AGRICULTURE
ပေါင်း၊မြက်ပင်များ၏ ဆိုးကျိုးများနှင့် နှိမ်နင်းနိုင်သောနည်းလမ်းများ
ပေါင်း၊ မြက်ပင်များကြောင့် အပင်တို့၏ အကျိုးထိခိုက်မှုများ
ပေါင်း၊မြက်ပင်များသည် ဟင်းသီးဟင်းရွက်နှင့်အတူ နေရောင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကိုယှဥ်ပြိုင်ပြီလုကြပါတယ်။
တစ်နည်းအားဖြင့် ဟင်းသီးဟင်းရွက်များနှင့်အတူ မြေတွင်းရှိ အာဟာရဓာတ်များနှင့် ရေဓာတ်များကိြ ယှဥ်ပြိုင်လုယူကြပါတယ်။
ပေါင်းမြက်ပင်များတွင် ရောဂါပိုးမွှားရောဂါရှိနေခြင်းဖြင့် ဟင်းသီးဟင်းရွက်များသို့ ကူးစက်ကျရောက်စေတတ်သည့် အလှည့်ကျ လက်ခံပင်(Alternate host)တို့က အပင်များကိုဖျက်ဆီးနိုင်ပါတယ်။
အပင်များအနေနှင့်လည်း နေရောင်နှင့်အာဟာရဓာတ်ကို ယှဥ်ပြိုင်လုယူသဖြင့် အထွက်နှုန်းကို ကျဆင်းစေပါတယ်။
ပေါင်းမြက်ပင် နှိမ်နင်းနည်းအမျိုးမျိုး
(၁) ဧရိယာကျဥ်းလျှင် ပေါင်းမြက်ပင်များကို လက်ဖြင့် ဆွဲနှုတ်ပစ်နိုင်ပါတယ်။ အကြိမ်ကြိမ် ပေါင်းမြက်ကို နှုတ်ရှင်းပစ်ရန် လိုအပ်ပါတယ်။
(၂) ပေါက်ပြားဖြင့် စိုက်ဘောင်ကို မြေဆွပေး၍ ပေါင်းမြက်ကို ကောင်ယူခြင်း ပြုလုပ်နိုင်ပါတယ်။
(၃) ကောက်ရိုးခြောက်များဖြင့် 2″-3″ ထူအောင် အပင်ခြေတွင် ဖုံးပေးခြင်းဖြင့် ပေါင်းမြက်ပေါက်ပွားမှုကို သက်သာစေပါတယ်။
(၄) စိုက်ပျိုးဘောင်ကို ပလတ်စတစ်အမဲအုပ်ပေးပြီး သီးနှံပင်နေရာအတွက်သာ ကွက်ဖော်ပေးထားခြင်းဖြင့် ပေါင်းမြက်မပေါက်ပွားနိုင်ပါဘူး။