Connect with us

ထွန်ယက်လုပ်ကိုင်မှုလျှော့ချခြင်းက ဘယ်လိုအပြောင်းလဲတွေဖြစ်နိုင်လဲ?

HEALTH

ထွန်ယက်လုပ်ကိုင်မှုလျှော့ချခြင်းက ဘယ်လိုအပြောင်းလဲတွေဖြစ်နိုင်လဲ?

ထယ်လွတ်၊ ထွန်လွတ်စိုက်ပျိုးခြင်းကရေရှည်တွင် သီးနှံအထွက်နှုန်းကိုမြှင့်တင်နိုင်ကြောင်း ဆယ်စုနှစ်များစွာလေ့လာထားသော သုတေသနအရသိရှိရပါတယ်။

သမာရိုးကျစိုက်ပျိုးခဲ့တဲ့ထွန်ယက်စိုက်ပျိုးခြင်းနည်းဟာ မြေဆီလွှာကိုနွေးစေပြီးတော့ မြေဆီလွှာထဲကအစိုဓာတ်တွေကိုဖယ်ရှားပစ်ပါတယ်။ သို့သော် NDSU မှမြေဆီကျန်းမာရေးလက်ထောက်ပါမောက္ခ Caley Gaschက လယ်သမားများစွာဟာ ထွန်ယက်စိုက်ပျိုးခြင်းနည်းကိုမသုံးကြတော့ပါဘူး။အကျိုးဆက်အနေနဲ့ မြေဆီလွှာပိုမိုကောင်းမွန်လာခြင်း၏အကျိုးကျေးဇူးများကိုမြင်တွေ့နေရတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒိီလိုရပ်တန့်ခြင်းကြောင့် မြေဆီလွှာအနှောက်အယှက်နည်းပါးခြင်းနှင့်အတူမြေဆီလွှာတည်ဆောက်ပုံများလည်းတိုးတက်လာခဲ့ပါတယ်။ သုံးနှစ်မှလေးနှစ်အတွင်းအပြောင်းအလဲများလျင်မြန်စွာဖြစ်လာနိုင်ပြီးအမြစ်များဟာလည်းပိုမိုနက်ရှိုင်းစွာထိုးဖောက်လာပြီးမြေဆီလွှာကိုပိုမိုရှာဖွေစူးစမ်းခြင်းကိုတွေ့မြင်နိုင်ပါတယ်။ “ကျွန်မတို့ဟာ ဆယ်စုနှစ်များစွာတိုင်အောင် သုတေသနပြုလုပ်ခဲ့တာဖြစ်ပြီး ထွန်ယက်စိုက်ပျိုးခြင်းကလယ်ယာမြေများကိုပျက်ဆီးစေနိုင်တယ်ဆိုတာတွေ့ရှိခဲ့ကြပါတယ်။ ကျွန်မတို့လုပ်ရမှာကတော့ ရပ်တန့်တာ သို့မဟုတ် နောက်ဆုတ်သင့်တာပါပဲ” လို့ပြောကြားခဲ့ပါတယ်။

မြေဆီရူပဗေဒနှင့်ဇလဗေဒတွဲဖက်ပါမောက္ခ Aaron Daigh မှ”ခေတ်သစ်မျိုးစေ့နှင့်လယ်ယာသုံးစက်ကိရိယာများဟာ ထွန်ယက်စရာမလိုဘဲ ပိုမိုလွယ်ကူစေပါတယ်လို့”ပြောကြားခဲ့ပါတယ်။

ထွန်ယက်လုပ်ကိုင်မှုလျှော့ချခြင်းအလုပ်ဖြစ်မဖြစ်ဘယ်လိုသိနိုင်လဲ?

စီးပွားဖြစ်မြေဆီလွှာဓာတ်ခွဲခန်းများသည်မှိုနှင့်ပိုးမွှားများကိုတိုင်းတာရာတွင်အထောက်အကူဖြစ်စေသည့်စမ်းသပ်မှုများစွာကိုပြုလုပ်ကြပါတယ်။ဒိီလိုစမ်းသပ်မှုကတော့ လယ်သမားများအနေနဲ့ အဓိပ္ပါယ်ကောက်ရန်ခက်ခဲပြီး စျေးလည်းကြီးပါတယ်။အဲဒီအစား လယ်သမားများအနေနဲ့ မြေဆီလွှာရဲ့လက္ခဏာများကိုရှာဖွေရန်ဂေါ်ပြားဖြင့်လယ်ကွင်းထဲမှာအချိန်ဖြုန်းသင့်ပါတယ်။

