Connect with us

1947 – ဦးစော လုပ်မှန်းသာ မသိခဲ့ရင်… တာဝန်သိသူသာ မရှိခဲ့ရင်… အခုဆို ဘာများ ဖြစ်နေမလဲ?

MYANMAR HISTORY

1947 – ဦးစော လုပ်မှန်းသာ မသိခဲ့ရင်… တာဝန်သိသူသာ မရှိခဲ့ရင်… အခုဆို ဘာများ ဖြစ်နေမလဲ?

ဦးစော လုပ်မှန်းသာ မသိခဲ့ရင်… တာဝန်သိမှုသာ မရှိခဲ့ရင်… အခုဆို ဘာများ ဖြစ်နေမလဲ?

====================
ဂဠုန်ဦးစောနဲ့ အပေါင်းပါတွေကို ရုံးတင် စစ်ဆေးတဲ့ တရားရုံး ထွက်ဆိုချက် မှတ်တမ်းတွေကို ဖတ်ဖူးတဲ့ စာကြမ်းပိုးတွေ သိကြမှာပါ။ (စိတ်ဝင်စားရင် စာကြည့်တိုက်အကြီးတွေမှာ ရှိပါတယ်။ ရှာဖတ်ကြည့်ပါ။)
.
၁၉-၇-၄၇ ရက်နေ့က အာဇာနည်တွေကို ဦးစောတပည့်တွေ လုပ်ကြံပြီး ဂျစ်ကားနဲ့ မောင်းပြေးတဲ့အခါမှာ ချက်ချင်းထပြီး၊ အဲ့ဒီဂျစ်ကားနောက်က ဘယ်ရဲ ဘယ်တပ်သားကမှ ထမလိုက်နိုင်ခဲ့ပါဘူး။ တကယ်တော့ အဲဒီနေရာမှာ တစ်ခါတည်း ခြေရာပျောက် သွားလုနီးနီး ဖြစ်ခဲ့တာအမှန်ပါ။
.
အဲဒီ‌နေ့က ရေဒီယိုသတင်းမှာ “ဗိုလ်ချုပ်တို့ ဆုံးပြီ” ဆိုတဲ့ သတင်းကြားပြီး၊ တစ်တိုင်းပြည်လုံး ငိုခဲ့ကြရတယ်။ လက်သည် မပေါ်ဘဲ ဖြစ်ခါနီးဆဲဆဲမှာ- တိုင်းပြည်ကို ကယ်တင်လိုက်တဲ့ တာဝန်သိ ပြည်သူတစ်ဦး ပေါ်ပေါက်ခဲ့ပါတယ်။ သူကတော့ ရန်ကုန်မြို့၊ ပြည်လမ်း ၇ မိုင်ကွေ့နားက အင်းလျားလေးကန်ဖျား ဦးစောအိမ်ကို အတိုင်းသား မြင်ရတဲ့ မျက်နှာချင်းဆိုင် အိမ်က ဖြစ်ပါတယ်။ (မင်္ဂလာဒုံဘက်က လာရင် ၇မိုင် အင်းလျားလေးကန် လမ်းအကွေ့မှာ လမ်းဦးတိုက် မြင်ရတဲ့အိမ်က လို့ ထင်ပါတယ်။)
.
အဲဒီညနေမှာ ဂဠုန်ဦးစော အိမ်နဲ့ ရေကန်ပဲ ခြား‌နေတဲ့ မျက်နှာချင်းဆိုင်အိမ်က တာဝန်သိ ပြည်သူ တစ်ဦးက ရဲတပ်ဖွဲ့ဆီ သတင်းပို့ခဲ့ပါတယ်။ ဦးစော အိမ်မှာ မနက် ၁၁ နာရီလောက်က ဂျစ်ကား တစ်စီး ဒရဂျမ်း မောင်းဝင်လာတဲ့ အကြောင်း၊ လူတစ်စုက တစ်ခုခု အော်လိုက်ပြီး၊ ကိုင်လာတဲ့ သေနတ်တွေကို ရှေ့တည့်တည့်က ရေကန်ထဲကို ပစ်ချလိုက်တဲ့ အကြောင်း၊ သတင်းပို့ခဲ့ ပါတယ်။
.
