HEALTH

အမေရိကန်ရဲ့ractopamineပါ၀င်သော၀က်သားတင်သွင်းမှုအပေါ်ထိုင်၀မ်အစိုးရရဲ့ဆုံးဖြတ်ချက်အား ထောင်နဲ့ချီသောသူများကန့်ကွက်ဆန္ဒပြ

Published on

တနင်္ဂနွေနေ့ကအလုပ်သမားအုပ်စုများကစီစဉ်သောဆန္ဒပြချီတက်ပွဲအတွက်ထောင်နှင့်ချီသောလူများသည်ထိုင်ပေမြို့ရှိလမ်းများသို့ထွက်ခွာသွားကြပြီး၊ အမျက်ဒေါသအများစုကအစိုးရမှအမေရိကန်၏ ၀က်သားတင်သွင်းမှုကန့်သတ်ထားတာနှင့်ပက်သက်လို့ဖယ်ရှားသည့်ဆုံးဖြတ်ချက်အပေါ်အာရုံစူးစိုက်ခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်၏အဓိကအတိုက်အခံပါတီဖြစ်သည့် Kuomintang (KMT) သည်သူတို့ရဲ့ထောက်ခံသူများအားပထမဆုံးအကြိမ်ချီတက်ပွဲသို့ ၀င်ရောက်ရန်ဖိတ်ခေါ်ခဲ့သည်။သူတ်ို့ဟာ ၀က်သားနဲ့ပက်သက်သောဆုံးဖြတ်ချက်ကိုဆန့်ကျင် ရန်ပိုမိုတင်းကြပ်စွာစည်းရုံးလှုံ့ဆော်မှုကိုပြုလုပ်ခဲ့ပြီးစားနပ်ရိက္ခာလုံခြုံမှုကိုခြိမ်းခြောက်တယ်လို့ဆိုခဲ့ပါတယ်။
သမ္မတ Tsai Ing-wen ကသြဂုတ်လမှာကြေညာခဲ့ပါတယ်။အစိုးရဟာ ractopamine ပါ ၀ င်သော US ၀ က်သားတင်သွင်းမှုကိုခွင့်ပြုမယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ ractopamineဟာအဆီနည်းစေသောအားဖြည့်ပစ္စည်းဖြစ်ပြီး ဥရောပ နိုင်ငံနှင့်တရုတ်နိင်ငံတ်ို့ကတားမြစ်ထားတာဖြစ်ထားတာလည်းဖြစ်ပါတယ်။US ရဲ့အမဲသားနှင့်ပက်သက်လို့လည်းလွန်ခဲ့တဲ့လပေါင်း၃၀ကျော်ကတားမြစ်ထားပါတယ်။

KMT ဟာဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပါတယ်။ မကြာသေးမီနှစ်များအတွင်းကနာမည်ကြီးအရှုပ်တော်ပုံများကြောင့်စားနပ်ရိက္ခာလုံခြုံမှုနှင့် ပတ်သက်၍ ပြည်သူလူထု၏စိုးရိမ်ပူပန်မှုကိုခံစားခဲ့ရပါတယ်။

KMT ဥက္ကဌ Johnny Chiang ဟာဇန်နဝါရီလသမ္မတနှင့်ပါလီမန်ရွေးကောက်ပွဲများအနိုင်ရထားသူလည်းဖြစ်ပြီးပါတီ၏ကံကြမ္မာကိုလှည့်ပတ်ကူညီပေးရန်မတ်လတွင်ရွေးကောက်တင်မြှောက်ခြင်းခံထားရသူဖြစ်ပါတယ်။ သူဟာ Tsai အားရုပ်မြင်သံကြား၌ဆွေးနွေးမှုများတွင်ပါဝင်ရန်တောင်းဆိုခဲ့ပါတယ်။

ထိုင်ဝမ်ဝက်တွေက ractopamine ကိုမစားဘူး၊ ဒါကို ထိုင်၀မ်ပြည်သူတွေကိုစားဖို့ မေးနေတာလား? ဒါဟာ အဓိပ္ပါယ်ရှိရဲ့လား လို့ သူ့ရဲ့ထောက်ခံအားပေးသူတွေကိုပြောကြားခဲ့ပါတယ်။

ပါလီမန်တွင်အများဆုံးအဓိကကျသောTsai ၏အစိုးရနှင့်သူမရဲ့အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP)ကယခုလိုပြောကြားခဲ့ပါတယ်။ဆုံးဖြတ်ချက်ဟာ ကျွန်းအားနိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီအောင်ပြုလုပ်ပေးတာဖြစ်ပြီး ဘေးကင်းရေးခြိမ်းခြောက်မှုမဟုတ်ကြောင်းနှင့်ထိုင်ဝမ် – ယူအက်စ်ဆက်ဆံရေးကိုတိုးမြှင့်စေလိမ့်မည်ဟုပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့ကြေငြာချက်တစ်ခုတွင် DPP က KMT အား၎င်း၏နိုင်ငံရေးဆိုင်ရာကြံစည်မှုများကိုရပ်တန့်ရန်နှင့်ဆင်ခြင်တုံတရားဖြင့်ဆွေးနွေးမှုများသို့ပြန်သွားရန်တိုက်တွန်းခဲ့ပါတယ်။

ယခင်က ractopamine ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည့် DPP သည် KMT အားအများပြည်သူ၏ကြောက်ရွံ့မှုနှင့်ပက်သက်သောအကြောင်းအရာသတင်းအတုများဖြန့်ဝေတယ်လို့စွပ်စွဲခဲ့ပါတယ်။

KMT ဟာလည်းယူအက်စ်ဝက်သားတင်သွင်းမှုနှင့် ပတ်သက်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုစီစဉ်ရန်ကြိုးပမ်းနေပါတယ်။Lincoln Feast နှင့် David Goodman မှသတင်းပေးပို့မှုကိုBen Wlangard ရေးသားထားပြီး Ann Wangမှတည်းဖြတ်ထားတာဖြစ်ပါတယ်။)

Click to comment

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်