ၉၀၀ ကျော်တွေ့ရှိသဖြင့် ဤစာရင်းမှ စပိန်နိုင်ငံအားပယ်ဖျက်ပေးရန် စနေနေ့ကကြေငြာခဲ့သည်။အဓိကမြို့ကြီးများတွင်ဖြစ်ပွားမှုများမြင့်တက်လာသည်နှင့်အမျှဒုတိယလှိုင်းတစ်ခုပေါ်လာတော့မည်ဟုစပိန်တာဝန်ရှိသူများကသတိပေးခဲ့သည်။Tui ကလည်းထိခိုက်နစ်နာသောဖောက်သည်များနှင့် ဆက်သွယ်၍ အားလပ်ရက်များကိုဖျက်သိမ်းခြင်းသို့မဟုတ်ပြင်ဆင်ခြင်းများ လုပ်ဆောင်ခွင့်ပြုမည်ဟုပြောကြားခဲ့သည်။

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်