သတင်းပေးတဲ့ အတိုင်း ဦးစောအိမ်မှာ သွားရှာဖမ်းနိုင်ခဲ့လို့ ခေတ်သစ် မြန်မာ့သမိုင်းမှာ အကြီးမားဆုံး အမည်းကွက်ကြီးရဲ့ အဖြစ်မှန် ပေါ်ပေါက် လာခဲ့ရတာပါ။
.
ပြည်သူရဲ့ တာဝန်သိမှုသာ မရှိခဲ့ရင် သမိုင်းဆိုတာဟာ ဘယ်လိုများ ဖြစ်သွားခဲ့မလဲဆိုတာ မတွေးရဲစရာပါပဲ။ ဒီလူ ဘယ်လိုလူလဲ ဆိုတာ ဒီနေ့ အင်တာနက်မှာ တစ်ချက် ခေါက်ရှာ ကြည့်မိလိုက်ပါတယ်။ အရင် မသိခဲ့ရတဲ့ လူသိနည်းတဲ့ ကြောင်းတွေလည်း သိလိုက်ရတယ်။
.
#ဂဠုန်ဦးစော ဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူတူ အင်္ဂလန်ကို သွားခဲ့ရဲ့သားနဲ့ လွတ်လပ်ရေးအရယူခဲ့တဲ့ သမိုင်းဝင် အောင်ဆန်း-အက်တလီစာချုပ်မှာ လက်မှတ်ထိုး‌ တော့မယ်လဲ ဆိုရော ခွတိုက်ပြီး ဝင်လက်မှတ် မထိုးခဲ့ဘူးတဲ့ဗျ။ (သမိုင်း သင်ခဲ့ရတဲ့ အထဲမှာ ဒါမပါဘူးဗျ။)
.
ဂဠုန်ဦးစောက ဂျပန်ခေတ် မြန်မာလွတ်လပ်ရေး မရခင် ကြားကာလမှာ မြန်မာ ဝန်ကြီးချုပ် ဖြစ်ခဲ့သေးတာတဲ့ဗျ။ (သမိုင်း စာအုပ်ထဲမှာ ‘အဓိပတိ’ ဖြစ်ခဲ့တယ် ဆိုတာတော့ ဖတ်ဖူးတယ်။ ဘာကြီးမှန်း မသိခဲ့ဘူးဗျာ။) ref: https://en.m.wikipedia.org/wiki/U_Saw
.
ဆရာစံ ရဲ့ တောင်သူလယ်သမား အရေး တော်ပုံမှာ ဂဠုန်တပ်တွေကို ရှေ့နေလိုက်ပေးလို့ ဂဠုန်ဦးစောလို့ နာမည်တွင်သွားတာတဲ့။ (ခုမှပဲ သိတော့တယ်။)
.
နောက်ပြီး ဦးစောဟာ မြန်မာ့သမိုင်းမှာ နာမည်ကြီးတဲ့ #သူရိယ သတင်းစာ ရဲ့ ပိုင်ရှင်တဲ့ ခင်ဗျ။
.
===== #zshtut
ကဲ တော်လောက်ပါပြီ။ what if…. လို့ တွေးမိပြီး ရေးချလိုက်တဲ့ သမိုင်းတူဆွခြင်း တစ်ခုပါ။ အာဇာနည်ကြီးတွေကို ဝမ်းနည်းစွာနဲ့ အစဉ်အမြဲဂုဏ်ပြု ကျေးဇူးတင်လျက်ပါ။
.
နိုင်ငံသားတိုင်း ပျက်ကွက်မှု မရှိတတ်တဲ့ တာဝန်သိ ပြည်သူ‌တွေ အမြဲဖြစ်နိုင် ကြပါစေ။🙏
source: https://www.britannica.com/biography/U-Saw

Continue Reading
Advertisement
You may also like...

More in MYANMAR HISTORY

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.