Connect with us

အနာဂတ်အတွက် အမြင်ဖြင့်အလိုအလျောက်လျင်မြန်စွာရွေ့လျားနိုင်သောစက်ရုပ်လယ်ထွန်စက်ကိုဂျပန်နိုင်ငံ Toyama တွင်ပထမဆုံးအောင်မြင်စွာသရုပ်ပြနိုင်ခဲ့

HEALTH

အနာဂတ်အတွက် အမြင်ဖြင့်အလိုအလျောက်လျင်မြန်စွာရွေ့လျားနိုင်သောစက်ရုပ်လယ်ထွန်စက်ကိုဂျပန်နိုင်ငံ Toyama တွင်ပထမဆုံးအောင်မြင်စွာသရုပ်ပြနိုင်ခဲ့

အောက်တိုဘာ ၂၃ တွင် Toyama၌ စက်ရုပ်လယ်ထွန်စက်အလွတ်အားလယ်ယာမြေတစ်ခုမှနောက်တစ်ခုသို့ပြောင်းရွှေ့ပြခဲ့ပါတယ်။ ထိုင်ခုံမှာထိန်းချုပ်နေတဲ့သူမရှိပါဘဲ သူ့အလိုလိုရွေ့လျားနေတာဖြစ်ပါတယ်။သို့သော်လူပုံစံတူအရုပ်၁ခုလမ်းကူးနေသည်ကိုတွေ့တဲ့အခါမှာတော့ အဲ့ဒီလယ်ထွန်စက်ဟာ အလိုအလျောက်ရပ်တန့်လိုက်ပါတယ်။ဒီလို အံ့သြစရာကောင်းတဲ့စမ်းသပ်မှုကို ၂၀၂၀၊ အောက်တိုဘာ ၂၂ တွင် Toyama စီရင်စု၏မြို့တော်ရှိစိုက်ပျိုးရေးကော်ပိုရေးရှင်းတစ်ခု၏လယ်ယာမြေများတွင်ပြသခဲ့တာဖြစ်ပါတယ်။

နောက်ထပ်မျိုးဆက်သစ်လယ်ထွန်စက်ကိုတော့အမျိုးသားစိုက်ပျိုးရေးသုတေသနအဖွဲ့ ဦး ဆောင်သည့်လုပ်ငန်းစုတစ်ခုမှတီထွင်ခဲ့ပြီးဂျပန်အလယ်ပိုင်းစီရင်စုတွင်ပြသခဲ့ပါတယ်။

သမားရိုးကျစက်ရုပ်လယ်ထွန်စက်များသည်ကိုယ်ပိုင်လယ်ယာမြေများတွင်မောင်းသူမရှိဘဲအလိုအလျောက်အလုပ်လုပ်နိုင်သော်လည်းလမ်းပေါ်မှာမောင်းနှင်ဖို့တော့ကားမောင်းသူများလိုအပ်နေဆဲဖြစ်ပါတယ်။

ထို့ကြောင့်ဂျပန်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် လယ်ယာမြေတစ်ခုမှတစ်ခုသို့တစ်ခုသို့သွားနိုင်သည့်အဝေးမှထိန်းချုပ်နိုင်သောမောင်းနှင်မှုစနစ်ကိုဖွံ့ဖြိုးတိုးတက်ပြီးစီးအောင်တွန်းအားပေးခဲ့ပါတယ်။
စနစ်သစ်မှာဆိုရင် လယ်ယာမြေအရွယ်အစားကိုတိုင်းတာနိုင်ပြီး တည်နေရာနှင့်လယ်ကွင်းများကိုမည်သို့ ၀ င်ရောက်နိုင်ကြောင်းကိုလယ်ထွန်စက်အားအကြောင်းကြားရန်အချက်အလက်များဖန်တီးထားသောမောင်းသူမဲ့လေယာဉ်ကို ကြိုတင်၍ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Toyoma City တွင်စမ်းသပ်မှုများအတွက်ယာဉ်ကိုစမ်းသပ်သည့်နေရာမှမီတာ ၄၀၀ အကွာအဝေးရှိ စိုက်ပျိုးရေးကော်ပိုရေးရှင်း၏ရုံးခန်းမှအဝေးမှထိန်းချုပ်တာဖြစ်ပါတယ်။

ရုံးခန်းရှိအော်ပရေတာသို့မြင်ကွင်းအခြေအနေများပေးပို့ရန် ကင်မရာပါရှိသည့်အပြင် လူနှင့်အခြားအတားအဆီးများကိုတွေ့ပါကအလိုအလျောက်ရပ်တန့်ရန်အာရုံခံနိုင်သောကိရိယာများကိုလည်း လယ်ထွန်စက်မှာတပ်ဆင်ထားပါတယ်။

ဒီလုပ်ငန်းစုကို ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လုပ်ငန်းခွင်စစ်ဆေးမှုများကိုဆက်လက်လုပ်ဆောင်စေမှာဖြစ်ပြီး ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်ဖွံ့ဖြိုးတိုးတက်မှုကိုအပြီးသတ်၍လက်တွေ့အသုံးချနိုင်ရန်စီစဉ်ထားပါတယ်။

ဂျပန်စိုက်ပျိုးရေး ၀ န်ကြီး Kotaro Nogami ကလည်းဒီသရုပ်ပြပွဲကိုတွေ့မြင်ခဲ့ပြီး `ဒါဟာအလွန်အရေးကြီးတဲ့စီမံကိန်းတစ်ခုဖြစ်ပြီးဂျပန်စိုက်ပျိုးရေးအတွက်ဖြစ်နိုင်ချေများကိုလမ်းဖွင့်ပေးနိင်လိမ့်မယ်”လို့ပြောကြားခဲ့ပါတယ်။

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.