ထွန်ယက်စိုက်ပျိုးမှုလျှော့ချခြင်းကအောက်ပါအပြောင်းအလဲများကိုဖြစ်ပေါ်စေနိုင်ပါတယ်။

(၁)မြေဆီလွှာတိုက်စားမှုလျှော့ချခြင်း (ထွန်ယက်လုပ်ကိုင်ထားသောလယ်ကွင်းများနှင့်နှိုင်းယှဥ်ကြည့်ပါ)

(၂)ကျန်းမာကြံ့ခိုင်သောအပင်များ

(၃)မြေဆီလွှာ၏စုပေါင်းဖွံ့ဖြိုးမှုနှင့်တိုးတက်မှု၊

(၄)အဏုဇီ၀သက်ရှိများနှင့် အကောင်လေးများတိုးပွားလာခြင်း

(၅)မြေဆီလွှာတွင် ရေကောင်းစွာစိမ့်၀င်နိုင်ခြင်း

ကျွန်တော်ဟာသင်တို့ရဲ့လယ်ယာမှာ အချိန်ဖြုန်းခြင်းပြီးပြောင်းလဲမှုကိုစောင့်ကြည့်ရတာအလွန်နှစ်သက်ပါတယ် “လို့ Gasch ကပြောကြားခဲ့ပါတယ်။ “ယုံကြည်မှုလည်းရှိတယ်၊” “အဆိုပါအချက်အလက်များကိုရဖို့ ဆယ်စုနှစ်ပေါင်းများစွာလေ့လာစောင့်ကြည့်ခဲ့ရတာဖြစ်ပါတယ်လို့”ဆက်လက်ပြောကြားခဲ့ပါတယ်။

များစွာသောဖြစ်ရပ်များတွင် ထွန်ယက်စိုက်ပျိုးခြင်းနည်းကိုရပ်တန့်လိုက်သောလယ်သမားများဟာနှစ်အနည်းငယ်အတွင်းမြေဆီလွှာတည်ဆောက်မှုတိုးတက်လာခဲ့ပါတယ်။ ကောက်ပဲသီးနှံများအား ကာဗာလုပ်ပေးခြင်းကတည်ဆောက်မှုလုပ်ငန်းစဉ်ကိုစတင်နိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။

ထွန်လွတ်၊ ထယ်လွတ်နည်းကိုကျင့်သုံးတဲ့အခါ မြေဆီလွှာဟာ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ပုံမပျက်ဘဲရှိနေနိုင်ပါတယ်။ မြေကြီးထဲရှိ အဏုဇီ၀သက်ရှိများ ၊အကောင်လေးများနှင့် အော်ဂနစ်ပစ္စည်းများပါရှိနေပါတယ်။ ကောင်းမွန်တဲ့မြေသြဇာဖြစ်ထွန်းဖို့ ဒိီအဏုဇီ၀သက်ရှိတွေတဲ့အတူ ပူးတွဲတည်ရှိနေရပါမယ်။ ဒါကြောင့်လေ့လာမှုအရ မထွန်ယက်ဘဲစိုက်ပျိုးခြင်းက ကာလကြာလာသည်နှင့်အမျှ ထွန်ယက်စိုက်ပျိုးသောမြေထက် အထွက်နှုန်းသိသိသာသာတိုးလာပြီး မြေဆီလွှာအရည်အသွေးကောင်းမွန်လာတာဖြစ်ပါတယ်။ လေထုတွင်းသို့ ကာဗွန်ဓာတ်ငွေ့ထုတ်လုပ်မှုလျှော့ချနိုင်ခြင်းကြောင့် ပတ်၀န်းကျင်အတွက်လည်း ကောင်းကျိုးပြုတဲ့နည်းဖြစ်ပါတယ်။

မြေဆီလွှာတိုင်းက မတူညီကြပါဘူး

ရွှံ့​စေးမြေများဟာ သဲဆန်သောမြေ၊ နုန်းဆန်သောမြေဆီလွှာများထက် ထွန်ယက်လုပ်ကိုင်မှုလျှော့ချတဲ့အခါ ပိုမိုလျင်မြန်စွာတုန့်ပြန်ပါတယ်။

ရွှံ့စေးမြေဆီလွှာများဟာ ကောင်းစွာစုစည်းနိုင်တဲ့အတွက် အပြောင်းအလဲများလျင်မြန်စွာဖြစ်ပေါ်နိုင်ပါတယ်။ သေးငယ်သောအမှုန်အနည်းငယ်သာရှိသောသဲမြေများသို့မဟုတ်အခြားမြေဆီလွှာများကတော့အချိန်ကြာမယ်လို့ သူကရှင်းပြပါတယ်။

Continue Reading
Advertisement
You may also like...

