Connect with us

G20 မှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ကုန်သွယ်ရေးဘဏ္ဍာကိုမြှင့်တင်ရန်နောက်ခံပြုပြင်ပြောင်းလဲမှုများပြုလုပ်သင့်ကြောင်း WTOပြောကြား

HEALTH

G20 မှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ကုန်သွယ်ရေးဘဏ္ဍာကိုမြှင့်တင်ရန်နောက်ခံပြုပြင်ပြောင်းလဲမှုများပြုလုပ်သင့်ကြောင်း WTOပြောကြား

COVID-19 ကူးစက်ပျံ့နှံ့မှုကနေ ကမ္ဘာ့စီးပွားရေးပြန်လည်ထူထောင်ရန်အတွက်ဖွံ့ဖြိုးဆဲနိုင်ငံများအားဒေါ်လာဘီလီယံနှင့်ချီသောကုန်သွယ်ရေးရန်ပုံငွေများကိုအဓိကစီးပွားရေးနိုင်ငံ ၂၀ ကပံ့ပိုးမှုလုပ်ကိုင်သင့်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှထိပ်တန်းအရာရှိတစ် ဦး ကစနေနေ့တွင်ပြောကြားခဲ့ပါတယ်။

WTO ရဲ့လက်ထောက်ညွှန်ကြားရေးမှူးချုပ် Alan Wolff ဟာ ကုန်သွယ်မှုကိုအသုံးချခြင်းသည်စီးပွားရေးအာမခံချက်ကိုရရှိစေပြီး၊ မရှိမဖြစ်လိုအပ်သောဆေးဝါးအထောက်အပံ့များကုန်သွယ်မှုကိုလွယ်ကူချောမွေ့စေခြင်းနှင့်ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာအဖွဲ့အစည်းမူဘောင်ကိုပြုပြင်ခြင်းတို့အတွက်အလွန်အရေးကြီးတယ်လို့ G20 ခေါင်းဆောင်များအားပြောကြားခဲ့ပါတယ်။

ကောက်ပဲသီးနှံများမရွှေ့မပြောင်းနိုင်ဘဲစက်ရုံများလည်ပတ်နေလျှင်ကမ္ဘာလုံးဆိုင်ရာပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုနှောင့်နှေးကြန့်ကြာစေလိမ့်မည်ဟုအမေရိကန်နိုင်ငံသားဝေါ့ဖ်ကပြောကြားခဲ့သည်။ ကုန်သွယ်ရေးရဲ့ဘဏ္ဍာရေးဆိုင်ရာပဏာမခြေလှမ်းသည်အနာဂတ်ကိုတိုးတက်စေရန်မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းတစ်ခုအဖြစ်ရှုမြင်သင့်ပြီး စီးပွားရေးပြန်လည်နာလန်ထူဖို့လည်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီနှစ်ကမ္ဘာ့စီးပွားရေးဖိုရမ်က “COVID-19 ကူးစက်ရောဂါသည်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု၏ဘဏ္ဍာရေးပြတ်လပ်မှုမစတင်မီတွင်ဒေါ်လာ ၁.၅ ထရီလီယံရှိ​ပါတယ်။ ကပ်ဆိုက်ကာလမတိုင်ခင်က ကုန်သွယ်မှုအတွက်ဘဏ္ဍာရေးထောက်ပံ့ရန်တောင်းဆိုမှု ၅၀ ရာခိုင်နှုန်းကျော်ကိုပယ်ချခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

ကုန်သွယ်ရေးရန်ပုံငွေရရှ်ိခြင်း၊မရရှိခြင်းသည်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင်အခက်ခဲဆုံးဖြစ်ပြီး ဘဏ္ဍာရေးတွင်မြင့်မားသောကုန်ကျစရိတ်ကြောင့် ထိခိုက်ရပါတယ်။
လိုအပ်သောဘဏ္ဍာရေးအတွက်ဒေါ်လာထရီလီယံအလွတ်ပေးရန်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၊ WTO နှင့်စီးပွားဖြစ်ဘဏ်များအကြားမှာနီးကပ်သောပူးပေါင်းဆောင်ရွက်မှုလိုအပ်လိမ့်မယ်လို့ Wolff ကပြောကြားခဲ့ပါတယ်။

G-20 ခေါင်းဆောင်များသည်ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်အပေါ်၎င်းတို့၏ကတိကဝတ်များကိုတနင်္ဂနွေနေ့တွင်ထုတ်ပြန်မည့်ပူးတွဲကြေညာချက်တွင်အလေးထားဖော်ပြသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အမေရိကန်သမ္မတ Donald Trump ၏အုပ်ချုပ်မှုသည်ညွှန်ကြားရေးမှူးချုပ်အသစ်ရွေးချယ်ခြင်းနှင့်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုကိုပိတ်ပင်ထားသောကြောင့်ဂျီနီဗာအခြေစိုက်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဟာမငြိမ်မသက်ဖြစ်နေပါတယ်။

WF ၏ဆုံးဖြတ်ချက်နှင့်ညှိနှိုင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအားပြန်လည်ဖွဲ့စည်းရန်နှင့်အဓိကကျသောအဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုတွင်အလေးအနက်ပါ ၀င်ရန် G20 ခေါင်းဆောင်များအားWolffကတိုက်တွန်းခဲ့ပါတယ်။

ဆက်လက်၍ Wolff ဟာဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများတွင်အကောက်ခွန်ကင်းလွတ်သောကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကိုသေချာစေရန်လက်ရှိလိုအပ်သောဆေးဝါးပစ္စည်းများကိုလိုအပ်သည့်နေရာများသို့မြန်မြန်ပို့ဆောင်ရန်နည်းလမ်းသစ်များတောင်းဆိုခဲ့ပါတယ်။

သူက​ “နယ်စပ်ရှိအတားအဆီးများနှင့်ပြည်ပပို့ကုန်ကန့်သတ်ချက်များအသုံးပြုခြင်းကိုလျှော့ချသင့်​ကြောင်း၊ ပိုမိုပွင့်လင်းမြင်သာမှုရှိစေပြီးကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်နှင့် အထူးသဖြင့်အဆင်းရဲဆုံးနိုင်ငံများအတွက်တိုးတက်မှုများကိုထောက်ပံ့ပေးနိုင်ရန်ဖြစ်တယ်”လို့ပြောကြားခဲ့ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.