HEALTH

ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုစနစ်၅မျိုး

Published on

လူနေမှုအဆင့်အတန်းတွေတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ စိုက်ပျိုးနည်းစနစ်တွေလည်းကွာခြားလာပါတယ်။အကြမ်းအားဖြင့် ၅မျိုးခွဲခြားနိုင်ပါတယ်။

(1)အိမ်ခြံ၀င်းအတွင်းစိုက်ပျိုးနည်းစနစ်(Indoor planting)

ရှေးအကျဆုံးစိုက်ပျိုးနည်းစနစ်ဖြစ်ပါတယ်။ အများစုကတော့ ဤစိုက်ပျိုးနည်းစနစ်ကို မိမိတို့ရဲ့အဖွဲ့အစည်း သို့မဟုတ် မိမိတို့မိသားစုစားသုံးရန်စိုက်ပျိုးတာဖြစ်ပါတယ်။

(2)တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်း

လူနေမှုစနစ်တိုးတက်လာတဲ့အခါ စိုက်ပျိုးဖို့မြေနေရာမရှိခြင်း၊ အခြားစီးပွားရေး လုပ်ငန်းလုပ်ကိုင်သည့်အခါ အချိန်ပိုမရှိခြင်းတို့ကြောင့် ကိုယ်တိုင်မစိုက်ပျိုးကြတော့သည့်အခါ မြို့သူမြို့သားများအတွက်စိုက်ပျိုးရောင်းချလာကြပါတယ်။ မြို့ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး စိုက်ပျိုးခြင်းဖြစ်ပါတယ်။

(3)ပြည်တွင်းပြည်ပပို့ကုန်အဖြစ်စိုက်ပျိုးခြင်း

မိမိတို့ဒေသနှင့်ကိုက်ညီသောနေရာများတွင် စိုက်ပျိုးပြီး ပြည်တွင်းပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထုတ်လုပ်ကြတာဖြစ်ပါတယ်။

(4)အချိန်အခါမဟုတ်သည့်စိုက်ပျိုးနည်း

ဟင်းသီးဟင်းရွက်များကိုရာသီချိန်မဟုတ်သော်လည်းအောင်မြင်စွာစိုက်ပျိုးနိုင်ရန်နည်းပညာအကူအညီဖြင့်ဖန်တီးတာဖြစ်ပါတယ်။ ရာသီမဟုတ်သည့်အချိန်တွင်အထူးပြုစုစိုက်ပျိုးရခြင်းကြောင့် ကုန်ကျစရိတ်တော့ကြီးပါတယ်။

(5) မျိုးစေ့ထုတ်လုပ်ရန် စိုက်ပျိုးခြင်း

ဟင်းသီးဟင်းရွက်မျိုးအတွက် စိုက်ပျိုးခြင်းနှင့် စားသုံးရန်အတွက်စိုက်ပျိုးခြင်းဆိုပြီးကွာခြားမှုရှိပါတယ်။ မျိုးကောင်းမျိုးသန့် ရရှိနိုင်ရန်အတွက် သင့်လျော်သော မြေ၊ ရာသီဥတု နှင့် ရောဂါကင်းသောနေရာမျိုးကိုရွေးချယ်စိုက်ပျိုးရန်လ်ိုအပ်ပါတယ်။မျိုးစေ့အတွက် ရိတ်သိမ်းခြင်း၊ ချွေခြင်း၊ နေလှန်းခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်းစသောလုပ်ငန်းများအားကျွမ်းကျင်ဖို့လိုပါတယ်။ ဤလုပ်ငန်းကိုစီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။

Click to comment

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်