AGRICULTURE

လက်ဖက်ပင်ကို အပင်ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သောနည်းလမ်း

Published on

လက်ဖက်ပင်များဟာ အရှေ့နှင့်တောင် အာရှဒေသများနှင့် အကျွမ်းတ၀င်ရှိပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနှင့်တရုတ်ပြည်အနောက်တောင်ပိုင်းဒေသများစုံရာတွင် တွေ့ရှိနိုင်ပါတယ်။ လက်ဖက် C. sinensis ကိုတရုတ်လူမျိုးများသည်နှစ်ပေါင်း ၂၇၀၀ ကျော်ကြာအောင်စိုက်ပျိုးခဲ့ကြပါတယ်။ တရုတ်လူမျိုးများသည်လွန်ခဲ့သောနှစ်ပေါင်းများစွာကပင်လက်ဖက်ပင်နှင့်ယင်းတို့၏တန်ဖိုးကိုသိခဲ့ကြပြီးအရွက်များပြန့်ပွားမှုကိုဂရုတစိုက်ဖြင့်ပြုပြင်လျှင်အလွန်နှစ်သက်ဖွယ်ကောင်းသောသောက်စရာတစ်မျိုးဖြစ်ကြောင်းတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

မြန်မာလူမျိုးများ အမြတ်တနိုး စားသုံးသောအပင်လည်းဖြစ်ပါတယ်။ လက်ဖက်ကိုအစိုအနေနှင့်သော်လည်းကောင်း လက်ဖက်ခြောက်အချို အခါးအနေဖြင့်သော်လည်းကောင်း စားသုံးကြပါတယ်။

အသုံးပြုသည့်အစိတ်အပိုင်း- အစေ့

ပြုလုပ်နည်း

ပထမဦးစွာ လက်ဖက်သီးမှ အစေ့ကို ကောင်းမွန်ခြောက်သွေ့စွာလှန်းရပါမယ်။

ထို့နောက် ကြိတ်ခွဲကာ အစေ့ကို ခွာထုတ်ရပါမယ်။

ရရှိလာသော အစေ့ခွံကို အမှုန့်ကြိတ်၍ လယ်ယာမြေတွင် ကျရောက်သော ခရုများကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။

လက်ဖက်ဆီဖြင့် ပြုလုပ်ထားသော ဆပ်ပြာတစ်ဆလျှင် ရေအဆ ၁၀၀ နှင့် သမအောင် ရောစပ်ပြီး စုပ်ပိုးများ ပျပိုးများကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။

Click to comment

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်