More in HEALTH

  • HEALTH

    Pature- မွေးမြူရေးကွကျဥသည်အော်ဂဲနစ်, လှောင်အိမ်နှင့်အခမဲ့အကွာအဝေးများထက်ပိုကောင်းသည်

    By

    https://www.youtube.com/watch?v=rywqnqhrxie [/ embed] Pature- မွေးမြူရေးကွကျဥသည်အော်ဂဲနစ်, လှောင်အိမ် – အခမဲ့နှင့်အခမဲ့ဖြစ်သည်။ #gundrymd #guthealth #guthaleouseousefoods #guthouseveefoods #gutsbenefits #gledsbenefits #pastureraised

  • HEALTH

    ဆရာဝန် Mike ဘယ်သူလဲ

    By

    https://www.youtube.com/watch?v=hcoll0k17fu [/ embed] သင်၏လယ်ပြင်၌မီဒီယာမည်သို့ကျွမ်းကျင်ရမည်ကိုသင်သွန်သင်မည်။ Professional ၏မီဒီယာအကယ်ဒမီတွင်စာရင်းသွင်းပါ။ https://www.professionalsmediaacady.com/ ကျွန်ုပ်၏ podcast ကိုနားထောင်ပါ, ဆရာဝန် Mike နှင့်စစ်ဆေးပါ။ Spotify: https://go.doctormsmikemedia.com/spotifiTor/checkupspotify Apple...

  • HEALTH

    သင်ခေါင်းမာသောအဆီမဆုံးရှုံးနိုင်သည့်လျှို့ဝှက်အကြောင်းပြချက်

    By

    https://www.youtube.com/watch?v=ucczcqiv-4 [/ embed] ကျန်းမာရေး Chronicle သည်အပတ်စဉ်ကျန်းမာရေးပညာရေးဆိုင်ရာဗွီဒီယိုများကိုတစ်ပတ်ကြာထုတ်ပြန်ခဲ့သည်။ Subscribe ဒီနေရာမှာ – goo.gl/acbmww အလေးချိန်ဆုံးရှုံးမှုအတွက်အသေးစိတ်ဆောင်းပါးများအတွက် https://health -chronicle.org/?s=wreight+loss ကိုကြည့်ပါ ဒီဗီဒီယိုမှာခေါင်းမာတဲ့အဆီမရှိတော့တဲ့လျှို့ဝှက်အကြောင်းပြချက်ကိုငါတို့ဖော်ထုတ်ပြီးမရှိတော့ဘူး။ အကယ်....

  • HEALTH

    ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအတွက်အဖွဲ့အစည်းများတည်ဆောက်ခြင်းနှင့်ပြောင်းလဲခြင်း

    By

    https://www.youtube.com/watch?v=ZVFGMZCMJPO [/ embed] Druty Executive Director ဒါရိုက်တာ Druchwe Ihekwezu သည်အာဖရိကဒေသတွင်းရှိဒေသဆိုင်ရာဒါရိုက်တာ Dr. SørenBrostrømသည်အာဖရိကတွင်ရောဂါကူးစက်မှုကိုပိုမိုကောင်းမွန်သော Pandemic Hub, Key Insights...

  • HEALTH

    ကိုယ်ဝန်ဆောင်နေစဉ်အတွင်းကြိုတင်ကာကွယ်မှုကိုကာကွယ်ခြင်းကိုတိုးတက်အောင်ပြုလုပ်ခြင်း

    By

    https://www.youtube.com/watch?v=I4pvan87uci [/ embed] နှစ်စဉ်အာဖရိကရှိကိုယ်ဝန်ဆောင်အမျိုးသမီးသန်း 50 ကျော်သည်ငှက်ဖျားရောဂါဖြစ်နိုင်ခြေရှိသည်။ ကုသမှုမရှိပဲငှက်ဖျားရောဂါသည်မိခင်သေဆုံးခြင်း, သွေးအားနည်းရောဂါနှင့်အနိမ့်အငယ်ဆုံးကိုယ်အလေးချိန်ကို ဦး ဆောင်လမ်းပြပေးနိုင်သည်။ အပူပိုင်းဒေသရောဂါများနှင့်သုတေသနနှင့်လေ့ကျင့်ရေးဆိုင်ရာအထူးအစီအစဉ်တွင်ရပ်ရွာကျန်းမာရေးဆိုင်ရာရောဂါများတွင်အထူးအစီအစဉ်များသည်မြို့ရွာများရှိအမျိုးသမီးများအတွက်ကိုယ်ဝန်ဆောင်နေစဉ်အတွင်းကြိုတင်ကာကွယ်ရေးလုပ်သားများကိုမည်သို့တိုးတက်အောင်လုပ်နိုင်ကြောင်းလေ့လာခဲ့သည်။ TDR ကို UNICEF, UNDP, ကမ္ဘာ့ဘဏ်နှင့်မည်သူအသုံးပြုသည်။

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.