HEALTH

စိုက်ပျိုးရေးကိုမှီခိုနေသည့်ကျေးလက်နေပြည်သူများအတွက်ဝင်ငွေအရင်းအမြစ်များကို NABARD မှတိုးမြှင့်ပေး

Published on

စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားဘဏ် (NABARD) သည်အနောက်ဘင်္ဂလားရှိကျေးလက်ဒေသများရဲ့လယ်ယာလုပ်ငန်းအပေါ်မှီခိုနေရခြင်းကိုလျှော့ချနိုင်ရန်အတွက်လယ်ယာထွက်ကုန်ကဏ္ဍ မြှင့်တင်ရန်လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတစ် ဦး ကပြောကြားခဲ့ပါတယ်။
အနောက်ဘင်္ဂလားပြည်သူ ၂၀ ရာခိုင်နှုန်းခန့်သည်ဆင်းရဲနွမ်းပါးမှုအဆင့်အောက်တွင်ရှိနေဆဲဖြစ်ပြီးပျမ်းမျှမြေယာပိုင်ဆိုင်မှုမှာ ၀.၇၇ ဟက်တာသာရှိတယ်လို့လည်း Nabard မှပြောကြားခဲ့ပါတယ်။Nabard ဟာ အနောက်ဘင်္ဂလားကျေးလက်ဒေသအပေါ်စိုက်ပျိုးရေးအပေါ်မှီခိုနေရခြင်းကိုလျှော့ချရန်လုပ်ဆောင်နေပါတယ်။

Nabardဟာ ငယ်ရွယ်သောစွန့်ဦးတီထွင်လုပ်ငန်းရှင်များအား လက်လှမ်းမီနိုင်အောင်အားပေးအားမြှောက်ပြုနေတယ်”လို့Nabard DGM Kamalesh Kumar ကစနေနေ့တွင်ပြောကြားခဲ့ပါတယ်။
လက်ရက်ကန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဟာအသေးစားနှင့်စိုက်ပျိုးရေးလုပ်သားများ မြို့ပြတွင်အသက်မွေး၀မ်းကျောင်းရှာဖွေရန်အများအပြားပြောင်းရွှေ့ခြင်းကိုရပ်တန့်စေနိုင်မယ်လို့သူကပြောပါတယ်။

ထိုကဲ့သို့ရွှေ့ပြောင်းခြင်းကိုတားဆီးရန်ရည်ရွယ်ချက်မှာ Nabard ဟာကျေးလက်ရက်ကန်းသမားများသို့မဟုတ် လက်မှုပညာရှင်များမှစုပေါင်းစီးပွားရေးလုပ်ငန်းများကိုတက်တက်ကြွကြွပူးပေါင်းလုပ်ဆောင်ခြင်းနှင့်တန်ဖိုးမြှင့်တင်ခြင်းများပြုလုပ်ခြင်းအားဖြင့်ဒေသခံအလုပ်အကိုင်များကိုရရှိစေရန်လယ်ယာမဲ့ထုတ်လုပ်သည့်အဖွဲ့အစည်းများ (OFPOs) များပေါ်ထွန်းလာစေဖို့ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။
Kolkataရဲ့ Weavers Service Centre ၏လက်ထောက်ညွှန်ကြားရေးမှူး Rajesh Chatterjeeရဲ့ပြောကြားချက်အရစင်တာဟာဆိုရင်နည်းပညာကျွမ်းကျင်မှုအဆင့်မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် Mudra ချေးငွေဆိုင်ရာအကျိုးကျေးဇူးများကိုလက်ရက်ကန်း အစီအစဉ်များအတွက်ရရှိရန်ကူညီပေးမှာဖြစ်ပါတယ်။

စင်တာဟာ ကျွမ်းကျင်သောရက်ကန်းသမားများအတွက်နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများပေးပြီးသူတို့၏ထုတ်ကုန်များအတွက်လည်း e-marketing ကူညီမှာပါ။ဤနည်းအားဖြင့်အနောက်ဘင်္ဂလားမှ ၅.၅ သိန်းကျော်ရက်ကန်းလုပ်သမားများကိုကူညီနိုင်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

Click to comment

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်